Published 14 Nov 2021

မြန်မာနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ ဟာ လာမဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ  ရှမ်းတိုင်းရင်းသားပါတီ SNLD ၊ရခိုင့်ဦးဆောင်ပါတီ ၊ ပြည်သူ့ပါတီ ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ စတဲ့ ပါတီတွေက ခေါင်းဆောင်ပိုင်းတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ ငြိမ်းချမ်းရေးကိစ္စ အဓိကဆွေးနွေးဖြစ်မယ်လို့ထင်တယ်လို့ သူနှင့်တွေ့ဆုံဖို့ရှိတဲ့ ရခိုင်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

အဲဒီသတင်းကို ရုပ်သံတင်ဆက်ထားပါတယ်။