Published 21 Nov 2021

တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့်ဆောက်လုပ်ပေးခဲ့တဲ့ မြန်မာနိုင်ငံရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၏ ပြုပြင်မွမ်းမံရေးစီမံကိန်းများကို ဆက်လက်​ဆောင်ရွက်​လျက်ရှိတယ်လို့

တရုတ်သံရုံးက ဒီက​နေ့ နိုဝင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

ရန်ကုန်မြို့၏ အချက်အချာနေရာတွင်တည်ရှိသည့် မြန်မာနိုင်ငံ အမျိုးသားဇာတ်ရုံ(ရန်ကုန်)သည် မြန်မာနိုင်ငံ၏ အကြီးဆုံးဇာတ်ရုံဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခဲ့တာပါ။

 

သို့​သော်လည်း နှစ်ကာလများကြာလာသည်နှင့်အမျှ ဇာတ်ရုံအတွင်းအပြင်မှ ပစ္စည်းစွမ်းဆောင်ရည်များ ယိုယွင်းလာပြီး စတိတ်စင်၊ မီးအလင်းအမှောင်စနစ်နှင့် အသံစနစ် စသည့်စက်ပစ္စည်းများ ဟောင်းနွမ်းလာခဲ့ပြီး မြန်မာနိုင်ငံ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံအစိုးရအ​နေနဲ့ ကျွမ်းကျင်သူပညာရှင်များ စေလွှတ်၍ အဆောက်အအုံ၏ မူလအသွင်သဏ္ဍာန် မပျောက်ပျက်စေရန် ထိန်းသိမ်းပြီး အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

အမျိုးသားဇာတ်ရုံ(ရန်ကုန်)ပြုပြင်မွမ်းမံရေးစီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပြုပြင်မွမ်းမံသည့်ဧရိယာမှာ ၁၀၃၄၈ စတုရန်းမီတာ ရှိ​ကြောင်း၊ ပြုပြင်မွမ်းမံမှုများမှာ ထိုင်ခုံ ၁၃၀၆ နေရာပါရှိသော အမျိုးသားဇာတ်ရုံ၏ ပင်မအဆောက်အအုံ၊ ပရိသတ်ခန်းမ၊ စတိတ်စင်နှင့် အလှပြင်ခန်း စသည့် တွဲဖက်အသုံးအဆောင်များနှင့် အပြင်ပိုင်းလုပ်ငန်းစဉ်အချို့ ပါဝင်ပါ​ကြောင်း သိရပါတယ်။

 

ဒါ့အပြင် အဆိုပါ အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံပြီးပါက မြန်မာနိုင်ငံ၏ အနုပညာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

နှင့် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု ပြန့်ပွားရေးတို့တွင် ပိုမိုအရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု ယုံကြည်​ကြောင်း တရုတ်သံရုံး၏ ဒီက​နေ့ ထုတ်ပြန်ချက်မှာ ​ဖော်ပြခဲ့ပါတယ်။

 

Photo - မြန်မာဆိုင်ရာ တရုတ်သံရုံး။