#LocalNews
Published_30 October2022
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိနေပြီဖြစ်သည့် ဒဿမမြောက် ရတနာဆင်ဖြူတော်ငယ်အား"ရဋ္ဌနန္ဒက"ဟု ဘွဲ့နာမည်ပေး ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကင်ပွန်းတပ်အခမ်းအနားကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက် ဝတ္ထကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရတနာဆင်ဖြူတော်လေးအား ဘွဲ့တော်အမည်ပေးကင်ပွန်းတပ်နှင့် အဆောင်တော် မင်္ဂလာအခမ်းအနားသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
အခမ်းအနားတွင် အနန္တရာယိကမင်္ဂလာ၊ အန္တရာယ်ကင်းမင်္ဂလာကို ကျင်းပပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးက ဥပ္ပါတသန္တိစေတီတော်မြတ်အား လက်ယာရစ်လှည့် လည်ပူဇော်ပြီး နစကဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများကရတနာဆင်ဖြူတော်လေးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်ပေးကြကာ စေတီတော်ဂေါပက အလှည့်ကျ သဘာပတိက ရတနာဆင်ဖြူတော်လေးကို ပေါက်ပေါက်များဖြင့် ကြဲပက်ပေးကြောင်း၊ဂေဟပ္ပဝေသနမင်္ဂလာ၊ အဆောင်တော်တက်မင်္ဂလာကို ပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးကို ဆင်ဖြူတော်အဆောက်အဦအတွင်း မင်္ဂလာနေရာသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းပေးကြကြောင်း သိရသည်။
“ရဋ္ဌ နန္ဒက” ဆိုသည်မှာ (ရဋ္ဌ = တိုင်းပြည်၊ နိုင်ငံ။ နန္ဒက = ချစ်ခင်မြတ်နိုးသည်) ( မြန်မာအဓိပ္ပါယ်အပြည့်အစုံမှာ - တိုင်းပြည်က ချစ်ခင်မြတ်နိုးသည့် ဆင်ဖြူရတနာ) ဟု အဓိပ္ပါယ်ရကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းဆင်ဖြူကလေးကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဇူလိုင်လ ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်တွင် မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိကြောင်း၊ ရတနာဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်ကလေးဖြစ်ကြောင်း၊ အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၃ လ ၇ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၁၀ လက်မ၊ ကိုယ်လုံးလုံးပတ် ၄ ပေ ၂ လက်မ၊ ကိုယ်အလေးချိန် ၂၆၅ ပေါင်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်သို့ အောက်တိုဘာလ ၂၇ တွင်ရောက်ရှိခဲ့ပြီး ယခုအခါ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် နေထိုင်လျက်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _29 October 2022
စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် သက်ကြီးစာပေပညာရှင်တွေကိုပူဇော်ကန်တော့ကြမှာဖြစ်ပြီး လာမယ့်ဒီဇင်ဘာလပထမအပတ်ထဲမှာ 'သက်ကြီးစာပေပညာရှင်များပူဇော်ကန်တော့ပွဲ' ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-29 October 2022
ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ ၉၂ တစ်လီတာကို ၂၀၀၀ အထိပြန်လည် မြင့်တက်ခဲ့တယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေရဲ့ဈေးနှုန်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 29 Oct 2022
- ရာသီအပြောင်းအလဲကို ခံနိုင်ရည်ရှိသည့် ကျန်းမာမှုရရှိဖို့ စဉ်ဆက်မပြတ်ဘာတွေ လုပ်ထားသင့်ပါသလဲ??
#Yangon_Media_Group
#Local_News
Published _ 29 October 2022
လက်ရှိ ပြည်တွင်းမှာ သကြားစက်ရုံအသစ် လေးခုတိုးချဲ့လည်ပတ်ဖို့ရှိနေပြီး စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်တဲ့လုပ်ငန်းတွေလည်း လိုအပ်နေတယ်လို့ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 29 Oct 2022
- ရာသီအပြောင်းမှာ နေထိုင်မှုတွေ ဘယ်လိုဂရုစိုက်ကြဖို့လိုပါသလဲ??
#Yangon_Media_Group
#DailyNews
Published _ 29 October 2022
၁။ ပြည်တွင်း၌ သကြားစက်ရုံသစ် ၄ ခု တိုးချဲ့လည်ပတ်သွားမည်
၂။ ၉၂ တစ်လီတာ ၂၀၀၀ အထိ ပြန်လည်မြင့်တက်လာ
၃။ စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် သက်ကြီးစာပေပညာရှင်(၂၅၀)နီးပါးကို ပူဇော်ကန်တော့မည်
၄။ ဂျပန်တွင် ယန်းငွေတန်ဖိုးကျဆင်းလာသဖြင့် ပြည်ပမှတင်သွင်းကုန်သစ်သားများ ဈေးနှုန်းမြင့်တက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1382 of 1942