နေပြည်တော် ဩဂုတ်၁၉

ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးတွေနှင့် ဆေးပစ္စည်းတွေကို လှုဒါန်းပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှာ ကျင်းပခဲ့ပါတယ်။

ကမ္ဘောဒီးယားကနေ ဆေးဝါးနှင့်ဆေးပစ္စည်းတွေသယ်ဆောင်လာတဲ့ အထူးလေယာဉ်နှင့်အတူလိုက်ပါလာခဲ့တဲ့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး ပါမောက္ခ မန်ဘမ်ဟိုင်းက နေပြည်တော် နိုင်ငံတကာလေဆိပ်မှာ ကျင်းပတဲ့ အဲဒီအခမ်းအနားမှာ လှုဒါန်း ရတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပြီးနောက် မြန်မာ နစက ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းထံ အဲဒီပစ္စည်းတွေကို လှုဒါန်းခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် သွေးစည်မှုအဖြစ် ကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံအတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူအညီရန်ပုံငွေထဲကို ဒေါ်လာတစ်သိန်းလှူဒါန်းဖို့ ကတိပြုခဲ့ပြီး ယခုကမ္ဘောဒီးယားတော်ဝင်အစိုးရက ဒေါ်လာနှစ်သိန်းကို ငွေသားဖြင့် မြန်မာနိုင်ငံကို တိုက်ရိုက်လှုဒါန်းလိုပါတယ် လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြောင်း ဖနွမ်းပင်ပို့စ် သတင်းစာက ဩဂုတ်၁၇ရက်က ရေးသားခဲ့ပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံအတွက် Maskသုံးသန်း၊ Rapid test kit ငါးသိန်း၊ PPE အစုံ ၂၀၀၀၊ Oxygen Concentrator စက် ၁၀၀ Ventilator အခု ၂၀၊ တွဲဖက်ပစ္စည်းအပါအဝင် patient monitoring stations အခု၂၀ တို့ကိုလည်း ဆက်လက်လှုဒါန်းဦးမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်ကပြောကြောင်းနှင့်

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး မမ်ဘန်ဟန်ဟာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အဲဒီလှုဒါန်းမှုတွေကို သွားရောက်ပေး အပ်မယ်။အဲဒါကြောင့် မြန်မာနိုင်ငံကို အထူးလေယာဉ်ပျံဖြင့်လာရောက်ဖို့ စီစဉ်နေတယ်လို့လည်း ပြောဆိုကြောင်း ဖနွမ်းပင်ပို့စ်က ဒီခရီးစဉ်မတိုင်ခင် သတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။