ရန်ကုန်မြို့မှာရှိတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းမှာ Showပွဲတွေ ၊ဖျော်ဖြေတင်ဆက်တာတွေအပြင်၊ကျောင်းသုံးနဲ့အိမ်သုံးပစ္စည်းတွေပါ ရောင်းချပေးမယ့် Happy Monsoon & Back to School ပွဲတော်ကို သုံးရက်တိုင်တိုင်ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #ပွဲတော်ကိုသုံးရက်တိုင်တိုင်ကျင်းပ
Published 13 May 2025
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်က ဂန္ဓမာပန်းမျိုးစိတ် အမှုန့်လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၂သန်းကျော်နဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံဖို့ လျှောက်ထားလာတယ်လို့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက သိရပါတယ်။
#Local_News
#ရှမ်းပြည်နယ်ကဂန္ဓမာပန်းမျိုးစိတ် #နိုင်ငံခြားရင်းနှီးမြုပ်နှံဖို့ လျှောက်ထား
Published 13 May 2025
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 May 2025
▪️ ယနေ့ မနက်အစောပိုင်း၌ ပြင်ဦးလွင်အနီးအပါအဝင်ဒေသသုံးခု၌ မြေငလျင်ငယ် လေးကြိမ် လှုပ်ခတ် ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာမှ သိရသည်။
▪️ ထိုသို့လှုပ်ခတ်ရာတွင် ယနေ့မနက် မြန်မာစံတော်ချိန် ၀၀:၅၄ နာရီအချိန်က မန္တလေးမြို့မှအရှေ့တောင်ဘက်၊ ကျောက်ဆည်အရှေ့မြောက်ဘက် ၁၆ မိုင်ကျော်၊ စဉ့်ကိုင်အရှေ့ဘက် ၁၄ မိုင်အကွာ မြေအောက်ဒေသအနက် ၆ မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၃.၉ အဆင့်မြေငလျင်ငယ် လှုပ်ရှားခဲ့ကြောင်း ၊ယင်းမြေငလျင်ငယ်လှုပ်ရှားမှုကြောင့် မန္တလေးမြို့မှာ light shake မြေတုန်ခါမှုများစွာ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့မနက် မြန်မာစံတော်ချိန် ၂နာရီ၂၃ မိနစ် အချိန်က မဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ အနောက်တောင်ဘက်ပိုင်း ၇ မိုင်ကျော်အကွာက အုတ်တွင်းအနီး မြေအောက်ဒေသအနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၂.၉ နှင့် ၂.၈ အဆင့်မြေငလျင်ငယ် ၂ ကြိမ် ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီ၅၁ မိနစ် အချိန်က မန္တလေးမြို့မှအရှေ့ဘက်၊ ကျောက်ဆည်အရှေ့မြောက်ဘက် ၂၂ မိုင်ကျော်၊ ပြင်ဦးလွင်မြို့မှအနောက်တောင်ဘက် ၁၆ မိုင်အကွာ ရတနာပုံနည်းပညာမြို့သစ်အနီး မြေအောက်ဒေသအနက် ၆ မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၃.၈ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 13 May 2025
▪️ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ပြုလုပ်နေသည့်သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပွဲ၌ တစ်ရက်လျှင် ဘိလပ်မြေ အိတ်တစ်သောင်းရောင်းချပေးနေကြောင်း MAX CEMENTမှ သိရသည်။
▪️ အဆိုပါ ရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ မေ ၁၂ ရက်မှ ၁၈ ရက်အထိ ငလျင်ဘေးသင့်ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးနေခြင်းဖြစ်သည်။
▪️ 'တစ်ရက်ကို ဘိလပ်မြေအိတ်တစ်သောင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။ လာရောက်ဝယ်ယူသူတွေ အဆင်ပြေစေဖို့ ငွေသွင်းပြီးတာနဲ့ ပစ္စည်းကို တစ်ခါတည်းထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဈေးပွဲတော်ကာလအတွင်း စက်ရုံဈေးနှုန်းအတိုင်း တစ်အိတ်ကို ငွေကျပ် ၁၉၅၀၀ နှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် နေပြည်တော် Max Showroom မှာလည်း ဆက်တိုက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်' ဟု MAX CEMENTမှ အထွေထွေမန်နေဂျာ မစန်းသော်တာလတ် ကပြောသည်။
▪️ မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
▪️ အဆိုပါ ပွဲတော်ကို UMFCCI၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 12 May 2025
၁။ မြန်မာနိုင်ငံနှင့်အေးအတူပူအမျှ အနာဂတ်အသိုက်အဝန်းကို နက်ရှိုင်းစွာ တည်ဆောက်မယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပြောကြား
၂။ မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉)ထပ်ဆောင်ပြန်လည်ဖွင့်နိုင်ပြီ
၃။ စားအုန်းဆီရည်ညွှန်းဈေးတစ်ပိသာကို ၈၀ကျပ်အထိကျဆင်း
၄။ ပန်းစိုက်ပျိုးရေးလုပ်ငန်းဖြင့် တရုတ်ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးလာစေကာ လူငယ်လူရွယ်များနေရပ်ပြန်ရောက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သံ၊ သံမဏိ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို သက်သာတဲ့စျေးနှုန်းတွေနဲ့ ရောင်းချပေးမယ့်စျေးပွဲတော်ကို နေပြည်တော်မှာ ယနေ့စတင် ကျင်းပနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 12 May 2025
#ဈေးရောင်းပွဲတော်စတင် #ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်း ၉၈မိုင်၊ နဂါးညီနောင်ကျောင်းတိုက်ရှိသဒ္ဓိအောင် နဂါးမင်းစေတီတော်ဌာပနာပိတ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၇ ခု ကဆုန်လပြည့်နေ့က ပရိတ်ချည်မျှင် ရေဆူဆရာတော်ဒေါက်တာဘဒ္ဒန္တ အာဒိစ္စဝံသ (ဘတ်ဒန်ဒအာဒိတ်စဝန်သ) ဆရာတော်ကြီးကိုယ်တိုင် ဌာပနာပိတ်ပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 12 May 2025
#သဒ္ဓိအောင်နဂါးမင်းစေတီတော် #ရေဆူဆရာတော်
#YMG/NN #Yangon_Times
Page 1 of 1975