#Local_News
Published _ 12 November 2022
အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည် ညွှန်းစပါးဈေးနှုန်းအား ၆၃၀၀၀၀ ကျပ်အဖြစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ နိုဝင်ဘာဘ ၁၁ ရက်တွင် ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
သတ်မှတ်ခဲ့သည့် အခြေခံရည်ညွှန်းစပါးစျေးနှုန်း ၆၃၀၀၀၀ ကျပ်သည် ၂၀၂၂ ခုနှစ် မိုးစပါးနှင့် ၂၀၂၃ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ဒါ့အပြင် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည် ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူရန်နှင့် ဈေးကွက်ပေါက် ဈေးသည်အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်တွင်ရှိပါက အခြေခံဈေးနှုန်းအတိုင်းဝယ်ယူရမည်ဟုလည်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များ (သို့) အသင်းချုပ် ရုံးချုပ် ဖုန်း ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆ သို့ဆက်သွယ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရန် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည် ညွှန်းစပါးဈေးနှုန်းအား တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ ယခုလို ထုတ်ပြန်ခဲ့ခြင်းပင် ဖြစ်သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 12 November 2022
(၄၀)ကြိမ်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများကို ကမ္ဘော ဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ ခြင်းနှင့် အဆိုပါ အစည်းအဝေးများအပြီး တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် အား ထုတ်ပြန်ခဲ့ခြင်းကို မြန်မာနိုင်ငံကကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာထုတ်ပြန်ထားပါတယ်။
တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖော်ပြချက်များသည် ဖြစ်စဉ်အမှန်တရားနှင့်ကင်းကွာလျက်ရှိခြင်း၊ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်အပေါ် မြန်မာနိုင်ငံမှ ကြိုးစားအားထုတ်ဆောင်ရွက်ပေးခဲ့မှုများကို အပြုသဘောဆောင် ဖော်ပြမှုမရှိခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ချန်လှပ်ထားပြီး အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေး သဘောတူညီခဲ့ ခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံအနေနှင့် တူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက် နှင့် ဆုံးဖြတ်ချက်များကို လက်ခံမည်မဟုတ်ကြောင်းနှင့် ပြတ်သားစွာပယ်ချ လိုက်တယ်လို့ ဆိုပါတယ်။
နိုင်ငံတွင်း ထာဝရငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်လျက် မြန်မာအစိုးရသည် အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ် ကြေညာလျက် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကို ဖိတ်ခေါ်ပြီး၊ နိုင်ငံ့အကြီးအကဲကိုယ်တိုင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ကို လိုအပ်သည့်နေရာများသို့ ခွဲခြားမှုမရှိဘဲ မျှတစွာပေးအပ်ရေးအတွက် အာဆီယံ လူသားချင်း စာနာထောက်ထားမှုကူညီရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre) နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိခြင်းစသည့် သိသာထင်ရှားသည့် တိုးတက်မှုများစွာရှိသည်ကို လျစ်လျူရှုထားခြင်းအပေါ် များစွာ စိတ်ပျက်မိကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက် ရှိသည့် မြန်မာအစိုးရနှင့်တပ်မတော်အား ရည်ညွှန်းဖော်ပြရာတွင် မသင့်လျော်သည့် သုံးနှုန်းဖော်ပြချက်များကို ပြင်းထန်စွာ ကန့်ကွက်ထားပါတယ်။
အာဆီယံအစည်းအဝေးများတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းနည်းလမ်းကိုလည်း အာဆီယံ ပဋိညာဉ်စာတမ်း စာပိုဒ်(၂၀)ပါ “ဆွေးနွေးခြင်းနှင့် တူညီဆန္ဒ”ပါ အခြေခံမူများ အတိုင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းခြင်းနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ခြင်း “မူ”ကိုသာလျင် လက်ခံသည်။ သို့ဖြစ်၍ ကာယကံရှင်နိုင်ငံ ပါဝင်ခြင်းမရှိသည့် ဆွေးနွေးဆုံးဖြတ် ချက်များကို လက်မခံ ပယ်ချတယ်လို့ ဆိုပါတယ်။
အာဆီယံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများ ကို လေးစားလိုက်နာလျက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် ထပ်လောင်းအသိပေးအပ်သည်၊ ယင်းသို့ဆောင်ရွက်ခြင်း ကြောင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဗဟိုအချက်အချာကျပြီး အရေးပါအရာရောက် မှုအပေါ် ဆိုးကျိုးသက်ရောက်မှုများသာဖြစ်စေမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
ygm_mnn
#Yangon_Media_Group
Published 11 Nov 2022
ရုရှားနှင့်မြန်မာနှစ်နိုင်ငံအကြား ဘဏ္ဍာရေးနှင့်ငွေကြေးစနစ်ပူးပေါင်းဆောင်ရွက်ဖို့နှင့် ကုန်သွယ်မှုမြှင့်တင်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံ ငွေအဖွဲ့ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နိုဝင်ဘာ ၁၁ ရက် ဒီကနေ့မှာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံတွေ့ဆုံရာမှာ အဆိုပါကိစ္စတွေဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဘဏ္ဍာရေးနှင့် ငွေကြေးစနစ်ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ မြန်မာ နိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ၊ တွင်းထွက်နှင့် သဘာဝသယံ ဇာတ ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ တင်ပို့ ရောင်းချရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ ဆက်လက်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဝင်းရှိန်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevichနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြတာဖြစ်ပါတယ်။
ရော့စ်ကွန်ဂရက်ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖွဲ့ဟာ ဗိုလ်ချူပ်မှူးကြီးထံ မတွေ့ဆုံခင် ဒီကနေ့တက်ရောက်တဲ့ ပြည်ထောင်စု ဝန်ကြီးတစ်ဦးချင်းစီနှင့် ရင်းနှီးမြှပ်နှံမှုနှင့်ကုန်သွယ်မှုဆိုင်ရာကိစ္စတွေကို ယခင်ရက်တွေက ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့ပါတယ်။
Ymg/-knl
#Myanmar_Russia
#Roscongress_Russia
#Myanmar_Politics_Business
#Local_News
Published_11 November 2022
ခုနှစ်လတာကာလအတွင်း ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၉ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 11 November 2022
ရန်ကုန်မြို့အနီးကျေးလက်ဒေသတွေမှာ ငှက်ဖျားခြင်များပေါက်ဖွားနိုင်တဲ့အတွက် ငှက်ဖျားရောဂါသတိပြုဖို့ လိုတယ်လို့ ပြည်သူ့ကျန်းမာရေးပညာပေးပညာရှင် ဒေါက်တာခင်မောင်လွင်က သတိပေးပြောကြားလိုက်ပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_11 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခုနှစ်လတာကာလအတွင်း ပြည်ပကို ပဲတန်ချိန် ၈ သိန်း ၉ သောင်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၇၀၇ ဒသမ ၇၉ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 11 november 2022
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နေပြည်တော်၊ မုံရွာမြို့တွေမှာ စိုက်ပျိုးထွက်ရှိတဲ့ အော်ဂဲနစ်အစေ့လွတ် မာလကာသီး တစ်ခြင်းကို ကျပ် ၂၅၀၀၀နဲ့ ၃၀၀၀၀ ထိ ဈေးကောင်းရရှိနေတယ်လို့ အစေ့လွတ်မာလကာစိုက်ပျိုးတောင်သူတွေ ဆီကနေ သိရပါတယ်။
#Yangon_Media_Group
Page 1356 of 1942