#Local_News
Published _ 26 October 2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းတွေ အတက်အကျအနည်းငယ်နဲ့ ငြိမ်သက်မှုမရှိနေပဲ ပုံမှန်ဈေးတန်းတစ်ခုမှာသာရှိနေတယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local-News
Published_26 October 2022
ပြည်တွင်းရွှေဈေးကွက်အတွင်း ဝယ်လိုအားထက်ရောင်းလိုအားက ပိုများနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 October 2022
နိုဝင်ဘာလ(၈)ရက်မှာ လကြတ်ဖို့ရှိပြီး လကြတ်တာကို မြန်မာနိုင်ငံက အပြည့်မြင်နိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံသဘာဝနက္ခတ်ဗေဒပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 26 October 2022
၁။ နိုဝင်ဘာလ(၈)ရက်တွင် လကြတ်မည်၊ လကြတ်ခြင်းကို မြန်မာနိုင်ငံက အပြည့်မြင်နိုင်မည်
၂။ ရွှေဈေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအား ပိုများနေ
၃။ တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်းများအတက်အကျငြိမ်သက်မှု မရှိဘဲ ပုံမှန်ဈေးဖြင့်သာရှိနေ
၄။ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ခဲ့ရသည့် ဖိလစ်ပိုင်ကြက်တိုက်ပွဲများ ပြန်လည်ကျင်းပလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
PUBLISHED _26 OCTOBER 2022
မီးလောင်မှုဖြစ်စဉ်တွေအတွက် အရင်တုန်းကတော့ 191 ကို ဖုန်းခေါ်ဆိုပြီးတော့ သတင်းပို့တာတွေ ရှိခဲ့တာကနေ လူတိုင်းလူတိုင်း မိုဘိုင်းဖုန်းတွေ အသုံးပြုနေကြပြီဖြစ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေနဲ့ 191 report အပလီကေးရှင်းကို အသုံးပြုနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_26 October 2022
မန္တလေးမြို့မြရည်နန္ဒာအိမ်ရာ မမ -၂၆၊ တိုက်-၁၄ ပေါ်က အမျိုးသမီးတစ်ဦး ခုန်ချသေဆုံးမှု ယနေ့ အောက်တိုဘာလ ၂၆ ရက် က ဖြစ်ပွားခဲ့ကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က သိရသည်။
"ဒီနေ့မနက်ကပဲ မြရည်နန္ဒာတိုက်တန်းမမ၂၆တိုက်၁၄မှာအမျိုးသမီးတစ်ယောက် တိုက်ပေါ်ကခုန်ချတယ်လို့ ဖုန်းဆက်လာလို့ သွားရောက်ကူညီပေးခဲ့တာ၊ မန္တလေးဆေးရုံကြီးကို ပို့တဲ့အခါလမ်းမှာပဲ ဆုံးသွားပါတယ်"ဟု အဆိုပါ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်ကလည်းမန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာ၊ မမ ၁၆၊ တိုက်၉အတွင်း အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_26 October 2022
အောက်တိုဘာလ ၁ ရက်မှ ၂၅ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် အလုပ်သမား စုစုပေါင်း ၉၉၇ ဦး တရားဝင် ပို့ဆောင်ထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စာရင်းများကို အခြေခံ၍ ဆိုးလ်မြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၄ ရက်တွင် လုပ်သားသစ် ၁၂၈ ဦး၊ ၆ ရက်တွင် လုပ်သားသစ် ၁၂၄ ဦး၊ ၁၁ ရက်တွင် လုပ်သားသစ် ၁၂၀ ဦး၊ ၁၃ ရက်တွင် လုပ်သားသစ် ၁၄၈ ဦး ၊ ၁၈ ရက်တွင် လုပ်သားသစ် ၁၅၀ ဦး ၊ ၂၀ ရက်တွင် လုပ်သားသစ် ၁၇၈ ဦး နှင့် ၂၅ ရက်တွင် လုပ်သားသစ် ၁၄၈ ဦး စုစုပေါင်း ၉၉၇ ဦး ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ၏ ထုတ်ပြန်ချက်တွင် မြန်မာ လုပ်သားဟောင်း ၅၀ ကျော် နှင့် ကုန်ထုတ်လုပ်သားသစ် ၈၀ ကျော်ကို လာမည့် နိုဝင်ဘာလဆန်းတွင် စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားအများစုအနေဖြင့် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1410 of 1963