Published 18 October 2021

အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြမှုများတွင်ပါဝင်ခဲ့ပြီး အချုပ်ထောင်/အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ယနေ့ အောက်တိုဘာ ၁၈ရက်တွင်ကြေညာခဲ့ပြီးနောက် ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ယနေ့ညနေ၆နာရီခွဲခန့်တွင် စတင်၍လွှတ်ပေးခဲ့ရာ  ပြန်လည်လွတ်မြောက်လာသူများကို ယင်းတို့၏ ဆွေမျိုးသားချင်းများက အကျဉ်းထောင်ဝတွင် လာရောက်ကြိုဆိုကြသည်။ထို့နောက်နေရပ်အသီးသီးသို့ ဘတ်စ်ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးသည်ကိုမြင်တွေရသည်။(ရုပ်သံ)