#Local_News
Published_ 29 November 2022
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသည် ဖနောင်ပင်မြို့ရှိ စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားတက္ကသိုလ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုနှင့်အနုပညာပြပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုနှင့် အနုပညာ ဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယား နိုင်ငံ၊ Svay Rieng ပြည်နယ် လူငယ် အစည်းအရုံးကဦးဆောင်၍ ဆောင်ရွက်တာဖြစ်ပါ တယ်။
ASEAN Village Program ကို နိုဝင်ဘာ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် စတင်ကျင်းပခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်တွင် တရားဝင်ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mrs. Minh Kosiny နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်အများအပြားနှင့် လူငယ် ကျောင်းသား ကျောင်းသူ အမြောက်အမြား တက်ရောက်ခဲ့ကြပါတယ်။
ASEAN Village Program ၌ ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အာဆီယံသံရုံးများ သာမက အာဆီယံနိုင်ငံများမှ ရိုးရာအစားအသောက်နှင့် အသုံးအဆောင်များ၊ အစား အသောက်များရောင်းချတဲ့ ပုဂ္ဂလိကဆိုင်ခန်းများလည်း ပါဝင်ပြသခဲ့ပြီး၊ ညပိုင်းတွင် ကမ္ဘောဒီးယားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့က ဖျော်ဖြေတင်ဆက်မှုခဲ့ကြပါတယ်။
ဖနောင်ပင်မြို့၊ မြန်မာသံရုံးအနေဖြင့် နိုင်ငံအလိုက် ဖွင့်လှစ်သည့် ရိုးရာယဉ်ကျေးမှု ပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချခြင်းအပြင် မြန်မာ့ရိုးရာ အစားအသောက်ဖြစ်သည့် အုန်းနို့ခေါက်ဆွဲနှင့် မုန့်ဟင်းခါး၊ မြန်မာတို့၏ ရိုးရာလက်ဖက်ပွဲနှင့် မြန်မာ့လက်ဖက်ရည် တို့နှင့်ပါ နေ့အလိုက် မိတ်ဆက်တည်ခင်းခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက်၌ ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာပညာတော်သင်များက ဦးရွှေရိုး-ဒေါ်မိုး အကအပြင် ခမာသီချင်းဖြင့်လည်း ပါဝင်သီဆိုဖျော်ဖြေခဲ့ကြပြီး နိုဝင်ဘာ ၂၇ ရက်၌ ရိုးရာယဉ်ကျေးမှု ဝတ်စုံကို ဝတ်ဆင်ပြသတဲ့ Fashion Show တွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Published 28 November 2022
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သော်လည်း သတ်မှတ်ထားတဲ့ ရည်မှန်းချက်ပြည့်မီမှုမရှိတဲ့ အတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့ နစက ဥက္ကဋ္ဌက မကွေးတိုင်းဒေသကြီးမှာရှိတဲ့ လုပ်ငန်းရှင်တွေကို မှာကြားခဲ့ပါတယ်။
နိုဝင်ဘာ ၂၈ ရက် ဒီကနေ့မနက်ပိုင်းက နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ မကွေးမြို့ မြို့တော်ခန်းမမှာ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွာရေးလုပ်ငန်းရှင်တွေနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊နှမ်း၊နေကြာစိုက်ပျိုးမှုများမှာ အထွက်နှုန်းတိုးတက်အောင် ကြိုးပမ်းကြဖို့ကိုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့ပါတယ်။
တွေ့ဆုံပွဲတက်ရောက်လာတဲ့ ဆီစက်လုပ်ငန်းရှင်တွေကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပြီး ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ဖို့ ဆောင်ရွက်နေတာတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့်လည်း နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆီထွက်သီးနှံတွေထဲမှာ မြေပဲတစ်ခုတည်းသာ အထွက်နှုန်းကောင်းမွန်ခဲ့၍ ကျန်ဆီထွက်သီးနှံတွေဟာ ပန်းတိုင် အထွက်နှုန်းရည်မှန်းချက်မပြည့်မီခဲ့တာဖြစ်ပါတယ်။အဲဒီအပြင် ဆီအုန်းတွေကိုလည်း ပြည့်ဝစွားစိုက်ပျိုးမှုမရှိတဲ့ အတွက် ဆီထုတ်လုပ်မှုနည်းပါးနေကြောင်းလည်းသိရပါတယ်။
မကွေးတိုင်းဒေသကြီးဟာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မြေပဲ ၁၇၈၇၉၂ ဧက၊ နှမ်း ၁၄၅၈၈၈ ဧကနှင့်နေကြာ ၁၀၉၆၂ ဧကစိုက်ပျိုးခဲ့ပြီး စားသုံးဆီ ၁၅၉၇၀၃ မက်ထရစ်တန်ခန့်မှန်းထွက်ရှိခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကို ကိုးကား၍ စားသုံးသူရေးရာဦီးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးမှာ မြေပဲ၇၈၉၉၉၀ဧက၊၊ နှမ်း ၁၂၄၂၃၅၆ဧကနှင့် နေကြာ၄၆၆၃၈၀ ဧက စိုက်ပျိုးသွားဖို့လျာထားတယ်လို့လည်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။
ပြည်တွင်းစားသုံးဆီလုံလောက်မှုမရှိတဲ့အတွက်နှစ်စဉ် ပြည်ပမှ တန်ချိန်ကိုးသိန်းကျော်တင်သွင်းနေရတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ပြည်တွင်းမှာ စားသုံးဆီစက်တွေက တစ်လကို တန်ချိန်၁၈၀၀၀ကျော် ကြိတ်ခွဲထုတ်လုပ်နိုင်ပေမယ့် အချို့စက်တွေကိုရပ်နားထားရပြီး အချို့မှာ ကုန်ကြမ်း အခက်အခဲကြောင့်စက်စွမ်းရည်အပြည့်မလည်ပတ်နိုင်ဖြစ်ခဲ့ရတယ်လို့လည်းသိရပါတယ်။
နစကဥက္ကဋ္ဌဟာ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အကောင်းဆုံးချည်ထည်များထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်စေရေးကို လည်း တွေ့ဆုံပွဲမှာ ထည့်သွင်းဆွေးနွေးအကြံပြုခဲ့ပါတယ်။ အဲဒီအပြင် လက်ရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက် ရေး ဆောင်ရွက်ပေးနေတာတွေကိုလည်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက် ဗိုလ်ချူပ်မှူးကြီးဟာ မကွေးတိုင်းဒေသကြီးရဲ့ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေက ခင်းကျင်းပြ သထားတဲ့ ဒေသထုတ်ကုန်ပြခန်းတွေကို စိတ်ဝင်တစားလေ့လာခဲ့ပြီး သိလိုတာတွေမေးမြန်းဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
#Myanmar_SG
#Local_News
Published _ 28 November 2022
ရန်ကုန်ကသားငါးဈေးကွက်မှာ အခုရက်ပိုင်းထဲ ကုန်အဝင်များလာတဲ့ မြစ်ငါးတန်တွေ ဈေးကျဆင်းနေတယ်လို့ ငါးဈေးကွက်ကနေ တစ်ဆင့်သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 28 November 2022
အငြိမ့်သဘင်လောကမှာ တစ်ချိန်တုန်းကနာမည်ကြီးခဲ့ပြီးတော့ အခုချိန်မှာနာမကျန်းဖြစ်ပြီး စားရေးနေရေး ခက်ခဲလို့အကူအညီတောင်းခံလာတဲ့အငြိမ့်မိခင်ကြီး (၄၀)နီးပါးအထိရှိလာတယ်လို့ 'နှလုံးသားကိုအလှဆင်မည့် အငြိမ့်မင်းသမီးများ ပရဟိတအဖွဲ့'ဥက္ကဌ ကျားလေးစိန်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_28 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၈ ရက်အထိ ရက်ပေါင်း ၂၃၀ အတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၆၀ သန်းနီးပါးရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_28 November 2022
အခြေခံစားသောက်ကုန် အမျိုးအစားထဲတွင် ပါဝင်တဲ့ အာလူးဈေးတွေ လက်ရှိမှာ မြင့်တက်နေလျှက်ရှိနေတယ်လို့ အရောင်းအဝယ်ပြုလုပ်နေတဲ့ ကုန်စည်ဒိုင်တွေနဲ့ ဈေးကွက်ထဲကတစ်ဆင့် သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 28 November 2022
၁။ ဈေးကွက်ထဲ၌ တရုတ်အာလူးများ ဈေးကောင်းပိုရနေ
၂။ ၇ လကျော်ကာလအတွင်း ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၆၀ သန်းနီးပါးရရှိ၊ ယမန်နှစ်ထက် ၈ သန်းကျော်လျော့ကျ
၃။ နာမကျန်းဖြစ်ပြီး စားရေးနေရေးခက်ခဲ၍ အကူအညီတောင်းခံလာသည့် အငြိမ့်မိခင်ကြီး(၄၀)နီးပါးရှိလာ
၄။ Black Friday ရာသီအထိမ်းအမှတ်အဖြစ် တစ်လက်သုံးပစ္စည်းများနှင့်ဇိမ်ခံပစ္စည်းများအား အမေရိကန်တွင်အထူးလျှော့ဈေးဖြင့်ရောင်းချလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1319 of 1941