Published-29 July 2021
ကိုဗစ်-၁၉ ဆိုင်ရာကိစ္စရပ်များအတွက် ဘဏ်များတွင် ကန့်သတ်ပမာဏထက်ကျော်လွန်ပြီး ငွေထုတ်ခွင့်ပြုရန် ဗဟိုဘဏ်က ဘဏ်များအားလုံးကို ညွှန်ကြားချက်တစ်ရပ် ဇူလိုင်၂၈ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
“ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ကူးစက်ပျံ့နှံ့မှုမြန်ဆန်သော ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ အများပြည်သူ ကိုဗစ်-၁၉ ရောဂါကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ၊အောက်ဆီဂျင်၊Oxygen Plantနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူရန် နှင့် ဆေးရုံ၊ဆေးခန်းနှင့် Quarantine Center များအတွက် အသုံစရိတ်များ ကျခံသုံးစွဲရန် ခိုင်လုံသည့် အထောက်အထားများ ဖြင့်တင်ပြလာပါက သေချာစွာစိစစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းပါစာဖြင့် “ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံးကျပ်သိန်း(၂၀)နှင့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံးကျပ်သိန်း(၂၀၀)” သတ်မှတ်ချက်ထက် ကျော်လွန်၍ မိမိဘဏ်၏ မူဝါဒအတိုင်း ငွေသားလက်ကျန်အပေါ် မူတည်ပြီး ငွေထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန် အကြောင်းကြားပါသည်” လို့ ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။