#Local_News
Published _ 28 November 2022
ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ မတ်ပဲဈေးနှုန်း တစ်တင်းလျှင်ကျပ် ၆၀၀၀၀ ဝန်းကျင်ဖြင့်ဈေးငြိမ်နေခဲ့ပြီး ယခု နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ၅သောင်း၆ထောင် ကျပ်ဖြင့် ဈေးငြိမ်သက်နေကြောင်း ဟင်္သာတကုန်စည်ဒိုင်မှ သိရသည်။
အဆိုပါ ဈေးသည်ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်ဈေးနှင့်ယှဉ်ရင် ၁သောင်း၃ရာကျပ် ကွာဟနေပြီး မတ်ပဲဈေးကွက်လည်း ငြိမ်သက်နေလျှက်ရှိနေသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သည့် မတ်ပဲဈေးနှုန်းများမှာ နိုဝင်ဘာလ ၃ ရက်တွင် တစ်တင်းလျှင် ကျပ် ၅၇၅၀၀၊ ၄ ရက်တွင် ကျပ် ၅၈၀၀၀ ၊ ၈ ရက်တွင် ကျပ် ၆၀၀၀၀၊ ၉ ရက်တွင်ကျပ် ၆၀၀၀၀၊ ၁၀ ရက်တွင် ကျပ် ၆၀၃၀၀၊ ၁၁ ရက်တွင် ကျပ် ၅၉၈၀၀၊ ၁၂ ရက်တွင် ကျပ် ၆၀၀၀၀၊ ၁၃ ရက်တွင် ကျပ် ၅၈၈၀၀ အသီးသီးဖြစ်ခဲ့သည်။
ဟင်္သာတကုန်စည်ဒိုင် ပေါက်ဈေးအရ ယမန်နေ့အထိ မတ်ပဲ (၂၀)ပိသာပါသည့် တစ်တင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၅သောင်း၇ထောင်ဖြင့် ဈေးငြိမ်သက်နေလျှက်ရှိပြီး ယနေ့ နိုဝင်ဘာလ ၂၈ရက်ပေါက်ဈေးအရ ၅သောင်း၆ထောင် ကျပ်ဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံသို့တင်ပို့သည့် မြန်မာမတ်ပဲဈေးနှုန်းများမှာ မတ်ပဲ SQ ၁ တန်လျှင် CNF ဈေးနှုန်း $950 နှင့် FAQ ဈေးနှုန်း $815 ဖြစ်ပြီး၊ မတ်ပဲ FAQ ၏ FOB ဈေးနှုန်းမှာ ၁ တန်လျှင် $ 770 ဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာလအတွင်း၌ မြန်မာမတ်ပဲအား ကွန်တိန်နာ ၂၀-၂၅ ခန့်တင်ပို့ခဲ့ပြီး ပြည်တွင်းကုန်သည်များ၏ ခန့်မှန်းချက်အရ မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၁၅၀၀၀ နှင့် ပဲစင်းငုံလက်ကျန် တန်ချိန် ၂၀၀၀၀ ခန့်မှန်း ကျန်ရှိနိုင်ကြောင်းလည်း သိရသည်။
မြန်မာမတ်ပဲ ပြန်လည်စိုက်ပျိုးရာသီချိန်တွင်ဖြစ်ပေါ်နေသည့် လက်ရှိဈေးနှုန်းမှာ အမြင့်ဆုံးဖြစ်နိုင်ပြီး အိန္ဒိယဘက်မှဝယ်လိုအားကြောင့် ဈေးအနည်းငယ်တက်လာနိုင်သော်လည်း ယခုထက်ပို ဈေးအမြင့်တန်းရရှိရန် မျှော်လင့်၍မရနိုင်ကြောင်းလည်း သုံးသပ်ထားကြသည်။
#ymg/NN
#Yagon_Media _Group
#Local_News
Published_ 28 November 2022
တရုတ်နိုင်ငံမှ ယူနန်ပြည်နယ်ချစ်ကြည်ရေးအသင်းနှင့် ယူနန်ပြည်နယ် ဖောင်ဒေးရှင်းကပေးသည့် အသားစားနွားမွေးမြူရေး နည်းပညာသင်တန်းကို မြန်မာသင်တန်းသား(၁၈၀)တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်၊၊
ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းနှင့် ယူနန်ပြည်နယ် အရပ်ဘက် နိုင်ငံတကာချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်ရေး ဖောင်ဒေးရှင်းတို့သည် နိုဝင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ ၂၀၂၂ ခုနှစ် မြန်မာအသားစားနွား မွေးမြူရေးနည်းပညာသင်တန်းကို ကြီးမှူးကျင်းပခဲ့သည်။
အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစသည့် ဒေသန္တရအစိုးရ မွေးမြူရေးဌာနမှ အရာရှိများ၊ မွေးမြူရေးနည်းပညာဝန်ထမ်းများနှင့် မွေးမြူရေးသမားများ စုစုပေါင်း သင်တန်းသား သင်တန်းသူပေါင်း ၁၈၀ ခန့်တက်ရောက်ခဲ့သည်။
ယခုအကြိမ် နည်းပညာလေ့ကျင့်မှု၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံရှိ နွားမွေးမြူသူများနှင့် သက်ဆိုင်ရာနယ်ပယ်မှ နည်းပညာဝန်ထမ်းများက ကမ္ဘာ့အသားစားနွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ မျိုးစိတ်ရွေးချယ်မှုကို နားလည်သိရှိရန်ကူညီပေးပြီး သင်တန်းသား သင်တန်းသူများက တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ အစာမြက်များ မျိုးစိတ်ရယူစမ်းသပ်သည့် သဘောတရားမှ လက်တွေ့စမ်းသပ်မှုအထိနားလည်သိရှိမှုကို မြှင့်တင်ရန်ဖြစ်သည်။
သင်ခန်းစာများတွင် အသားစားနွားတွင် ကြုံတွေ့ရလေ့ရှိသည့် ရောဂါ ကာကွယ်ကုသရေး၊ အသားစားနွားကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အသားစားနွားမွေးမြူရေးနည်းပညာ၊ စားမြုံပြန်တတ်သောတိရစ္ဆာန်အစာကြမ်းများ ထုတ်ဖော်အသုံးချမှု၊ အသားစားနွားမွေးမြူရေးပုံစံအား ဆွေးနွေးမှုနှင့် မွေးမြူရေးအရင်းအနှီးထိန်းချုပ်မှု၊ အရည်အသွေးမြင့် တစ်ဖူးလိုက်ပြောင်းချဉ်ဖတ် ပြုလုပ်ခြင်းနည်းပညာစသည်တို့ ပါဝင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 28 November 2022
တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်ရှိ Beibu ပင်လယ်ကွေ့ဆိပ်ကမ်း ချင်းကျိုးဆိပ်ကမ်းဇုန်မှ မြန်မာနိုင်ငံသို့တိုက်ရိုက်ရေလမ်းကြောင်း ပုံမှန်ပြေးဆွဲနေကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်၊၊
လက်ရှိတွင် အဆိုပါရေလမ်းကြောင်းသည် အလှည့်ကျပုံမှန်ပြေးဆွဲနေပြီဖြစ်ကာ အဓိကအားဖြင့် ကုန်းတွင်းပိတ်ဒေသ ကုမ္ပဏီများက စက်ပစ္စည်းစသည့် ပစ္စည်းများ တင်ပို့၍ စိုက်ပျိုးရေးတွဲဖက်ထွက်ကုန်များစသည့် မြန်မာနိုင်ငံထွက် အရည်အသွေးမြင့်ကုန်ပစ္စည်းများတင်သွင်းရန် ဝန်ဆောင်မှုပေးလျက်ရှိသည်ဟု ဆိုသည်၊၊
ချင်းကျိုးမှ စထွက်ကာ ၁၂ ရက်အကြာတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ရောက်ရှိနိုင်ပြီး ယခင်သမားရိုးကျရေလမ်းကြောင်းများနှင့် နှိင်းယှဉ်ပါက တိုက်ရိုက်ရေလမ်းကြောင်းသည် ကြာချိန် ၈ ရက်လျှော့နည်းမည်ဖြစ်သည်။
၎င်းသည် မလေးရှားနိုင်ငံ ခလန်၊ မြန်မာနိုင်ငံ ရန်ကုန်၊ အင်ဒိုနီးရှားနိုင်ငံဘီလာဝမ်ကို တိုက်ရိုက်ရောက်ရှိနိုင်ပြီး တစ်ဆင့်ပြောင်းသည့် နည်းလမ်းဖြင့် မလေးရှားနိုင်ငံ Pasir Gudang ၊ ပီနန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းစသည့်ဆိပ်ကမ်းများသို့ ပို့ဆောင်နိုင်ကြောင်းသိရသည်၊၊
အလှည့်ကျပြေးဆွဲမှုကြောင့် ကုန်စည်စီးဆင်းမှု အထွေထွေအရင်းအနှီးကို အများအပြားလျှော့ချနိုင်ပြီး ဒေသနှစ်ခုအကြား ကုန်ပစ္စည်းပို့ဆောင်သော ဝန်ဆောင်မှုစံနှုန်းကိုမြှင့်တင်နိုင်သည်။
ဆန်ကွဲ၊ စိုက်ပျိုးရေးတွဲဖက်ထွက်ကုန်များ (Subsidiary Agricultural Products)၊ ခဲသတ္ထု၊ မြေသြဇာစသည်တို့သည် Beibu ပင်လယ်ကွေ့ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံအကြား နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်း အသွားအလာရှိသည့် အဓိကကုန်ပစ္စည်း အမျိုးအစားများဖြစ်ကာ တရုတ်-မြန်မာပြည်သူများ၏ ကုန်ထုတ်လုပ်မှုနှင့် လူနေမှုဘဝနှင့်ပတ်သက်လျက်ရှိသည်၊၊
မြန်မာနိုင်ငံသို့ တိုက်ရိုက်ရေလမ်းကြောင်း စတင်ပြေးဆွဲပြီးနောက် အဆိုပါ ကုန်ပစ္စည်းများသည် ပိုမြန်ဆန်၍ ပိုသစ်လွင်သောပုံစံဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးဆက်ဆံမှုကို “အပြန်အလှန်အကျိုးပြုရန် အားဖြည့်ပေး” မည်ဖြစ်သည်။
အောက်တိုဘာလ ၂၈ ရက်တွင် ကွမ်ရှီးပြည်နယ် Beibu ပင်လယ်ကွေ့ဆိပ်ကမ်း ချင်းကျိုးဆိပ်ကမ်းဇုန်သို့ "SITC Venus" သင်္ဘောအဆင်ပြေချောမွေ့စွာ ဆိုက်ရောက်လာပြီး Beibu ပင်လယ်ကွေ့ဆိပ်ကမ်း ကွန်တိန်နာကုမ္ပဏီ အမှတ် (၃) ဆိပ်ခံတံတား ဆိုက်ကပ်ရပ်နားရာနေရာမှာ ဆိုက်ကပ်ခဲ့သဖြင့် Beibu ပင်လယ်ကွေ့ဆိပ်ကမ်း - မြန်မာတိုက်ရိုက်ရေလမ်းကြောင်း စတင်ပြေးဆွဲခြင်းကို သဘောဆောင်နေသည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Published 27 Nov 2022
မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော်ရာဘုရားတွင်ဘုရားဖူးပြည်သူတွေ အဆင်ပြေချောမွေ့စေရေးအတွက် ယာယီချောင်းကူးတံတားနှင့် ရေထိန်းနံရံတစ်ခုတည်ဆောက်သွားရန်ရှိတယ်လို့ သိရပါတယ်။
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဟာ နိုဝင်ဘာ ၂၇ ရက် ယနေ့ မနက်ပိုင်းတွင် မန်းရွှေစက်တော်ဘုရားသို့ သွားရောက်ဖူးမြှော်ကြည်ညိုစဉ် ယခုလို ညွှန်ကြားခဲ့တာဖြစ်တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
ပါဒစေတီတော်၊အောက်ခြေတော်ရာမြတ်သို့ သွားရောက်တဲ့ ယာယီချောင်းကူးတံတားကို ရေအမြင့်နှင့်လျော်ညီပြီး ဘုရားရင်ပြင်တော်ထက်မမြင့်တဲ့ ယာယီဘေလီသံတံတားတစ်စင်းနှင့် ချောင်းရေကို သင့်တော်တဲ့ ရေအမြင့်ထိန်းသိမ်းထားနိုင်ဖို့ ရေထိန်းနံရံငယ်တစ်ခုတည်ဆောက်ဖို့ ပြောဆိုခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် နစက ဥက္ကဋ္ဌ၊နှင့်အဖွဲ့ဝင်တွေဟာ ပွင့်ဖြူမြို့နယ် သက်သာပန်းတောင်းကျေးရွာမှာတည်ထားတဲ့ စကြာပန်းတောင်းစေတီတော်မြတ်ကြီးကိုလည်း သွားရောက်ဖူးမြှော်ကြပြီးနောက် လက်ကိုင်းကျေးရွာရှိ ရွှေပြည်အေးဘုရားနှင့် ဓမ္မာရုံပြုပြင်မွမ်းမံထားမှုတွေကြည့်ရှုခဲ့ပါတယ်။ အဲဒီနောက် ဒေသခံပြည်သူတွေနှင့် တွေ့ဆုံပြီး ကျေးရွာရန်ပုံငွေကျပ်သိန်း၅၀လှူဒါန်းခဲ့တယ်လို့လည်း သတင်းအရသိရပါတယ်။
ဆက်လက်ပြီး ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ဟာ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲ စေတီတော်သို့ သွားရောက်ဖူးမြှော်ခဲ့ပြီး ဘက်စုံအလှုငွေတွေပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
အဲဒီနောက်စေတီတော် ပုရိဝုဏ်အတွင်း ရတနာသုခဓမ္မာရုံမှာ ရပ်ဖိရပ်ဖတွေနှင့် တွေ့ဆုံကာ ဒေသတွင်းစီးပွားရေး လုပ်ငန်းတွေနှင့် လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း၁၀၀နှင့် မင်းဘူးဘိုးဘွားရိပ်သာတည်ဆောက်ရေးအတွက် အလှူငွေကျပ်သိန်း၁၀၀ အသီးသီးလှူဒါန်းခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
-ymg/knl
#SAC_SG
#Local_News
Published_ 27 November 2022
အရှေ့လေပွေလှိုင်းတွေကြောင့် ရန်ကုန်တိုင်းအပါ အဝင်ဒေသအချို့မှာ မိုးသည်းထန်ဦးမှာဖြစ်ပြီး မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကသတိပေးပြောကြားလိုက်ပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_27 November 2022
ခရီးသွားရာသီကာလအတွင်း ပြည်ပကိုခရီးထွက်တဲ့ မြန်မာနိုင်ငံသားပိုများလာပြီး ဗုဒ္ဓဂါယာကို အများဆုံးသွားရောက်ကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဦးနောင်းနောင်းဟန် ကပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published_27 November 2022
MoU မြန်မာအလုပ်သမား ၉၉ ဦး ကော့သောင်းနယ်စပ်ဂိတ်ကတစ်ဆင့် ထိုင်းနိုင်ငံသို့ နိုဝင်ဘာလ ၂၅ ရက်တွင် ထပ်မံထွက်ခွာခဲ့ကြကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန က သိရသည်။
ထိုင်းနိုင်ငံရှိ Siam Health Group Co, Ltd နှင့် Innowoods Co, Ltd တွင် လုပ်ကိုင်မည့် အလုပ်သမား ၄၉ ဦးကို ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရ အေဂျင်စီ J.M.K Services Co, Ltd က လည်းကောင်း၊ ထိုင်းနိုင်ငံ KL Concrete and Construction Co, Ltd တွင် လုပ်ကိုင်မည့် အလုပ်သမား ၅၀ ဦးကို Thet Mann Services Co, Ltd ကလည်းကောင်း ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအလုပ်သမားများအနေဖြင့် (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ် ၊ ကော့သောင်း အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1321 of 1941