#Local_News
Published_ 13 November 2022
အရေးပေါ်လူနာတင်ယာဉ်တွေကို စစ်ဆေးရေးဂိတ်တွေမှာ အမြန်ဆုံးစစ်ဆေးပေးပြီး ဦးစားပေးသွားလာခွင့်ပြုပေးစေချင်တယ်လို့ လူမှုပရဟိတအသင်းတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 13 Nov 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေလဲ့(မြွေမင်းသမီး)နှင့်အတူ
-"မြွေတွေအများကြီးသေရင် ဂေဟစနစ်တွေပျက်စီးလာပြီး ကြွက်တွေပေါများလာမှာဖြစ်ကြောင်း
-မြွေဖမ်းတဲ့အခါ မေတ္တာပို့တယ် ဘယ်လိုအစိတ်အပိုင်းတွေကို ကိုင်တွယ်ပြီးဖမ်းရမယ်ဆိုတာမျိုးက သေချာသင်ထားလို့ အခုထိအန္တရယ်ကင်းနေတာဖြစ်ကြောင်း " စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
ရုပ်သံကြည့်ရန်..........https://fb.watch/gMfrGAHTi2/
#Yangon_Media_Group
#Local_News
Published_13 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ခုနှစ်လကျော်ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 13 Nov 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေလဲ့(မြွေမင်းသမီး)နှင့်အတူ
-"မြွေတွေအများကြီးသေရင် ဂေဟစနစ်တွေပျက်စီးလာပြီး ကြွက်တွေပေါများလာမှာဖြစ်ကြောင်း
-မြွေဖမ်းတဲ့အခါ မေတ္တာပို့တယ် ဘယ်လိုအစိတ်အပိုင်းတွေကို ကိုင်တွယ်ပြီးဖမ်းရမယ်ဆိုတာမျိုးက သေချာသင်ထားလို့ အခုထိအန္တရယ်ကင်းနေတာဖြစ်ကြောင်း " စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
Video ကြည့်ရန်>>>https://fb.watch/gMfed99Y-y/
#Yangon_Media_Group
#LocalNews
Published _13 November 2022
ခရီးသွားဝင်ရောက်လည်ပတ်မှု ပို၍များပြားလာရန်ရည်ရွယ်ကျင်းပမည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၏ ဒုတိယအကြိမ်မြောက် ဆောင်းဦးပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက သိရသည်။
“ပြီးခဲ့တဲ့နှစ်က ကိုဗစ်ဖြစ်ပွားနှုန်းလျော့ကျသွားပြီးတဲ့နောက်မှာ ကမ်းခြေဟိုတယ်တွေ ပြန်စတင်လို့ရအောင် ပထမအကြိမ် ဆောင်းဦးပွဲတော်ကို လုပ်ခဲ့တယ်။အဲဒီကစပြီး သင်္ကြန်ထိ ဧည့်သည်တွေလာတယ်၊ပြောရရင် မိုးမကျခင် ခရီးသွားရာသီတစ်ခုလုံး လာတယ်။ဒီနှစ်ဆိုရင် သီတင်းကျွတ်၊ တန်းဆောင်မုန်း ကတည်းက ဧည့်သည် မပြတ်ဘူး၊ အခုလို ဆောင်းဦးပွဲတော် လုပ်ပြီးပြီဆိုရင် ခရီးသွားက ပိုပြီးတော့ လာမယ်လို့ မျှော်လင့်ရတယ်"ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။
ပထမအကြိမ် ဆောင်းဦးပွဲတော်ကို ငပလီကမ်းခြေတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ဆောင်းဦးပွဲတော်တွင် သဲသောင်ပြင် ဘော်လီဘောပွဲ၊ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ သဲပန်းချီပြိုင်ပွဲ၊ စက်ဘီစီးပြိုင်ပွဲစသည့်ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _13 November 2022
ရက်ပေါင်း ၆၀ ကျော် ကြာ ပျောက်ဆုံးနေသည့် လူငယ်အမျိုးသားတစ်ဦးကို ကန်တော်ကြီးအနီးတွင်ရှိနိုင်ဟုယူဆရ၍ ရှာဖွေခဲ့သော်လည်း မတွေ့သေးကြောင်း ဒို့ညီနောင်နာရေးနှင့်လူမှုကူညီဆောင်ရွက်ရေး အသင်း နှင့် မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီရေးအသင်းတို့က သိရသည်။
ပြီးခဲ့သည့် နှစ်လကျော်ကပင် ပျောက်ဆုံးနေသော အဆိုပါ လူငယ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်က ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်သာရှိသေးကြောင်း၊ရှာဖွေသည့်အဖွဲ့များက နိုဝင်ဘာလ ၁၂ ရက် ညနေ ၃ နာရီခန့်အချိန်က ည ၈ နာရီကျော်ထိ ကန်တော်ကြီးအတွင်းရှိ ကရဝိတ် ၊ မျှော်စင်ကျွန်းအနီး တဝိုက်ရှိ ရေပြင်တို့တွင် ပူးပေါင်းရှာဖွေခဲ့ကြကြောင်း သိရသည်။
"ပရဟိတ ကွန်ရက်တွေကို ကာယကံရှင် မိသားစုက ဆက်သွယ်လာတာ၊ပျောက်နေတာ နှစ်လကျော်ပြီတဲ့၊လူကတော့ ပျောက်နေလို့ သေပြီလို့ ယူဆနေကြတယ်။အဲလိုနဲ့ ကန်တော်ကြီး ကန်ထဲမှာ မြှုပ်ထားတယ်လို့ မိသားစုတွေက အိပ်မက်မက်တာမျိုးပေါ့၊ဒါကြောင့် မိသားစုဝင်တွေ အကူအညီတောင်းလို့ အသင်းတွေ စုပြီးတော့ နိုင်သလောက် ရှာကြတာပါ၊ဒါပေမဲ့လည်း မတွေ့ပါဘူး"ဟု အဆိုပါ ပရိဟိတ အသင်း တာဝန်ရှိသူကပြောသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 13 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊အမှတ် (၃)ရပ်ကွက်၊ လှည်းတန်းလမ်းဆုံအနီးနှင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတစ်ဝိုက်တို့တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်သူများနှင့် လက်ခံဝယ်ယူသူစုစုပေါင်း (၁၁)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များကဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်၊၊
ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူတရားခံ(၉) ဦးနှင့် ကျူးလွန်ရာမှရရှိသည့် လက်ကိုင်ဖုန်းများ လက်ခံဝယ်ယူသူတရားခံ (၂)ဦးတို့အား လက်ကိုင်ဖုန်းမျိုးစုံ (၁၂၀)လုံး၊ ခါးပိုက်နှိုက်ရာမှရရှိခဲ့သည့် ငွေစက္ကူရောရာ(၅,၆၈၀,၀၀ဝိ/) ကျပ်၊ ၎င်းတို့စီးနင်းအသုံးပြုခဲ့သည့် Toyota Filder အဖြူရောင်မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ ဒုစရိုက်မှုကိုမလိုလားသူတာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊
စစ်ဆေးဖော်ထုတ်မှုအရ နိုဝင်ဘာလ ၁၀ရက်တွင်ကမာရွတ်မြို့နယ်တွင်(၄) ဦးဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ကြည့်မြင်တိုင်မြို့နယ်တွင်နေထိုင်သူ(၂)ဦး၊ဆက်လက်အသွင်ယူစောင့်ဆိုင်းနေစဉ် ခါးပိုက်နှိုက်မှုကျူးလွန်ရန် ရောက်ရှိလာသည့် မင်္ဂလာဒုံမြို့နယ်နေထိုင်သူ (၃)ဦး၊လက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူသူ(၁)ဦး၊ခါးပိုက်နှိုက်မှုကျူးလွန်သည့် နေရာများသို့ မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးသူ(၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဖွဲ့များခွဲကာ လှည်းတန်းကုန်းကျော်တံတားအနီး၌ လက်ကိုင်ဖုန်းမျိုးစုံ (၈၆)လုံး၊ ကမာရွတ်မြို့နယ်၊ ဂမုန်းပွင့်ကုန်တိုက်အရှေ့၊ 199 စတိုးဆိုင်အရှေ့၊ IT လက်ဖက်ရည်ဆိုင်အရှေ့၊ လှည်းတန်းလမ်းဆုံအနီး၊ လှည်းတန်းစင်တာအရှေ့နှင့် လှည်းတန်းဈေး အတွင်းတို့မှ လက်ကိုင်ဖုန်းမျိုးစုံ (၁၈)လုံး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတဝိုက်မှ လက်ကိုင်ဖုန်းမျိုးစုံ (၁၆)လုံး၊ စုစုပေါင်း လက်ကိုင်ဖုန်းမျိုးစုံ (၁၂၀)လုံးတို့အား အဆိုပါနေရာများ၌ သွားလာလှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများထံမှ ခါးပိုက်နှိုက်မှုများကျူးလွန်ခဲ့ကြကြောင်း ထွက်ဆိုခဲ့သည်၊၊
ဖမ်းဆီးရမိသည့် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်သူများနှင့်လက်ခံဝယ်ယူသူများမှာ
(၁)သူရထွန်း(ခ)ဘောကြီး(၂၁)နှစ်၊
(၂)ဇော်မျိုးဦး(ခ) ဝက်ကြီး(ခ)ပါကျဲ (၂၇)နှစ်၊
(၃)ကျော်ကျော်(ခ)အသေးလေး(၂၆)နှစ်၊
(၄)ကျော်မျိုးနိုင်(ခ)ကိုမျိုး(ခ)အပုလေး(၂၇)နှစ်၊
(၅)လင်းလင်းထွန်း (ခ)ဝိုင်းဝိုင်း(၂၂)နှစ်၊
(၆)စိန်သန်းအေး(ခ)စိန်ကြီး(၃၀)နှစ်၊
(၇)ဇော်မင်းထွေး(ခ)အောင်လေး(ခ)ကုလားကြီး (၂၈)နှစ်
(၈)ထွန်းမင်းလတ်(ခ)တုတ်တုတ်(၂၄)နှစ်
(၉)လက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူ မျိုးကျော်သူ (၃၁)နှစ်
(၁၀)ခါးပိုက်နှိုက်မှုကျူးလွန်သည့်နေရာများသို့ မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးသူ
သက်နိုင်ထွန်း (၄၁)နှစ်
(၁၁)လက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူပေးသူ ကျော်မျိုးလှိုင်(ခ) ကျော်ကြီး(၂၆)နှစ်တို့အား ဖမ်းဆီးရမိကြောင်းထုတ်ပြန်ထားသည်၊၊
ဖမ်းဆီးရမိတရားခံများအား ရန်ကုန်မြို့အတွင်း ခါးပိုက်နှိုက်မှု၊ လုယက်မှုနှင့် အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ရာ တရားခံ(၁၁) ဦးအနက်(၄)ဦးသည်လူသတ်မှုအား အဓိကဦးဆောင်ကျူးလွန် တိမ်းရှောင်လျက်ရှိသည့် တရားခံပြေးများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1353 of 1942