#LocalNews

Published - 20 Nov 2021  

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးဘေးရှိ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံး ဝင်/ထွက်ပေါက်၌ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ ဝင်များအား အမည်(စိစစ်ဆဲ) ကျား ၃ ဦး မောင်းနှင်လာသည့် Probox ယာဉ်ပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝန်ထမ်း ၁ ဦး၊ အပြစ်မဲ့ပြည်သူ ၁ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာများ အသီးသီး ရရှိခဲ့သည့် ဖြစ်စဉ်မှ ပါဝင်ဆောင်
ရွက်သူများကိုဖမ်းဆီးရမိတယ်လို့ နစကကထုတ်ပြန်လိုက်ပါတယ်။

 အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး  လုံခြုံရေးပူးပေါင်းအဖွဲ့က နိုဝင်ဘာလ၁၂ရက်တွင်အကြမ်းဖက်မှုဖြစ်စဉ်၌အသုံးပြုခဲ့သည့်Proboxယာဉ်အားငှားရမ်းပေးခဲ့သည့်ဟန်လင်းသိန်း(ခ)ရဲလင်းသိန်း(၄၀)နှစ်အားမင်္ဂလာဒုံမြို့နယ် ကုန်းတလဘောင်ကျေးရွာ မိုးမခလမ်းဆောင်းသဇင်အဆောင်၌လည်းကောင်း၊ ၎င်းယာဉ်အား ငှားရမ်းထားသည့် တင်ဇော်မြင့် (၂၉)နှစ်အားကမာရွတ်မြို့နယ်(၃)ရပ်ကွက်ပုလဲဂေဟာလမ်း၌လည်းကောင်းဖမ်းဆီးရမိခဲ့ကာတရားခံတင်ဇော်မြင့်၏ထွက်ဆိုချက်အရသန်းနိုင်(ခ)ဘဲဥ(၂၉)နှစ်၊ပြည့်စုံအောင်(ခ)အသေးလေး (၂၁)နှစ်နှင့် လွင်မိုး (၂၃)နှစ်တို ၃ ဦးအား ကမာရွတ်မြို့နယ် (၃)ရပ်ကွက် ဗဟိုလမ်းတွင် ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီးကမာရွတ်မြို့ နယ်(၃)ရပ်ကွက်ပတ္တမြားလမ်း (၆)လွှာအမှတ်(၁၇၂)၊(ဘီ)အခန်းအားဝင်ရောက်ရှာဖွေခဲ့ရာ ပစ်ခတ်မှုဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် M16 ၂ လက်၊ ကျည်အိမ် ၇ ခု၊ ၅.၅၆ ကျည် ၃၂၀ တောင့်၊ ကျည်ခွံ ၃၄ တောင့်၊ ၉ မမ ကျည် ၅၅ တောင့်၊ လမ်းလျှောက် စကားပြောစက် ၃ လုံး၊ အားသွင်းခုံ ၂ ခု၊ ဓာတ်ခဲ ၁၅ လုံး၊ လက်အိတ် ၁ စုံ တို့ အားလည်းကောင်း၊ ကမာရွတ်မြို့ နယ် (၃) ရပ်ကွက် ပတ္တမြားလမ်း တိုက်အမှတ် (၁၅၀) အခန်း(1/A)၌  ၉ မမ ကျည် ၂၀ တောင့်၊ ၅.၅၆ ကျည် ၂၀ တောင့်၊ ဒီတိုနေတာ ၅ ချောင်း၊ ဒီတိုနေတာကြိုးခွေ ၄ ခွေ၊ icom ဘတ္ထရီပတ် ၁၂ ခု၊ သံဘောစေ့ ၁၂ ဘူးပါ ၂၀ ကတ်၊ icom အထိုင်စက် ၄ လုံး၊ လမ်းလျှောက်စကားပြောစက် ၄ လုံးနှင့် ဖောက်ခွဲရေးပစ္စည်းများ ထည့်ထားသော ဂတ်စ်အိုး ၁ လုံး တိုအား သိမ်းဆည်းရမိခဲ့ပြီး ဂက်စ်အိုးအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ၅.၅၆ ကျည် ၄၈၀ တောင့်၊ ဒီတိုနေတာ ၂၀ ချောင်း၊ ယမ်းပြင်း ၃ ကီလိုဂရမ် တို့ အား ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၄ ရက်တွင် (Myanmar Underground RevolutionMovementMURM)အဖွဲ့မှဖမ်းဆီးရန်ကျန်တရားခံမမေ(ခ)မိုးသူခိုင်(ခ)မေသက်ခိုင်ငှားရမ်းနေထိုင်သည့် မြောက်ဒဂုံမြို့ နယ်သမာဓိလမ်းအမှတ်(၃၉/၂၉၉)အား ဝင်ရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်လုပ်ငန်းများနှင့် ဖောက်ခွဲရေးလုပ်ငန်းများတွင်အသုံးပြုသည့် ပွိင့် ၃၈၀ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်လုပ်ဗုံး ၃ လုံး၊ ဒီတိုနေတာ ၃ ခု၊ လက်လုပ်ယမ်း ၂၅ ထုပ်၊ ယမ်းကြိုးများ၊ လက်လုပ်ယမ်းမှုန့်(၃၀ ကျပ်သားခန့်) ၁ ထုပ်၊အက်စစ် ၅ ဂါလံ ၄ ပုံး၊ ဓါတုဗေဒသုံး ဖန်ပြွန်ချိန်ခွက် ၁၇ ခု၊ ဖန်ပြွန် ၄ ခု၊ ကြေးပိုက် ၁၅ ချောင်း၊ ပိုတက်ဆီယံ နိုက်ထရိတ် (၂၅ ကီလို) ၁ အိတ်၊ ဂက်စ်အိုး ၉ လုံး၊ ဝရိန်စက် ၁ လုံး၊ MPT ဆင်းကတ် ၃၀ ခု၊ Keypad ဖုန်း ၁၁ လုံး၊  မှတ်ပုံတင်အတု ၁၁ ခု၊ ဓာတ်ခဲပါ ရီမုမိုင်းခလုတ် ၂၀ ခု တိုအား ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၇ ရက်တွင် MURM အဖွဲ့မှ ၂ ဦးသည် အခြေအနေစောင့်ကြည့်ခြင်းများ ပြုလုပ်ပြီး တရားခံ သန်းနိုင်(ခ)ဘဲဥ၊ တင်ဇော်မြင့်တို ၂ ဦးသည် Probox (အဖြူ ရောင်)ဖြင့်လည်းကောင်း၊ ဝေယံထက်(ခ)သူရ၊ ရှမ်းလေးနှင့် ကိုရဲ နှင့် စိစစ်ဆဲ အမျိုးသား ၂ ဦး တို့ သည် Probox(ခဲရောင်)ဖြင့်လည်းကောင်း သွားရောက်၍ Probox (ခဲရောင်)ပေါ်မှ M-16 သေနတ် ၂ လက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  သန်းနိုင်(ခ)ဘဲဥ မှ လက်နက်/ခဲယမ်းများအား  ပြန်လည်သိမ်းယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ M 16 ၂ လက်၊ ကျည်အိမ် ၉ ခု၊ ၅.၅၆ ကျည် ၈၂၀ တောင့်၊ ပွိင့် ၃၈၀ ကျည် ၅၀ တောင့်၊ ကျည်ခွံ ၃၄ တောင့်၊ ၉ မမကျည် ၇၅ တောင့်၊ လက်လုပ်ဗုံး ၃ လုံး၊ ဒီတိုနေတာ ၂၈ ချောင်း၊ ဒီတိုနေတာကြိုးခွေ ၄ ခွေ၊ ယမ်းပြင်း ၃ ကီလိုဂရမ်ခန့်၊ သံဘောစေ့ ၁၂ ဘူးပါ ၂၀ ကတ်၊ လမ်းလျှောက် စကားပြောစက် ၇ လုံး၊ icom အထိုင်စက် ၄ လုံး၊ ဆေးမျိုးစုံနှင့် ဖောက်ခွဲရေးနှင့် ဆက်စပ်ပစ္စည်းများအား  ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။