#Local_News
Published_ 8 November 2022
လတ်တလောမှာ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ရှိ ဟိုခိုက်အနာကြီးရောဂါကုဂေဟာက အနာကြီးဝေဒနာရှင်တွေအတွက်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ရာသီဥတုအေးလာပြီဖြစ်လို့ စောင်နဲ့အနွေးထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_8 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ ခြောက်လကျော် ခုနှစ်လနီးပါး ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်ထက် ကန်ဒေါ်လာ သန်း ၄၀၀ ကျော်မြင့်တက်လာခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 8 November 2022
လက်ရှိ ခရမ်းချဉ်သီး အစိမ်းနဲ့ အမှည့်ဈေးက ပြီးခဲ့တဲ့ လကစပြီး ယခုလအထိ အတက်အကျ ငြိမ်သက်မှုမရှိသေးပါဘူးလို့ ပြည်သာယာဈေး၊ အောင်ပန်းပွဲရုံဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 November 2022
၁။ ခရမ်းချဉ်သီးဈေး အတက်အကျငြိမ်သက်မှုမရှိဘဲ အရောင်းအေးနေဟုဆိုာ
၂။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ သန်း ၄၀၀ ကျော်မြင့်တက်လာ
၃။ အနာကြီးဝေဒနာရှင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်စောင်များလိုအပ်နေ
၄။ ကမ္ဘာ့အကြီးဆုံးပိုက်အော်ဂင်အား ပြန်လည်ဆန်းသစ်တီထွင်လျက်ရှိး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _8 November 2022
ပို့ကုန်ရငွေရဲ့တန်ဘိုး အမေရိကန်ဒေါ်လာ ၆၅ ရာခိုင်နှုန်းကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှာ သတ်မှတ်နှုန်းထားအတိုင်းရောင်းချပြီးတဲ့နောက်မှာ အဲဒီ ၆၅ ရာခိုင်နှုန်းကို ရောင်းလို့တဲ့ငွေကို ဘဏ်အကောင့်ထဲကို ထည့်ပေးပေမဲ့ ပြန်ထုတ်တဲ့အခါ တစ်လုံးတစ်ခဲတည်းမပေးဘဲ တစ်ပတ်ကို သိန်းတစ်ရာပဲပေးနေတဲ့ကိစ္စက ပို့ကုန်လုပ်ငန်းရှင်တွေ အကြပ်အတည်း ဖြစ်စေတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 8 November 2022
ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်ရှိ သမိုင်းခုံးကျော်တံတားပေါ်မှ ယနေ့နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦးခုန်ချ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရှိခဲ့ရသည်။
ယနေ့ နံနက်ပိုင်း ၆ နာရီကျော်ခန့်တွင် မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၁)ရပ်ကွက်နှင့်အမှတ်(၂)ရပ်ကွက်အား ဆက်သွယ်ထားသည့် သမိုင်းခုံးကျော်တံတားပေါ်မှ အသက် ၄၀ခန့် အရွယ်ရှိ အမည်၊ နေရပ်လိပ်စာ(စီစစ်ဆဲ)အမျိုးသားတစ်ဦးခုန်ချခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု နီးစပ်ရာ ရပ်ကွက်နေပြည်သူများမှ ဆက်သွယ်လာသည့်အတွက် သွားရောက်ကြည့်ရှုခဲ့ကြောင်း ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်းရဲ့တာဝန်ရှိသူက YMG ကို ပြောသည်။
"ခုန်ချသွားတာဟုတ်တယ် ရထားလမ်းကိုဖြတ်ဖို့လုပ်ထားတဲ့ ခုံးကျော်တံတားပေါ့ အဲဒီကနေခုန်ချခဲ့တာ ထိခိုက်ဒဏ်ရာရတာတွေရှိတယ် ဘာ့ကြောင့်ခုန်ချတယ်ဆိုတာကတော့ မသိသေးပါဘူး၊ ပြည်သူတွေကစိတ်ပူပြီး ပရဟိတအသင်းတွေဆီဆက်တော့ အဲ့အသင်းတွေက ကျွန်တော်တို့ဆီဆက်သွယ်လာပါတယ်။ အဲတာကြောင့် သွားရောက်ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ အသက်ကတော့ ၄၀ လောက်ရှိပြီလို့ ခန့်မှန်းရပါတယ်။ မိသားစုနဲ့သူ့ရဲ့နေရပ်လိပ်စာ၊ သူ့နာမည်တွေကတော့ အခုထိစုံစမ်းနေဆဲပါ"ဟု သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းဖြစ်သည့် ရွှေရောင်သမိုင်းလူမှုကူညီရေးအသင်းရဲ့တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ခုံးကျော်တံတားပေါ်မှခုန်ချ၍ ထိခိုက်ဒဏ်ရာရရှိသွားသည့် အမျိုးသားအား လူမှုကူညီရေးအသင်းကားဖြင့် ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_8 November 2022
နိုဝင်ဘာလ ၈ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၃၃၀ ကျပ် သတ်မှတ်ထားပြီး ပြီးခဲ့သည့် တစ်ပါတ်ထက် ၁၀၀ ကျော်မြင့်တက်လာကြောင်း သိရသည်။
ပြီးခဲ့သည့်တစ်ပါတ်တွင် ရန်ကုန်အထိုင်ဈေး စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၄၂၂၅ ကျပ်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိဈေးကွက်ထဲတွင် စားအုန်းဆီးဈေးနှုန်းမှာ တစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိ ကျင်းလာပြီး ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီဈေးနှုန်းမှာ ဈေးမြင့်တက်နေကြောင်းသိရသည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရကြောင်း သိရသည်။
#ymg/STH
#Yangon_Media_Group
Page 1363 of 1942