#Health_Matters
Published - 29 Oct 2022
- ရာသီအပြောင်းမှာ ကျန်းမာရေးဂရုစိုက်ကြဖို့ ရှေးလူကြီးတွေအမြဲပြောခဲ့ကြတယ်။ ဘာကြောင့်ပါလဲ??
#Yangon_Media_Group
#Local_News
Published_ 29 October 2022
၂၀၂၂ခုနှစ်ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ(၂၀)ရက်ကစတင်၍ စကိုင်းနက်ရုပ်သံလိုင်းမှတစ်ဆင့်တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်းသိရသည်၊၊
ကာတာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် (၂၀၂၂) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့်နိုဝင် ဘာလ(၂၀) ရက်မှဒီဇင်ဘာလ (၁၈)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း (၃၂)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စု(A)(B)(C)(D)(E)(F)(G)(H)စသည့် အုပ်စု(၈)စုခွဲပြီး ယှဉ်ပြိုင်ကြမည်ဖြစ်သည်၊၊
ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲစဉ်အားလုံးကို SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက် liveထုတ်လွှင့်ပြသမှာဖြစ်ပြီး SKY NET Sports Channel အပါအဝင် SKY NET ရုပ်သံလိုင်းများ၌တိုက်ရိုက်ကြည့်ရူနိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
အောက်တိုဘာ (၂၉) ရက်ကတာမွေမြို့နယ်၊ ရွှေထွဋ်တင်ဝင်းတွင်SKY NET ရုပ်သံလိုင်းမှ'(၂၀၂၂) ခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်များထုတ်လွှင့်ပြသခြင်း သတင်းစာရှင်းလင်းပွဲအခမ်းအနား' ကျင်းပခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ထုတ်လွှင့်ပြသရာတွင် ပွဲစဉ်အားလုံးကို တိုက်ရိုက်ပြသခြင်း၊ ပြန်လည်ပြသခြင်းများအပြင် တိုက်ရိုက်ဆွေးနွေးသုံးသပ်ချက်များ အများပြည်သူ့ စိတ်ဝင်စားမယ့် ကမ္ဘာ့ဖလားနှင့်ပတ်သက်တဲ့ ထူးခြားသည့်အစီအစဉ်များကိုလည်း တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း SKY NET ရုပ်သံလိုင်းမှတာဝန်ရှိသူများက ထည့်သွင်းပြောကြားခဲ့သည်၊၊
SKY NET ရုပ်သံလိုင်းအနေဖြင့် Exclusive Official Broadcaster အဖြစ် (၂၀၁၄) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ၊ (၂၀၁၈) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို မြန်မာနိုင်ငံ၏တစ်ဦးတည်းသော တရားဝင်မူပိုင်ထုတ်လွှင့်ပြသနိုင်ခဲ့ပြီး အခု (၂၀၂၂) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ဆို (၃) ကြိမ်ဆက် ထုတ်လွှင့်ပြသခြင်းဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_29 October 2022
ပြည်ပမှတင်သွင်းသည့် နိုင်ငံခြားဖြစ်ဆေးဝါး (၁၈) မျိုးကို အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဆေးဝါး (၁၈) မျိုးမှာ အက်စ်ပရင်ဆေးပြား - Aspirin၊ ပါရာစီတမောလ် - Paracetamol ၊ ကလိုဖယ်နီရာမင်း - Chlopheniramine maleate ၊ ဒိုင်ရာဇီပင် - Diazepam ၊ မယ်ဗင်ဒါဇော - Mebendazole ၊ ဂျင်တာမိုင်စင် - Gentamicin ၊ မက်ထရိုနိုင်ဒါဇော - Mebendazole ၊ ပရိုပယ်နာလော - Propranolol ၊ ဓါတ်ဆားရည် - Oral Rehydration Salt ၊ ကလိုပရိုမာဇင်း - Chlorpromazine ၊ ဆယ်(လ)ဗြူတာမော - Salbutamol ၊ ဂလူးကို(စ်)+ဓါတ်ဆားရည် အကြောသွင်းဆေး - Intravenous Glucose ၊ ရီဖင်ပီဇင် - Rifampicin ၊ အီသမ်ဖြူတော - Ethambutol ၊ အိုင်ဆိုနိုင်ရာဇိုက် - Isoniazid ၊ ဖရူဆီပိုက် - Frusemide ၊ ဒိုင်ဂေါ့ဆင်း - Digoxin နှင့် ပရက်(စ်)နီဆလုံး - Prednisolone တို့ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ၉ လအတွင်း တင်သွင်းခဲ့သည့် တန်ဖိုးမျာ အမေရိကန်ဒေါ်လာ ၄၅၅ သန်းကျော်ရှိကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆေးဝါးနှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနတို့၏ စိစစ်ချက် တောင်းခံခြင်းကို ဖြေလျှော့ပေးထားကြောင်း သိရသည်။
လက်ရှိအချိန်ထိ ပြည်တွင်း၌ နိုင်ငံခြားဖြစ်ဆေးဝါးတွေသည် ဈေးနှုန်းကျဆင်းလာခြင်းမရှိပဲ ဆက်လက်မြင့်တက်နေကြောင်း ဝယ်ယူသုံးစွဲသူတွေထံမှ သိရသည်။
" ဆေးတွေက ထက်ဝက်လောက်ကို ဈေးကတက်သွားတယ်။ ဘယ်လိုမှအဆင်မပြေဘူး။ တစ်ခါဝယ်ရင် တစ်ခါဈေးတက်တယ်။ ဈေးကအကျမရှိပဲ အတတ်ကြီးပဲဆိုတော့ အဆင်မပြေဘူး"ဟု ဆေးဝါးဝယ်ယူသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published 29 October 2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဩဇာတောကျေးရွာအနီး၊ ရေနံချောင်း-ကျောက်ပန်းတောင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၇၈/၇)အနီးတွင် ရပ်ထားသည့် FUSO အမျိုးအစား(အဖြူကြား)(၁၂)ဘီးယာဉ်ကို လားရာတူယာဉ်ကြောမှ မောင်းနှင်လာသော CANTER အမျိုးအစား(အဖြူရောင်)ယာဉ်သည် အနောက်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၇ ဦးသေဆုံးခဲ့ကြောင်း MFSD က သိရသည်။
ယာဉ်ပေါ်ပါ ကျား(၁၀)ဦး၊ မ(၉)ဦး စုစုပေါင်း(၁၉)ဦးတွင် ကျား(၃)ဦး၊ မ(၄)ဦး စုစုပေါင်း(၇)ဦး သေဆုံးခဲ့ပြီး ကျား(၇)ဦး၊ မ(၅)ဦး စုစုပေါင်း (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်။
ယင်းနေရာသို့ ချောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂွေးချိုနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 29 October 2022
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသော စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
"သူက ကျန်းမာရေးလည်းမကောင်းတဲ့အတွက် ပြန်လွှတ်တာလားလို့ တွေးမိတယ်၊ဘယ်လိုကြောင့်ပဲ လွှတ်ပါစေ လွတ်လာတာ ကောင်းတာပဲ"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အသက် ၈၃ နှစ် အရွယ်ရှိပြီဖြစ်သည့် ဦးစိုးဝင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက အူမကြီးကင်ဆာရောဂါ ဝေဒနာကြောင့် နေပြည်တော်၊ ခုတင် ၁၀၀၀ ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်က အာမခံပေးခဲ့သေးသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ် ကို ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့နှင့်အတူ ချမှတ်ခံခဲ့ရခြင်း ဖြစ်ပြီး ယခုအခါ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 29 October 2022
နိုင်ငံပိုင်ဆိုလာပြားနှင့်ဆိုလာလမ်းမီးများထုတ်လုပ်သောစက်ရုံကို Public Private Partnership (PPP) စနစ်ဖြင့် အကျိုးတူလုပ်ကိုင်မည့်လုပ်ငန်းရှင်များအား စက်မှုဝန်ကြီးဌာနက ခေါ်ယူနေကြောင်း သိရသည်။
အဆိုပါ စက်ရုံမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ စက်မှုဇုန်(၁)၊(၂၃)ရပ်ကွက် မိုးကုတ်လမ်းရှိမြေ ၆ ဒသမ ၉၂၇ ဧကပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလကလည်း အဆိုပါ စက်ရုံကို အကျိုးတူဆောင်ရွက်ရန် လုပ်ငန်းရှင်တွေအား ဖိတ်ခေါ်ခဲ့သေးကြောင်း၊ ယခုထပ်မံခေါ်ယူခြင်းမှာ လျှပ်စစ်ပစ္စည်းများတိုးမြှင့် ထုတ်လုပ်နိုင်ရန်ဖြစ်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံလိုသူ မည်သူမဆို အဆိုပြုလွှာတင်သွင်းနိုင်ကြောင်း စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စိတ်ပါဝင်စားသူများအနေဖြင့် နေပြည်တော် စက်မှုဝန်ကြီး ဌာန ၊ အမှတ်( ၂) အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးရာဌာန ၊ ရုံးအမှတ် (၄၁)ကို သွားရောက်၍ နိုဝင်ဘာလ ၂၅ ရက် နောက်ဆုံးထားကာ အဆိုပြုလွှာ ပေးပို့နိုင်ကြောင်း သိရသည်။
အမှတ် ၂ အကြီးစား စက်မှုလုပ်ငန်းအနေဖြင့် မော်တော်ယာဉ်တာယာများ၊ သဘာဝရော်ဘာ များ၊ စက်နှင့်စက်ကိရိယာ ပစ္စည်းများ၊ လျှပ်စစ်နှင့်အီလက်ထရွှန်းနစ်ပစ္စည်းများ၊ ရေအားလျှပ်စစ်တာဘိုင်များ၊ ဂျင်နရေတာများ၊ ဘွိုင်လာများ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများ ၊ LED မီးသီးများ၊ ဘိလပ်မြေ ၊ မီးခံအုတ်၊ ကြွေထည်ပစ္စည်းအမျိုးမျိုး၊ ဗို့အားမြှင့် ကြွေသီးအမျိုးမျိုးနှင့် မှန် များ စသည်တို့ကို ထုတ်လုပ်လညည်ပတ်နေသည့် စက်ရုံ ၂၇ ရုံ ရှိကြောင်း သိရသည်။
အဲဒီစက်ရုံတွေထဲမှာ လည်ပတ်နေတဲ့ စက်ရုံတွေရှိသလို ရပ်တန့်ထားရတဲ့ စက်ရုံတွေလည်းရှိပါတယ်။ ဒါကြောင့် အားလုံးလည်ပတ်နိုင်ရေး အခုလို အကျိုးတူ ပူးပေါင်းလုပ်ကိုင်လိုတဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ်နေတာပါ။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 29 October 2022
ဒါရိုက်တာမိုက်တီး၊ တေးသံရှင်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။
ယင်းတို့ သုံးဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် အောက်တိုဘာလ(၂၈) ရက် ညနေပိုင်းက ပြန်လည်လွတ်မြောက်လာကာ နေအိမ်သို့ ပြန်လည်ရောက်ရှိကြခြင်း ဖြစ်သည်။ "ဟုတ်ပါတယ်၊ သူတို့ ပြန်လွတ်လာတယ်ဆိုတာ မှန်ပါတယ်"ဟု နစက သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက ပြောသည်။
တေးသံရှင်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့နှစ်ဦးမှာ ၂ဝ၂၁ ခုနှစ် ဧပြီလက ဖမ်းဆီးခံခဲ့ရပြီး ၈လအကြာတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅(က) ဖြင့် ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
ဒါရိုက်တာ မိုက်တီးရင်ဆိုင်နေရာသော ပုဒ်မ ၅၀၅- က နှင့်ပတ်သက်၍ လက်ရှိတွင် စစ်ဆေးနေသောအဆင့်တွင် ရှိနေသေးသော်လည်း အူမကြီးကင်ဆာဝေဒနာ ခံစားနေရသူ ဖြစ်ကြောင်း၊ ယင်းကို တာမွေမြို့နယ်ရဲစခန်းက ၂၀၂၁ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဒါရိုက်တာမိုက်တီးကို ၂၀၁၈ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၁၆ (ဂ)ဖြင့် ဖမ်းဆီးအရေးယူခဲ့ရပြီးနောက် အူမကြီးကင်ဆာဝေဒနာခံစားနေရသည့်အတွက် အာမခံဖြင့်ပြန်လည်လွှတ်ပေးခဲ့သေးကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1383 of 1942