Published 17 October 2021

မကွေးတိုင်း၊ ပွင့်ဖြူ မြို့တွင် ယမန်​နေ့ အောက်တိုဘာ ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းများတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့ရပြီး ရှေးဟောင်းသမိုင်း၀င် ကျောင်းတော်ရာစေတီ၏ထီးတော်မှာလည်းပျက်စီးခဲ့ကြောင်း သိရပါတယ်။

"လေပြင်းတိုက်​တဲ့အတွက် ထီးတော်အထက်ပိုင်း မဏ္ဍိုင်က အောက်ကို ကွေးညွှတ်သွားတယ်။ ဇရပ်အချို့အမိုးလန်တာလည်းရှိတယ်။ သစ်ပင်တွေလည်းပြို ၊လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တာရှိပါတယ်။"လို့ ​ကျောင်း​တော်ရာ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

​အောက်တိုဘာ ၁၆ ရက်တွင် မင်းဘူးခရိုင် အတွင်းရှိ ပွင့်ဖြူမြို့နယ် အတွင်းမှာ လေပြင်းများတိုက်ခတ်ပြီး မိုးကြီးလေထန်ခဲ့ကာ မုန်တိုင်းဒါဏ်ကြောင့် မြစ်ဧရာ အနောက်ဘက်ခြမ်းတွင်သစ်ပင် အတော်များများလဲပြိုခဲ့သလို လျှပ်စစ်မီးများလည်းပြတ်တောက်ခဲ့ကာ ​နေအိမ် အချို့လည်း အမိုးလန်ပျက်စီးမှု​တွေ ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်၊ကျောင်းတော်ရာဒေသရှိ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ထီးတော်အသစ်ကိုလည်း ၂၀၁၉ ခုနှစ်က တင်လှူပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။