#LocalPolitics

Published _ 15 Nov 2021

မြန်မာနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ  နိုဝင်ဘာ ၁၅ ရက် နံနက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုသွားရောက်နေတယ်လို့သိရပါတယ်။

မစ္စတာဆာဆာကာဝါဟာ  ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်မျာနှင့်တွေ့ဆုံခဲ့ပြီးနောက် အလိုတော်ပြည့်လူမှုစောင့်ရှောက်ရေးစင်တာကို သွားရောက်ပြီး ကြည့်ရှုခဲ့ပါတယ်။

အဲဒီနောက် မစ္စတာဆာဆာကာဝါဟာ ရခိုင်နိုင်ငံရေးပါတီအချို့နှင့်တွေ့ဆုံဖို့ရှိနေကြောင်း သတင်းရရှိပါတယ်။