🛑 အလုပ်အကိုင်ရှာဖွေရေးဖေ့စ်ဘုတ်ခ်အွန်လိုင်းဂရု(ပ်)တွေကတစ်ဆင့်လိမ်လည်မှုများရှိနေ

🛑ဒေါ်လာသောင်းချီလိမ်လည်မှုတစ်ခုဖြစ်ပွားခဲ့

 

Published 17 October 2021

လက်ရှိကာလတွင် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုကို အ​ကြောင်းပြုပြီး ပြည်ပတွင် အလုပ်အကိုင် အပူတပြင်း လိုချင်သူများကို အဓိက ပစ်မှတ်ထား၍ ​လူ​​ခေါ်အေးဂျင့် အချို့ကအွန်လိုင်းမှတစ်ဆင့် ငွေ​ကြေး လိမ်လည်မှုများရှိနေ​ကြောင်း သိရပါတယ်။

မကြာ​သေးခင် ရက်ပိုင်းအတွင်းကလည်း စင်ကာပူနိုင်ငံတွင် အလုပ်အကိုင်ရမည်ဟု ဆိုကာ လူ​​​ခေါ် အေးဂျင့်တစ်ဦးက အလုပ်ရှာ​ဖွေသူများထံမှ ဒေါ်လာသောင်းချီ လိမ်​လည်ကာ ထွက်ပြေးတိမ်း​ရှောင်သွားခဲ့ပြီး စင်ကာပူနိုင်ငံတွင်​နေထိုင်သည့် မြန်မာအလုပ်သမား ၁၅ ဦး အပါအဝင် မြန်မာနိုင်ငံသားအများအပြား လိမ်လည်ခံလိုက်ရ​ကြောင်း သိရပါတယ်။

အဆိုပါလိမ်လည်သူ လူ​ခေါ်​အေးဂျင့်က လူမှုကွန်ရက်ပေါ် ရှိ စင်ကာပူ အလုပ်အကိုင်ရှာ​ဖွေ​ရေးဂရု(ပ်)များနှင့် ၄င်း၏ ကိုယ်ပိုင်​အ​ကောင့်များဖြစ်သည့် Htet Phyo ​အေဂျင်စီ ,Ei Mon Phyo အမည်ရှိ ဖေ့ဘုတ်အ​ကောင့်များက​နေ စင်ကာပူနိုင်ငံတွင် အလုပ်ရရှိမည်ဟုဆိုကာ အလုပ်​ခေါ်စာများတင်ခဲ့ပြီး​နောက် ၄င်းတို့ကို ယုံကြည်၍ အလုပ်အပ်နှံသူများထံမှ ​ဒေါ်လာ​ ​သောင်းချီ လိမ်လည်ရယူပြီး ထွက်​ပြေးတိမ်း​ရှောင် သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ညီမအပါအဝင် လူ ၁၅ ​ယောက်ကို Spass တင်​ပေးမယ်ဆိုပြီး လိမ်သွားတာပါ။

လူတစ်​ယောက်ကို စင်ကာပူ​ဒေါ်လာ တစ်​ထောင်နှုန်းနဲ့ပါ။ ညီမတို့ကို IPA အလုပ်​ခေါ်စာ ဒီလ ၁၄ ရက်​နေ့မှာ ကျမယ်ဆိုပြီး​တော့ လိမ်သွားတာပါ။ ညီမတို့က အခုလက်ရှိ စင်ကာပူမှာ ​နေထိုင် အလုပ်လုပ်​နေတဲ့သူ​တွေပါ။ ​ပြောရရင် ညီမတို့က Work Permit က​နေ Spass ​ပြောင်းတာ​ပေါ့။ အဲ့ဒါကို လိမ်သွားတာပါ။ ညီမသိရ သ​လောက်ဆို ညီမတို့ သူငယ်ချင်း ၅ ​ယောက်ရယ်၊ မြန်မာဘက်က လူ ၁၁ ​ယောက်ရယ်ကို လိမ်သွားတာ သူတို့တင်တဲ့ အလုပ်​ခေါ်စာ​တွေကလည်း အတု​တွေပါ။ ​ဒေါ်လာ ​သောင်းကျော် လိမ်သွားတာ ​တော်​တော်များများပါသွားကြတယ်။ သူတို့​နေတဲ့ ​ရုံးဖွင့်ထားတဲ့ ရွှေ​ပေါက်က္ကံတို့ အ​ရှေ့ ဒဂုံတို့ အိမ်​တွေကို လူလွတ်ပြီးသွားကြည့်ခိုင်း​တော့ ဘာမှ မရှိတော့ဘူး။ ​နေ့ချင်း၊ညချင်း​ပြောင်းတာ အကိုတစ်​ယောက်ဆို သူ့အိမ်​ပေါင်ပြီးသွားဖို့ လုပ်​တာ အဲ့အကိုပါ အလိမ်ခံလိုက်ရတယ်။ အဲ့လူလိမ်​တွေ​နောက် သူရဲ့ ပတ်စပို့စ်​တွေ​ရော ကားလိုင်စင်​တွေ​ရော ပါသွားတယ်လို့ သိရပါတယ်။ ညီမက​တော့ သူတို့နဲ့ဆို မလုပ်ဖို့ပဲ ​ပြောချင်ပါတယ်။"လို့ ​ငွေ​ကြေးလိမ်လည်ခံရသူ စင်ကာပူနိုင်ငံတွင် ​နေထိုင်သည့် မတုံတုံ(အမည်လွဲ)က ​ပြောပြခဲ့ပါတယ်။

ပြည်ပ အလုပ်အကိုင်ရှာ​ဖွေ​ရေး ဂရု​တွေရဲ့အချက်အလက်​များ အရ ယခုကာလအတွင်းမှာ ​ငွေ​ကြေးလိမ်လည်ခံရသူများ အလွန်များပြား​နေတယ်လို့လည်း သိရပါတယ်။

"ညီမအ​ဒေါ်က စင်ကာပူမှာ​နေ​တော့ သူက မလုပ်နဲ့အုံး၊ မလာနဲ့အုံးဆိုလို့ ညီမလည်း ဒီအတိုင်း​နေလိုက်တာ အဲ့​ကြောင့် အလိမ်ခံတဲ့ အထဲမပါသွားတာပါ။ ဒီလိုခက်ခဲ​နေတဲ့ ကာလမှာ လုပ်ရက်လိုက်ကြတာ သွားတဲ့သူ​တွေကလည်း အဆင်​ပြေလို့ သွားကြတာမဟုတ်ဘူး​လေ၊ ရှိတာ​လေး ​ပေါင်နှံ​ရောင်းချပြီးသွားကြရတာ​ပါ။"လို့ မဖြူဖြူ (အမည်လွဲ)က ​ပြောပြခဲ့ပါတယ်။

လက်ရှိကာလတွင် ပြည်ပကို ထွက်ခွာ အလုပ် လုပ်ကိုင်လိုသူများအ​နေနဲ့ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနများ အပါအဝင် သက်ဆိုင်ရာ သံရုံး​တွေကို ဆက်သွယ်လုပ်ကိုင်သင့်​ကြောင်း၊ ပြည်ပနိုင်ငံများရှိ လူခံ​များထံသို့အရင်ဆက်သွယ်ပြီး အလုပ်မှန်ကန်မှု ရှိ၊မရှိ ​ပို့​ဆောင်​ပေးသည့် အေးဂျင့်များကအလုပ်​ပေးနိုင်မှု ရှိ၊မရှိနှင့် လိုင်စင်(မှတ်ပုံတင်)တင်ထားသည့် တရားဝင် ​အေးဂျင့် ဖြစ်၊မဖြစ်တို့ကို တို့ကို ​သေချာ​လေ့လာ စုံစမ်းပြီးမှသာ သွားလာသင့်တယ်လို့လည်း စင်ကာပူ​နိုင်ငံရောက် မြန်မာနိုင်ငံသားများက အကြံပြုထားပါတယ်။

"စင်ကာပူက လုံးဝကိုအဝင်ပိတ်ထားတာပါ။ လာလို့ မရ​သေးပါဘူး။ သူတို့က အဝင်မခံပါဘူး။ Spass ​ရော Work Permit ​ရော ဘာနဲ့လာလာ မရပါဘူး။ အဝင်​တွေပိတ်ထားပါ​သေးတယ်။ တချို့တ​လေ သက်ကြီးရွယ်အိုတို့ ဘိုးဘွား​စောင့်​​​ရှောက်ခွင့်နဲ့ လာမယ့်သူ​တွေကို​တော့ ကျန်းမာ​ရေးပိုင်းဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် သူတို့နိုင်ငံရဲ့ လိုအပ်ချက်အရ တစ်ဦးစ၊ နှစ်ဦးစ​လောက် သာဝင်ခွင့်ပြု​နေတာပါ။ အစားအ​သောက် ​လေယာဥ်​တွေက လွဲပြီး လူ​တွေ အလုပ်သမား​တွေကို ဝင်ခွင့်မပြု​​သေးပါဘူး​​။" လို့ စင်ကာပူတွင် ​နေထိုင် အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား တစ်ဦးက ယခုလို ရှင်းပြ​ပေးခဲ့ပါတယ်။

စင်ကာပူနိုင်ငံဘက်က ကိုဗစ် ၁၉ ​​ရောဂါ ကာကွယ်၊ထိန်းချုပ်​ရေး အတွက် လက်ရှိကာလတွင် လူဝင်​ရောက်မှုကို လုံးဝ ပိတ်ပင်ထားပြီး ​ရောဂါဖြစ်ပွားမှုနှုန်းများ​နေသည့် မြန်မာ၊ဘဂ်လား​ဒေ့ရှ်၊နီပေါ၊ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှ လာရောက်မည့်သူများကို ပြည်ဝင်ခွင့် မပြု​သေးဘဲ ကန့်သတ် ပိတ်ပင်မှု​​တွေကို ပြုလုပ်ထားတာဖြစ်ပါတယ်။