#Local_News
Published _ 16 november 2022
နိုဝင်ဘာလ ဒုတိယပတ်အတွင်း စားအုန်းဆီတစ်ပိဿာကို ၄၃၅၀ ကျပ် သတ်မှတ်လိုက်တယ်လို့ စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Pubished_16 November 2022
လက်ရှိဈေးကွက်ထဲမှာ ကြက်သွန်နီဈေးကွက်အပါအဝင် အခြားသောကုန်စည်ဈေးကွက်ဟာ အရောင်းအဝယ်အေးနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 16 November 2022
၁။ ကြက်သွန်ဈေးကွက် အရောင်းအဝယ်အေးနေ
၂။ စားအုန်းဆီတစ်ပိဿာ ပြင်ပပေါက်ဈေးမှာ သတ်မှတ်ရည်ညွှန်းဈေးထက် နှစ်ဆခန့်မြင့်မားနေ
၃။ မြန်မာတွင်သေဆုံးနှုန်းအများဆုံးရောဂါထဲတွင် ဆီးချိုသွေးချိုရောဂါပါဝင်၊ အဆီစားခြင်း၊ အထိုင်များခြင်းရှောင်ရန်လို
၄။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေသည့် လစ်ဗျားနိုင်ငံတွင် ရှားရှားပါးပါးကန္တာရ ကားမောင်းပြိုင်ပွဲကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 november 2022
ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂ သိန်း တင်ပို့နေရာမှာ လက်ရှိအချိန်ထိ တန်ချိန် ၆ သောင်းခွဲကျော်အထိ တင်ပို့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရသည်။
ပြီးခဲ့သော အောက်တိုဘာလဆန်းမှ စ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်ဖြူ တန်ချိန် ၂ သိန်း တင်ပို့နေပြီး အရောင်းအဝယ်စာချုပ်အရ လာမည့် ဒီဇင်ဘာလကုန်အထိ ၃ လအတွင်း တင်ပို့ရမှာဖြစ်ကြောင်း အသင်းချုပ်ရဲ့ တာဝန်ရှိသူထံမှ သိရသည်။
"လက်ရှိတင်ပို့မှု အခြေအနေအရ တန်ချိန် ၂ သိန်းကို အချိန်မီ တင်ပို့နိုင်ဖို့ရှိပြီး အလွန်ဆုံးနောက်ကျရင်တောင် ဇန်နဝါရီပထမပတ်လောက်အထိပဲ ဖြစ်မယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူတစ်ဦးမှ ဆိုခဲ့သည်။
နှစ်နိုင်ငံ MOU အရ ဘင်္ဂလားဒေ့ရှ်သို့ ပေါင်းဆန်တန်ချိန် ၅ သောင်းပါ တင်ပို့လို့ရသော်လည်း လက်ရှိမှာ ပေါင်းဆန်တင်ပို့ရန် အဆင်မပြေသေးကြောင်း အဆိုပါတာဝန်ရှိရဲ့ပြောကြားချက်များအရ သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်မှ ဆန်ဖြူတစ်တန်နှုန်းထားလျှင် ၄၆၅ ဒေါ်လာဝန်းကျင် သတ်မှတ်ဝယ်ယူပြီး ငွေလက်ငင်းစနစ်ဖြင့် ရောင်းချကြောင်းလည်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ခွဲတမ်း မြန်မာကုမ္ပဏီ ၃၀ ကျော် ရရှိထားကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_16 November 2022
ဘုရားသုံးဆူနယ်မြေတွင်ရှိသော သပြုမိုင်းတွင်းကို နစကဘက်က တပ်ဘက်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဆိုသော သတင်းများအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ယခုကဲ့သို့ တုန့်ပြန်ပြောကြားလိုက်သည်။
#Yangon_Media_Group
#Local_News
Published _ 16 november 2022
ရန်ကုန်တိုင်းအတွင်း၌ နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည့် ခရီးသည်တင် YBS ကားများပေါ်တွင် ခါးပိုက်နှိုက်ခံရခြင်းနှင့်လုယက်ခံရခြင်းများ ဖြစ်ပွားလျက်ရှိနေသဖြင့် ကြုံတွေ့လာရပါက ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)နှင့်နီးစပ်ရာရဲတပ်ဖွဲ့စခန်းများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြရန် YRTC ရဲ့တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က တိုက်တွန်းခဲ့သည်။
"ခရီးသည်တွေက သက်ဆိုင်ရာကို သူတို့ရရှိတဲ့ အချက်အလက်တွေ ဥပမာ ခါးပိုက်နှိုက်တွေသုံးတဲ့ Taxi နံပါတ်လိုမျိုး အချက်အလက်တွေကို အကြောင်းကြားရပါမယ်။ ခရီးသည်တွေအနေနဲ့ သူတို့ရရှိတဲ့ သတင်းအချက်အလက်တွေကို YRTC ဒါမှမဟုတ် ရဲတပ်ဖွဲ့ကိုပေးပို့ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်"ဟု ၎င်းကဆိုခဲ့သည်။
ခရီးသည်တင် YBS ကားများပေါ်၌ ခါးပိုက်နှိုက်ခြင်း၊လုယက်ခြင်းများအား ရဲတပ်ဖွဲ့နှင့် YRTC တို့ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီစုံစမ်းဖော်ထုတ် အရေးယူခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒါ့အပြင် YBS မှတ်တိုင်အချို့တွင်လည်း YRTC မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက စောင့်ကြပ်ကြည့်ရှုနေသကဲ့သို့ ခရီးသွားများအား အသိပညာပေးခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်တွင်လည်း ကမာရွတ်မြို့နယ်၊အမှတ်(၃)ရပ်ကွက်၊လှည်းတန်းလမ်းဆုံနှင့်စမ်းချောင်းမြို့နယ်၊မြေနီကုန်းတစ်ဝိုက်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်သူ ၁၁ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_16 November 2022
လက်ရှိ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဧပြီလ ၁ ရက်မှ အောက်တိုဘာလကုန်ထိ ၇ လတာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၁၄၀၀ ကျော် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှု ဦးစီးဌာန (DICA) ၏ စာရင်းများတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ မီနီဘတ်ဂျက်ကာလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများထဲတွင် ဝန်ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍ အတွက် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆၅၀ ခန့် ရှိခဲ့ကြောင်း လည်း အဆိုပါ စာရင်းများတွင် ဖော်ပြထားသည်။
ယင်းတွင် စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၈၁၀ ကျော်၊ဝန်ဆောင်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၄၁၀ ကျော် နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှု မှာ ကန်ဒေါ်လာ သန်း ၁၈၀ ခန့်ထိ ရှိခဲ့ကြောင်း၊စင်္ကာပူနိုင်ငံက လုပ်ငန်း ၁၄ ခု ၊ တရုတ်ကလုပ်ငန်း ၂၂ ခု ရှိကြောင်းလည်း အဆိုပါ စာရင်းများတွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
Page 1347 of 1942