#Local_News
Published 16 September 20224
▪️ အီရတ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် ချင်းနှင့်ရခိုင်တိုင်းရင်းသူနှစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံ သားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့်မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများမြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့ ဆောင်ရွက်ပေးရာတွင် အီရတ်နိုင်ငံအာဘေးမြို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားချင်းတိုင်းရင်းသူ Lal Lawm Tluangi နှင့် ရခိုင်တိုင်းရင်းသူ မစန္ဒီလင်းတို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန်ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် ကာဒစ္စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရထံသံတမန်စာပေးပို့၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ SEED Organi-zation နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခွင့် (Exit permit) ရရှိခဲ့ရာ စက်တင်ဘာ ၁၂ ရက်တွင် Erbil – Istanbul – Bangkok – Yangon ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်း သိရသည်။
▪️ နိုင်ငံတော် အစိုးရသည် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာ သံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၆ စက်တင်ဘာ ၂၀၂၄
“စူပါတိုင်ဖွန်းယာဂီဟာ မြန်မာနိုင်ငံနေရာအများစုကို ထိခိုက်စေခဲ့ပြီး မြန်မာနိုင်ငံရဲ့မကြာသေးခင်သမိုင်းကြောင်းအရ အဆိုး ရွားဆုံး ရေကြီးမှုတစ်ခုဖြစ်ခဲ့ရတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဌာနေကိုယ်စားလှယ် ရှီလာ မက်သယူးက သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့ အေအက်ဖ်ပီက သတင်းရေးသားပါတယ်။
ဒါပေမယ့် စိုက်ပျိုးရေးလုပ်ငန်းတွေပေါ် ထိခိုက်မှုအသေးစိတ် အတိအကျကို မသိရသေးဘူးလို့ သူမက ဆက်ပြောပါတယ်။
“ ဒါပေမယ့် သေချာတာတစ်ခုကတော့ စားနပ်ရိက္ခာလုံခြုံရေးအပေါ် ထိခိုက်မှုကတော့ အကြီးအကျယ်ပျက်စီးတာပဲ”လို့ သူမကဖြည့်စွက်ပြောပါတယ်။
မြန်မာနိုင်ငံမှာရေကြီးရေလျှံမှုကြောင့် ၁၁၃ ဦးသေဆုံးခဲ့ပြီး လူပေါင်း သုံးသိန်းနှစ်သောင်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ခုနှစ်နှင့် ၂၀၁၅ တို့မှာ ရေကြီးရေလျှံမှုဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် လူပေါင်း ၁၃၈,၀၀၀ ကျော် သေဆုံးပျောက်ဆုံးဖြစ်ခဲ့ရပါတယ်။
နောက်ဆုံးအကျပ်အတည်းကြောင့် အစိုးရအနေနှင့် နိုင်ငံခြားအကူအညီကို မတောင်းခံစဖူး တောင်းခံခဲ့ပါတယ်။ အိမ်နီးချင်း အိန္ဒိယက ရိက္ခာခြောက်၊အဝတ်အစားနှင့်ဆေးဝါး ၁၀ တန်ကူညီဖို့ရှိနေပါတယ်။
Source AFP
ရွှေရည်ညွန်းဈေးကျပ်တစ်သိန်းခန့် အထိမြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 16 September 2024
#ရွှေဈေးမြင့်တက် #ရွှေရည်ညွန်းဈေး
#YMG/NN #Yangon_Times
အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ ဩဂုတ်လအထိ ၅ လအတွင်းပြည်ပနိုင်ငံ ပေါင်း၄၀ကျော်သို့ ကန်ဒေါ်လာ သန်း၁၃၀ ကျော်တန်ဖိုးရှိ ငါးမျိုးစုံတင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 16 September 2024
#ငါးမျိုးစုံတင်ပို့ #ငါးလုပ်ငန်းဦးစီဌာန
#YMG/NN #Yangon_Times
ရေဘေးသင့်ပြည်သူတွေအနေနဲ့ ရေကျချိန်မှာ ကလိုရင်းခတ်ထားတဲ့ရေကိုသောက်သုံးဖို့၊ ရေသန့်သောက်ဖို့နဲ့ ကြိုချက်ထားတဲ့ရေကို သောက်သုံးဖို့နဲ့ရေသန့်ဆေးပြားတွေခတ်ပြီး သောက်သုံးဖို့ ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
#Local_News
Published 16 September 2024
#သောက်သုံးရေ #ရေသန့်ဆေးပြားတွေခတ်
#YMG/tthl #Yangon_Times
#Local_News
Published 16 September 2024
▪️ လယ်ဝေးနှင့်တပ်ကုန်းမြို့များရှိ ရေဝင်ရောက်ရာမှ တင်ကျန်ခဲ့သော နုန်းမြေများအား သက်ဆိုင်ဂာအဖွဲ့အစည်းများ ပူးပေါင်းရှင်းလင်းနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၁၆ ရက်နေ့၊ မနက်၉ နာရီအချိန်ခန့်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာ၊ အလက(ပေါက်မြိုင်)စာသင်ကျောင်းအတွင်း ရေဝင်ရောက်ခဲ့သဖြင့် တင်ကျန်ခဲ့သော နုန်းမြေများအား သာဝတ္ထိနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
▪️ ထို့အတူ နေပြည်တော်၊ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ သဒ္ဓါဓိကဘိုးဘွားရိပ်သာအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် တင်ကျန်ခဲ့သော နုန်းမြေများအား ဥတ္တရခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၆ စက်တင်ဘာ ၂၀၂၄
အိန္ဒိယအစိုးရက တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ရေကြီးရေလျှံမှုများဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံအတွက် အရေးပေါ်အကူအညီ (၁၀)တန်ကို ပေးပို့လှူဒါန်းသွားမယ်လို့ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အိန္ဒိယနိုင်ငံက ရိက္ခာခြောက်၊ အဝတ်အထည်တွေ နှင့် ဆေးဝါးများအပါအဝင် တန်ချိန်၁၀ တန်ရှိတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံသို့ ပေးအပ်သွားမှာဖြစ်ပါတယ်။
အဲဒီအကူအညီတွေသယ်ဆောင်လာတဲ့ အိန္ဒိယစစ်ရေယာဉ် INS Satpura ဟာ အိန္ဒိယနိုင်ငံမှ ယနေ့ထွက်ခွာသွားပြီးဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ စေတနာ စစ်ဆင်ရေး လို့အမည်ရတဲ့ Operation Sadbhav နှင့် အိန္ဒိယက မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်နှင့် လာအိုတို့ကိုပါ ကူညီဖို့ဆောင်ရွက်နေပါတယ်။
အိန္ဒိယလေတပ်ဟာ ဗီယက်နမ်သို့ အကူအညီတန်ချိန် ၃၅တန်နှင့် လာအိုသို့ အကူအညီ၁၀တန် ကို မြန်မာနိုင်ငံနှင့်တစ်ပြိုင်နက် ပေးပို့ကူညီသွားမှာဖြစ်ကြောင်းသိရပါတယ်။
#knl/ymg
Page 136 of 1867