#Local_News
Published_ 3 December 2022
ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း၌ အရှည် ၅၅၄ မီတာရှိ Sky Cable တည်ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) သို့ ရောက်ရှိခဲ့ပြီး အပန်းဖြေစခန်း အတွင်း ပြည်သူများစိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်း သာယာ လှပအောင်ဆောင်ရွက်ရန်နှင့် တောတွင်းလျှောက်လမ်းများတွင် ရေညှိများ ကပ်ငြိမှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန်တို့အား မှာကြားခဲ့ပါတယ်။
ယင်းနောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Sky Cable တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) အတွင်း လှည့်လည်ကြည်ရှုကာ လာရောက်အပန်းဖြေ အနားယူနေကြတဲ့ ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါတယ်။
ရေတံခွန်သို့ လာရောက်လည်ပတ်အပန်းဖြေသူများ သဘာဝတောတွင်း အလှအပ များကို လှည့်လည်ကြည့်ရှုနိုင်ရန် ဖောက်လုပ်ထားသည့် တောတွင်းလျှောက်လမ်းအား လှည့်လည်ကြည့်ရှုပြီး Sky Cable ဆင်းသက်မည့် နေရာတည်ဆောက်နေမှုကို ကြည်ရှု စစ်ဆေးခဲ့ပါတယ်။
အဆိုပါ အပန်းဖြေစခန်း အတွင်းရေတံခွန် ၃ ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကာ လာရောက် လည်ပတ်သူများ စိတ်အပန်းပြေစေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်း လျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်းအဆင့်မြှင့်တင်ထားကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_2 December 2022
လျှပ်စစ်မီးပြတ်တောက်တာတွေကြောင့် CNG ဂတ်စ်ဆိုင်တွေမှာ ဂတ်စ်မရရှိမှုပြသနာတွေ ကြုံတွေ့နေရတယ်လို့ အငှားယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 2 December 2022
မြန်မာ့ငါးသလောက်ကို ပြည်ပပို့ကုန်အဖြစ်နှစ်စဉ်တင့်ပို့နေလျှက်ရှိပြီး မျိုးစိတ်သုတေသနလုပ်ငန်းတွေလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_2 December 2022
G to G စနစ်အရ မြန်မာနိုင်ငံကနေ ဘင်္ဂလာ့ဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန် တစ်သိန်းကျော် တင်ပို့ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 December 2022
လတ်တလောမှာ လျှပ်စစ်မီးလာတဲ့အချိန်နည်းပါးနေဆဲမို့ မီးစက်အသုံးပြုရတာတွေများနေတဲ့အတွက် ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်းတွေအခက်တွေ့နေတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)မှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 2 December 2022
၁။ မီးစက်အသုံးပြုရမှုများနေ၍ ပုဂံဒေသရှိဟိုတယ်များ အခက်တွေ့နေ
၂။ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန်တစ်သိန်းကျော် တင်ပို့ထား
၃။ ငါးသလောက်တွေကို ဖမ်းဆီးမှုနည်းစနစ်ပြောင်းပြီး မျိုးစိတ်သုတေသနလုပ်ငန်းများဖြင့် ပြည်ပသို့တင်ပို့နေ
၄။ ယူနက်စ်ကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သူများကို မကြာမီထုတ်ပြန်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 2 December 2022
နိုဝင်ဘာလဆန်းပိုင်းမှ စတင်ပြီး တက်ရိပ်ပြခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ လက်ရှိ တစ်လအတွင်းမှာပဲ အမြင့်ဆုံးကို ရောက်ရှိနေပါပြီ။
#Yangon_Media_Group
Page 1309 of 1941