#LocalNews

Published - 19 Nov 2021

ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံရေးဖြစ်စဥ်တွေကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့သိရပါတယ်။

နစကရဲ့ထုတ်ပြန်ချက်အရ ဖြစ်စဥ်တွေ တိုက်ခိုက်ခံရမှုတွေကြောင့် ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူ ၁၉၈ ဦးသေဆုံးခဲ့ပြီး ၁၄၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သေဆုံးမှုစာရင်းတွေအရ တိုင်းနှင့်ပြည်နယ် ၁၅ ခုမှ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၅ ဦး ဖြင့် အများဆုံး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ သေဆုံးမှုတွင် အုပ်ချုပ်ရေးမှူး ၄၉ ဦး၊ရာအိမ်မှူး ၄ ဦး၊ရပ်ကျေးစာရေး ၂ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးတွင် ၄၄ ဦးဖြင့် ဒုတိယအများဆုံးသေဆုံးပြီး ၄၂ ဦးဒဏ်ရာရရှိခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၀ ဦး နဲ့ တတိယအများဆုံးသေဆုံးပြီး ၃၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

#Yangon_Media_Group