#World_Auction
Published 4 November 2022
၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်ဘက်ကို အာဂျင်တီးနားဂန္တဝင်ကစားသမား မာရာဒိုနာဂိုးသွင်းခဲ့စဉ်က ဘုရားပေးတဲ့လက်ဖြင့် ပုတ်သွင်းခဲ့တဲ့ဘောလုံးကို နိုဝင်ဘာလအတွင်း လေလံတင်သွားမှာဖြစ်ပြီး ယူရိုငွေ ၃ သန်းခန့်ရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
#Yangon_Media_Group
#Local_News
Published _ 4 October 2022
ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်နဲ့ ယခုလ နိုဝင်ဘာလ ၄ရက်နေ့အထိ ကြ က်သွန်နီဈေးကွက်အနေအထားဟာ အနည်းငယ်အေးစက်နေတယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 4 November 2022
လတ်တလောမှာ အင်းလေးရေပေါ်ဈေး မရှိသေးပေမယ့် ပြည်တွင်း၊ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အင်းလေးရေပေါ်ဈေး ပြန်ဖွင့်နိုင်အောင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_4 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခုနှစ်လတာနီးပါးကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 4 November 2022
၁။ ခုနှစ်လတာနီးပါးကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံကုန်သွယ်မှုပြုလုပ်ထား
၂။ ခရီးသွားများအတွက် အင်းလေးရေပေါ်ဈေး ပြန်ဖွင့်နိုင်အောင်ဆောင်ရွက်မည်ဟုဆို
၃။ ကြက်သွန်နီဈေးကွက် အနည်းငယ်အေးစက်နေ
၄။ မာရာဒိုနာ၏ ဘုရားပေးသောလက်ဖြင့် သွင်းယူခဲ့သည့်ဘောလုံးအား မကြာခင်လေလံတင်ရောင်းချသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_4 November 2022
ကမ္ဘာ့ရွှေဈေးကျဆင်းနေပေမဲ့ ဒေါ်လာဈေးမာနေတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းဟာ လက်ရှိမှာတော့ အတတ်ဈေးနဲ့ ဈေးငြိမ်နေတာပါ။
#Yangon_Media_Group
#Local_News
Published_4 November 2022
ရုတ်တရက်နှလုံးရပ်သွားသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသော စာရေးဆရာအကြည်တော်၏ ကျန်းမာရေး တိုးတက်မှုရှိကြောင်း အစ်ကိုဖြစ်သူ ကိုမိုးက သူ၏လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၃ ရက် ညနေပိုင်းက ဆေးရုံမှာ ညီဖြစ်သူ အကြည်တော်အား သွားရောက်၍ သတင်းမေးခဲ့စဉ် သူတွေ့ခဲ့သည့်အခြေအနေကို လူမှုကွန်ရက်တွင် ပြန်လည်ဝေမျှပြောပြထားခြင်းလည်း ဖြစ်သည်။
"မနေ့က ညနေမှာ ကျွန်တော့် ညီ အကြည်တော်ဆီ လူနာကြည့်သွားရောက်ခဲ့ပါတယ်၊ ကျွန်တော့်အသံကြားတာနဲ့ သူလှုပ်လှုပ်ရှားရှားဖြစ်သွားပုံလေး နည်းနည်းပြောပြချင်လို့ပါ။ ဟျောင့် ကိုကြည် ငါပြန်ရောက်လာပြီကွဆိုတော့ ကျွန်တော့်အသံကြားတာနဲ့ ဒီကောင် မျက်လုံးဖွင့် ဟိုဒီလျောက်ကြည့်ပြီး ( မြင်ဟန်မရှိပေမယ့် သိကြောင်းပြတဲ့ သင်္ကေတ ) ပါးစပ်လှုပ်ပြီး ဘာမှန်းမသိတဲ့ ဘာသာမဲ့ အသံမဲ့ စကားတွေ ထပြောပြီး မျက်ရည်တွေ ကျတော့တာပဲ။ ဒါနဲ့မင်းအတော် သက်သာလာပြီ သိလား ၊ မင်းခန္တာကိုယ်မှာ ပိုက်တွေအားလုံး တစ်ခုမှ မရှိတော့ဘူး၊ ခုအတိုင်းဆို မကြာခင်မှာ ခုထားတဲ့ အရေးပေါ်အခန်းကနေ ရိုးရိုး အခန်းထဲပြောင်းလို့ ရတော့မယ်ဆိုတော့လည်းဝမ်းသာ အားရ ပုံစံနဲ့အားရပါးရကြီး ပါးစပ်အပြည့်နဲ့( ခုနကအတိုင်း)အသံမဲ့ ဘာသာမဲ့ စကားတွေထပ်ပြောပြီးမျက်ရည်တွေ တောက်တောက် ဒီးဒီးကျနေတော့တာမို့ ကျွန်တော်က အေ့ အေ့ ဟျေင့် ရပြီး မင်းပြောနေတာငါနားလည်တယ် ခုဘာမှမပြောသေးနဲ့အုံး ၊ နောက်တော့မှ မင်း နေကောင်းသက်သာလာမှ အစကနေ ပြန်ပြောကြမယ်၊ နားလိုက်အုံး ၊ ခုတော့ အားလုံးအဆင်ပြေနေတယ် အေးချမ်းနေတယ်၊ မင်းဘာမှ စိတ်မပူနဲ့၊ နေကောင်းအောင်သာနေ၊ မင်းနားမှာ ငါအပါအဝင် အားလုံးရှိနေကြတယ်၊ ဘာမှ အားမငယ်နဲ့ စိတ်မပူနဲ့လို့ပြောပြီး နှုတ်ဆက်ပြန်ခဲ့ပါတယ်၊ ခြုံပြီးပြောရယင်တော့ အခြေအနေတိုးတက်မှုရှိပါတယ် ကောင်းမွန်နေပါတယ်"ဟု ကိုမိုးက ရေးသားထားသည်။
စာရေးဆရာအကြည်တော်သည် ကိုဗစ်လည်းနှစ်ကြိမ်ဖြစ်ဖူးသူ ဖြစ်ကြောင်း၊ အသံတဖြည်းဖြည်းပျောက်သွားသည့်အတွက် စစ်ဆေးကြည့်ရာ လည်ချောင်းနှင့် လည်ပြွန်ကြားတွင် ကင်ဆာဖြစ်နေသည်ဟု အဖြေထွက်ထား၍ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေခဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နေ့ အောက်တိုဘာလ ဒုတိယပတ် ညတစ်ညတွင် ရုတ်တရက် အသက်ရှူမဝဖြစ်ကာ နှလုံးခုန် ရပ်သွားခဲ့ခြင်းကြောင့် ဆေးရုံတင်၍ ကုသနေရခြင်းဖြစ်ကြောင်း သိရသည်။
အကြည်တော်၏ နာမည်ရင်းမှာ စောကြည်ဖြူဖြစ်ပြီး အဖ ဦးထွန်းနိုင် ဒေါ်ယုနွယ်တို့၏ မွေးချင်း (၇) ယောက်အနက် ခြောက်ယောက်မြောက်သား ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့်လုံချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်။
ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ကဝေပျို၏ နိဒါန်း၊ ခြူဆီ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ ဇော်က ကနေသည်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်ရေ ပျော်ရဲ့လား (ပြုံးရွှင်သည် ငိုတတ်သည်)၊ ဘီလူး၊ စောကြည်ဖြူနှင့် မြင့်စန်းရီ (မောင်စောကြည်ဖြူနှင့် မမြင့်စန်းရီ)၊ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ ရွှေမိုးသည်း၊ အိပ်မက် အပိုဒ်ခွဲ (၉)စသော ဝတ္ထုများကို ရုပ်ရှင်ကားကြီးများ ရိုက်ထားရပြီး ယင်းအပါအဝင် ဝတ္ထုပေါင်း ၈၀ ကျော်ကို ရေးသားထားသူလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
Page 1370 of 1942