Published 19 Nov 2021

 

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၁ သန်း လှူဒါန်းမယ်လို့နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။

 

ရန်ကုန်မြို့မှာMelia hotelမှာ ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဆာဆာကာဝါက အခုလို ပြောတာဖြစ်ပါတယ်။

 

''မြန်မာပြည်တွင်းမှာ ကိုဗစ်ကာကွယ်ဆေးလိုအပ်ချက်ရှိတယ်ဆိုတာကို ကျွန်တော်ကြားသိရပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေး အကြိမ်ရေ ၁ သန်းကို လှူဒါန်ပေးသွားမှာဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီထက်မက လှူဒါန်းသွားနိုင်အောင် ကြိုးစားသွားပါ့မယ်။ ဆေးတွေကို အတတ်နိုင်ဆုံး အမြန်ဆုံးရောက်ရှိအောင် ကြိုးစားသွားပါ့မယ်" လို့ ပြောဆိုခဲ့ပါတယ်။

 

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးတွေက်ု မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေတဆင့် လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်လို့သူကပြောပါတယ်။

 

ဒါပေမယ့် ဘယ်လိုကာကွယ်ဆေးတွေလှူဒါန်းမယ်ဆိုတာနှင့် အသေးစိတ်ကိုတော့ ထည့်သွင်းပြောကြားသွားခြင်းမရှိပါဘူး။

 

မြန်မာနိုင်ငံရဲ့ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လက်ရှိမှာ တရုတ်၊အိန္ဒိယနှင့် ရုရှားတို့က ကာကွယ်ဆေးတွေ လှုဒါန်းကူညီမှုတွေရှိပြီး တစ်ခါက မြန်မာနိုင်ငံကို အများအပြား ကူညီနေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံ အနေနှင့် အစိုးရကသော်လည်းကောင်း၊ဂျပန်လူမှုအဖွဲ့အစည်းတွေကသော်လည်းကောင်း ယနေ့တိုင် လှုဒါန်းခြင်းမရှိ သေး ပါဘူး။

 

မစ္စတာဆာဆာကာဝါကတိပေးခဲ့တဲ့ ကာကွယ်ဆေးတစ်သန်းကို သူဦးဆောင်တဲ့ အဖွဲ့အစည်းတွေကပေးမှာလား၊အခြား ဂျပန်လူမှုအဖွဲ့အစည်းတွေပါသေးလားဆိုတာလည်း သဲကွဲခြင်းမရှိသေးပါဘူး။