ဒီကနေ့မှာ ရွှေပြင်ပပေါက်ဈေးနှုန်းအခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၆၄သိန်းအထိရှိလာပြီး တစ်ပတ်တာအတွင်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၈ သိန်းအထိ ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။
#Local_News
Published 10 September 2024
#ရွှေပြင်ပပေါက်ဈေး #ရွှေဈေးကျဆင်း
#YMG/NN #Yangon_Times
မြဝတီမြို့မှာ သောင်ရင်းမြစ်ရေမြင့်တက်နေပြီး မိုးဆက်လက်ရွာသွန်းပါက ဒီကနေ့ညနေပိုင်းမှာ မြစ်နဲ့နီးတဲ့နေအိမ်အားလုံးရေမြုပ်သွားနိုင်သလို မဒေါက်မြို့မှာလည်းစစ်တောင်းမြစ်ရေတက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 10 September 2024
#သောင်ရင်းမြစ်ရေကြီး #စစ်တောင်းမြစ်ရေတက်
#YMG/tthl #Yangon_Times
#Local_News
Published 10 September 2024
▪️ ပြီးခဲ့တဲ့ ဩဂုတ်လအတွက် စေလွှတ်ထားသည့်အလုပ်သမားစာရင်းမပေးပို့သေးသည့် အေဂျင်စီ ၅၀ ကို သတိပေးလိုက်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ သိရသည်။
▪️ ထို့အပြင် ပြည်ပကိုစေလွှတ်ထားသည့်အလုပ်သမားများ၏ စာရင်းမပေးပို့သေးသည့် အေဂျင်စီ၅၀အနေဖြင့် ပေးပို့ရန်ပျက်ကွက်ပါက စေလွှတ်ခွင့်ဆိုင်းငံ့မည့်အပြင်ဒဏ်ကြေးပါဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို ယခုလ ၅ရက်နေ့မတိုင်ခင် ယခင်လကစေလွှတ်ခဲ့သည့် အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များ ပေးပို့ရမည်ဖြစ်ကြောင်း ယခုနှစ်လယ်ပိုင်းမှစတင်၍ ညွန်ကြားထားခြင်းဖြစ်ကာ အေဂျင်စီများအနေဖြင့် သြဂုတ်လအတွက်စေလွှတ်အလုပ်သမားစာရင်းကို မပေးပို့သေးသည့်အတွက် သတိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် နှစ်စက်တင်ဘာလမှ ဒီဇင်ဘာလအထိ စေလွှတ်အလုပ်သမား၏ မိသားစုဆီလွှဲပို့ငွေအထောက်အထားမတင်ပြနိုင်သည့် အေဂျင်စီ ၇၉ခုကို စေလွှတ်ခွင့်ဆိုင်းငံ့ထားသကဲ့သို့ အလုပ်ခေါ်စာ အသစ်တင်ခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် အေဂျင်စီ ၆၇ခုကိုလည်း လွှဲပို့ငွေအထောက်အထားသတ်မှတ်ရာခိုင်နှုန်းပြည့်အောင်မတင်ပြနိုင်သည့်အတွက် အလုပ်ခေါ်စာအသစ်တင်ပြခွင့်ဆိုင်းငံ့ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 September 2024
▪️ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ္ဘာအေးဘုရားလမ်းမတွင် ယနေ့တွင် သစ်ပင်လဲကျမှုဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၁၀ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမတွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကားလမ်းကြပ်တည်းမှုယာယီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 September 2024
▪️ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "ချောင်ချောင်"ရွှေဆိုင်ပိုင်ရှင်၏နေအိမ်၌ ဓားပြတိုက်လုယက်ခံရမှု ယနေ့စက်တင်ဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင်ဖြစ်ပွားခဲ့ရာ ရွှေ ၁၀ ပိဿာကျော်ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။
▪️ အဆိုပါ ဓားပြတိုက်ခံရသည့်နေအိမ်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၌ရှိပြီး ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၌ဖွင့်လှစ်ထားသော"ချောင်ချောင်" ရွှေဆိုင်သို့သွားရောက်ရန်ပြင်ဆင်နေချိန် အမည်မသိအမျိုးသားများရောက်ရှိလာကာ ရွှေ ၁၀ ပိဿာကျော်နှင့် ငွေသားသိန်း ၁၀၀၀ ခန့် ဓားပြတိုက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိဘဲ လက်ရှိတွင် အမှုဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။
▪️ ဖြစ်စဉ်မှာ ယင်းရွှေဆိုင်ပိုင်ရှင်နေအိမ်သို့ အမည်မသိအမျိုးသားခုနစ်ဦးမှ 3J/8313၊ ADVAN(ခဲရောင်) ကားဖြင့်ရောက်ရှိလာပြီး ဓားပြတိုက်လုယက်ကာ ၇၁ လမ်းအတိုင်း မြောက်ဘက်မှတောင်ဘက်သို့မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိတွင် ဓားပြတိုက်သွားသည့် ကျူးလွန်သူများကိုဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
▪️ မန္တလေးမြို့တွင် ယခုနှစ်ပိုင်းအတွင်း ပေါ်ဦး"ရွှေဆိုင်၊ "အောင်"ရွှေဆိုင်တို့အပါအဝင် ရွှေဆိုင်အချို့ ဓ-ားပြတိုက် လုယက်ခံရမှုများဖြစ်ပွားခဲ့သည့်အပြင် ပြီးခဲ့သည့် မေ ၃၁ ရက် မွန်းလွဲပိုင်းတွင်လည်း မဟာအောင်မြေမြို့နယ်၊ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ဆယ်သန်းရွှေဆိုင်ဓားပြတိုက်ခံခဲ့ရပြီး ရွှေလက်ကောက်၊ ရွှေဆွဲပြားများနှင့် ရွှေဆွဲကြိုး စုစုပေါင်းအလေးချိန် ရွှေနှစ်ပိဿာခန့်လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 09 September 2024
၁။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ EV ကားအားသွင်း Station(၂၀)ခုဖွင့်လှစ်နိုင်ပြီဖြစ်
၂။ အိန္ဒိယ၌ပြုလုပ်မည့် U-21 မြင်းစီးတန်းခုန် ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းစစ်ပြိုင်ပွဲ၌ တစ်ဦးစကာတင်ရွေးချယ်ခဲ့
၃။ တောင်သူထုတ်ရောင်းမှုများလာခြင်းနှင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်းကြောင့် ကြက်သွန်နီ ဈေးအကျပိုင်းရောက်နေ
၄။ ဆန်ဖရန်ဆစ္စကိုမြို့ ပြန်လည်စည်ကားစေရန် စီးပွားရေးလုပ်ငန်းများအတွက် မြို့လယ်တွင် နေရာလွတ်များ အခမဲ့ငှားရမ်းခြင်းများလုပ်လာရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 09 September 2024
▪️ မြန်မာ့လက်ရွေးစင်အသင်းအတွက် နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးကစားသမားဟောင်းဦးမျိုးလှိုင်ဝင်းကို ယခုစက်တင်ဘာလမှ စတင်ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ်ဟောင်း ဂျာမန်လူမျိုး၊ MICHAEL FEICHTENBEINER ၏နေရာတွင် တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။
▪️ ဦးမျိုးလှိုင်ဝင်းသည် ကစားသမားဘဝတွင်မြန်မာဘောလုံးအသင်း၏ဂိုးသွင်းအများဆုံးတိုက်စစ်မှူးဖြစ်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်၌ ကစားသမားဘဝ အနားယူခဲ့သည်။
▪️ ပြည်တွင်း အမှတ်ပေးပွဲများတွင် လည်းကောင်း၊ မလေးရှားလိဂ်၊ ထိုင်းလိဂ်တို့တွင်လည်းကောင်း ပရော်ဖက်ရှင်နယ်အဖြစ် သွားရောက်ကစားခဲ့ပြီး အာဆီယံဒေသတွင်း ထင်ရှားသည့် ကစားသမား တစ်ဦးဖြစ်ခဲ့သည်။
▪️ ၂၀၀၇ ခုနှစ်တွင် နည်းပြအဖြစ် အဲပုဂံအသင်းနှင့်အတူ စတင်ခဲ့ပြီး သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအား တာဝန်ယူခဲ့ပြီး ကစား သမား ဘဝတွင်လည်းကောင်း၊ နည်းပြဘဝတွင်လည်းကောင်း အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။
▪️ မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြ ဦးမျိုးလှိုင်ဝင်း၏ဦးဆောင်မှုနဲ့ နည်းပြ/အုပ်ချုပ်အဖွဲ့ကို ဖွဲ့စည်းပြီးတာနှင့်စင်ကာပူ၊ လက်ဘနွန် အစရှိသည့် လက်ရွေးစင်အသင်းများအပါအဝင် ဖီဖာနိုင်ငံ တကာ ခြေစမ်းပွဲများကို ဦးစွာယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
▪️ ယင်းနောက် AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ အိမ်ကွင်း/အဝေးကွင်း အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၂၀၂၅ ခုနှစ်မတ်လမှ စတင်ကာ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်များ၊ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲများ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Page 143 of 1867