Published 18 August 2021
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် က မြန်မာနိုင်ငံမှာ ဆေးဝါးဆိုင်ရာ အထောက်အကူပစ္စည်းတွေ ဝယ်ယူဖို့အတွက် အမေရိကန် ဒေါ်လာ နှစ်သိန်း လှုဒါန်းမှာဖြစ်ပြီး အဲဒီလှုဒါန်းမှုဟာ ကမ္ဘောဒီးယားနှင့် မြန်မာပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သွေးစည်းမှု စိတ်ဓာတ်နှင့် ဆောင်ရွက်တာဖြစ်တယ်လို့ ဖနွမ်းပင်ပို့စ်သတင်းစာက ဩဂုတ်၁၇ ရက် ရေးသားလိုက်ပါတယ်။
 
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဩဂုတ် ၁၇ ရက်စွဲဖြင့် ရေးသားပေးပို့တဲ့စာထဲမှာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးကြိုပမ်းအားထုတ်မှုတွေကို ထိန်းချိုပ်နိုင်အောင် စတင်ကတည်းက အပြင်းအထန်ကြိုးစားဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုတွေကို သူ့အနေနှင့် အနီးကပ်လေ့လာစောင့်ကြည့်နေပါတယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောထားတယ်လို့ ဖနွမ်းပင်ပို့စ်မှာ ဖော်ပြထားပါတယ်။
 
နှစ်နိုင်င့အကြားချစ်ကြည်ရင်းနှီးမှုနှင့် သွေးစည်မှုအဖြစ် ကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံအတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူအညီရန်ပုံငွေထဲကို ဒေါ်လာတစ်သိန်းလှူဒါန်းဖို့ ကတိပြုခဲ့ပြီး ယခုကမ္ဘောဒီးယားတော်ဝင်အစိုးရက ဒေါ်လာနှစ်သိန်းကို ငွေသားဖြင့် မြန်မာနိုင်ငံကို တိုက်ရိုက်လှုဒါန်းလိုပါတယ် လို့ ဟွန်ဆန်က ပြောပါတယ်။
 
အဲဒီအပြင် မြန်မာနိုင်ငံအတွက် Maskသုံးသန်း၊ Rapid test kit ငါးသိန်း၊ PPE အစုံ ၂၀၀၀၊ Oxygen Concentrator စက် ၁၀၀ Ventilator အခု ၂၀၊ တွဲဖက်ပစ္စည်းအပါအဝင် patient monitoring stations အခု၂၀ တို့ကိုလည်း ဆက်လက်လှုဒါန်းဦးမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်ကပြောပါတယ်။
 
ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး မမ်ဘန်ဟန်ဟာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အဲဒီလှုဒါန်းမှုတွေကို သွားရောက်ပေး အပ်မယ်။အဲဒါကြောင့် မြန်မာနိုင်ငံကို အထူးလေယာဉ်ပျံဖြင့်လာရောက်ဖို့ စီစဉ်နေတယ်လို့လည်း သူကပြောပါတယ်။
 
“ ကျွန်တော်တို့ရဲ့ ပူးတွဲအားထုတ်မှုတွေက ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဘေးကို ကျော်လွှားနိုင်ပြီး ကျွန်တော်တို့အတူတကွ အန္တရာယ်တွေက ကျော်လွှားနိုင်မယ်လို့ သူ ခိုင်ခိုင်မာမာယုံကြည်တယ်လို့လည်း ဟွန်ဆန်က ပြောပါတယ်။
 
ကမ္ဘောဒီးယား အင်စတီကျုဖော် ဒီမိုကရေစီရဲ့ ဥက္ကဋ္ဌ ပချန်နရွန်က သူ့အနေနှင့် ဒီလှုဒါန်းမှုဟာ နှစ်နိုင်ငံအကြား ဆက်ဆံမှုကို ခိုင်မြဲစေတဲ့အလုပ်ဖြစ်ပေမယ့် အခြားနိုင်ငံတွေကို မပေးခင် ကမ္ဘောဒီးယားအနေနှင့် မိမိပြည်တွင်းလိုအပ်ချက်နှင့် အရင်းအမြစ်အကန့်အသတ်တွေကို အရင်ကြည့်သင့်တယ်လို့ ပြောပါတယ်။
 
“ ကိုဗစ်-၁၉ ကာကွယ်ဖို့ ကျွန်တော်တို့လူတွေဆီမှာ အရင်းအမြစ်တွေ လုံလောက်နေပြီလားဆိုတာ အရေးကြီးတဲ့မေးခွန်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအကျပ်အတည်းကာလမှာ အခြားနိုင်ငံတွေက လူတွေကို ကူညီခြင်းဖြင့် ကမ္ဘောဒီးယားပြည်သူတွေရဲ့ ကြီးမားတဲ့ နှလုံးသားကိုပြသခြင်းနှင့်တော့ ချိန်ညှိယူရမှာပဲ” လို့ သူကဖြည့်စွက်ပြောတယ်လို့ ဖနွမ်းပင်ပို့စ်တ သတင်းစာကရေးသားလိုက်ပါတယ်။
Source: The Phnom Penh Post