Published - 21 Oct 2021

မီးပုံလေးတွေနဲ့ အလှဆင်တာဟာ သီတင်းကျွတ်ကာလရဲ့ ချစ်စရာ့ ပြယုဂ် တစ်ခုပါပဲ။

အိမ်တွေမှာချိတ်ဆွဲအလှဆင်တဲ့ မီးပုံးတွေ ရှိသလို အရုပ်ပုံစံအမျိုးမျိုးနဲ့ ကလေးတွေစိတ်ဝင်စားစရာကောင်းအောင်လုပ်ထားတဲ့ လက်တွန်းမီးပုံးလှည်းလေးတွေလည်း ရှိပါတယ်။

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြိုနယ်ထဲကဗားကရားချောက် ရိုးရာမီးပုံးလုပ်ငန်းဟာ မိရိုးဖလာ မီးပုံးလုပ်ငန်းလို လူသိများတဲ့ လုပ်ငန်းတစ်ခုပါ။ အဲဒီမိရိုးဖလာလုပ်ငန်းဟာ ခေတ်မီဆန်းပြားတဲ့ နည်းပညာအခြေခံအလှဆင်ပစ္စည်းတွေကြားမှာ ဇွဲရှိရှိနှင့်ရပ်တည်နေကြရတဲ့အကြောင်း တင်ဆက်ထားပါတယ်။