#Local _News
Published _ 1 December 2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့မှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ Ayeyarwaddy Integrated Food Industry Complex ငါးမွေးမြူရေးစီမံကိန်းမှထုတ်လုပ်တဲ့ ငါးတန် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို ၂၀၂၃ ခုနှစ်မှစတင်ကာ ပြည်ပတင်ပို့ဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 December 2022
နယ်ကနေ ရန်ကုန်ကို ကုန်ကားတွေအဝင်နည်းနေတာကြောင့် အာလူး ၊ ကြက်သွန်နဲ့ ငရုတ်ဈေးနှုန်းဟာ အနည်းငယ်မြင့်တက်နေတာဖြစ်တယ်လို့ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 1 December 2022
၁။ နယ်မှကုန်ကားများ အဝင်နည်းနေသည့်အတွက် အာလူး၊ ကြက်သွန် နှင့် ငရုတ်ဈေးနှုန်းများအနည်းငယ် မြင့်တက်နေ
၂။ ငါးတန် တန်ဖိုးမြှင့်ထုတ်ကုန်များကို ၂၀၂၃ ခုနှစ်မှစတင်၍ ပြည်ပသို့တင်ပို့မည်
၃။ ဒေသအချို့တွင် လေပြင်းတိုက်ပြီး မိုးကြီးဦးမည်ဖြစ်၍ ဒီဇင်ဘာလခရီးသွားမည့်သူများ သတိပြုရန်လို
၄။ အကသင်တန်းပေးခြင်းဖြင့် ပေါ်တူဂီအကျဉ်းသားများ၏ စိတ်နေသဘောထားများ ပြောင်းလဲလာရန် မျှော်လင့်နေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_1 December 2022
ကိုဗစ်-၁၉ ရန်ပုံငွေကနေ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေ ပြန်ဆပ်ရမယ့် ကာလကို သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ပေးထားတယ်လို့ အသိပေး ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 December 2022
နိုင်ငံသားတိုင်း အခြေခံပညာကို KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။
နိုဝင်ဘာလ ၃၀ ရက်က အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူ ၇ ဒသမ ၂၃ သန်းကျော် ပညာသင်ကြားလျက်ရှိကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် စနစ်တကျ လုပ်ဆောင်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 1 december 2022
အလုပ်သမား အမျိုးသား၊ အမျိုးသမီး ၅၄၅ ဦးခေါ်ယူရန် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလုပ်ကမ်းလှမ်းစာ ၁၈၆ ခု ပေးပို့ခဲ့သည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး(တိုကျိုမြို့)မှ နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရကုမ္ပဏီများက စေလွှတ်သွားမည်ဖြစ်၍ အလုပ်ကမ်းလှမ်းစာများအား မြန်မာသံရုံး(တိုကျိုမြို့) သို့ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့ခဲ့ကြောင်း ပါရှိသည်။
အလုပ်ကမ်းလှမ်းစာ(Demand Letter) များနှင့်ပတ်သက်၍ မြန်မာသံရုံး(တိုကျိုမြို့)မှ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိအား စာရွက်စာတမ်းအထောက်အထားများနှင့်တကွ စီစစ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ စီစစ်ခြင်းကို မြန်မာသံရုံး(တိုကျိုမြို့)မှ နိုဝင်ဘာလ ၁၆ ရက်မှ ၃၀ ရက်အထိပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အလုပ်ကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_1 December 2022
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄၂ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေသည့် နယ်စပ်စခန်းများအနက် စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၆၃ သန်း၊ စစ်တွေ (ပုံမှန်)ဂိတ်မှ အမေရိကန်ဒေါ်လာ ၈ သန်း၊ ကျောက်ဖြူဇုန်မှ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၆၂ သန်း၊ မောင်တောဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၂ သန်းရရှိထားကြောင်း စာရင်းများအရ သိရသည်။
အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၉ သန်းရရှိထားပြီး ၄ သန်းကျော်ပိုမိုကုန်သွယ်မှုပြုလုပ်ထားကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ပြီး အဆိုပါစခန်းနှစ်ခုမှ ရေထွက်ကုန် ၆၅ ရာခိုင်နှုန်းနှင့် ကုန်ခြောက် ၃၅ ရာခိုင်နှုန်း တင်ပို့နေပြီး ရေထွက်ကုန်တင်ပို့မှုတွင် မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နဲ့ ငါးမှုန်ခြောက်များ ပါဝင်ကြောင်း သိရသည်။
တင်ပို့နေသည့် ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည်များပါဝင်ကြောင်း သိရသည်။ ယင်းအပြင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်တစ်ခုဖြစ်သည့် ဆန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လက်ရှိအချိန်ထိ တန်ချိန် ၆ သောင်းခွဲကျော်တင်ပို့ပြီးဖြစ်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1312 of 1941