ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ တစ်လတစ်ကြိမ်သာ အလုပ်ခေါ်စာတင်ပြရမှာဖြစ်ပြီး နိုင်ငံအလိုက် အလုပ်ခေါ်စာအသစ်တင်ရမယ့် လုပ်သားဦးရေကို ကန့်သတ်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 25 March 2025
#နိုင်ငံအလိုက်လုပ်သားဦးရေကန့်သတ် #ပြည်ပအလုပ်အကိုင်အေဂျင်စီ
#YMG/SW #Yangon_Times
မြေပဲ၊ နေကြာ၊ နှမ်းဆီပိဿာချိန်ခြောက်သောင်းကျော် ရောင်းချပေးသွားမယ့် ‘ပြည်တွင်းဆီများ သင်္ကြန်အကြိုဈေးရောင်းပွဲတော်’ကို ရန်ကုန်မြို့မှာ ဧပြီလအတွင်းကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကသိရပါတယ်။
#Local_News
Published 25 March 2025
#သင်္ကြန်အကြိုဈေးရောင်းပွဲတော် #မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေနဲ့ လာမယ့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ပေါင်းဆန်တန်ချိန် ၃ သိန်း တင်ပို့နိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။
#Local_News
Published 25 March 2025
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ပြည်ပသို့ပေါင်းဆန်တင်ပို့
#YMG/SW #Yangon_Times
ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်တော်ကို ရန်ကုန်မြို့မှာစည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 25 March 2025
#ယူနက်စကိုစာရင်းဝင် #မြန်မာ့ရိုးရာအတာသင်္ကြန်
#YMG/NN #Yangon_Times
#Local_News
Published 25 March 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ သောက်သုံးရေအခက်အခဲရှိသည့် ကျေးရွာများရှိရာ ရေလှူဒါန်းမှုများပြုလုပ်နေကြောင်း သိရသည်။
▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်၊ ငါ့လင်းပုတ်ကျေးရွာရှိ သောက်သုံးရေအခက်အခဲဖြစ်ပွား နေကြောင်းသိရသည်။
▪️ ထို့ကြောင့် ငါ့လင်းပုတ်ကျေးရွာရှိ သောက်သုံးရေအခက်အခဲဖြစ်ပွားနေသော အိမ်ထောင်စုများကို မတ်လ ၂၅ ရက်နေ့၊ မနက် ၁၀ နာရီ အချိန်က
တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန်(၃၂၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 March 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ စက်သုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာ ၃၅ သန်းနှင့် တရုတ်ယွမ် ၁၀ သန်း ထုတ် ရောင်း သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ရောင်းချရာတွင် စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၃၅ သန်း နှင့် သွင်းကုန်လုပ်ငန်းရှင်များကိုမူ တင်တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမည် ဖြစ်သည်။
▪️ သို့သော် ရောင်းချပေးမည့် နိုင်ငံခြားငွေများအတွက် ရည်ညွှန်းငွေလဲနှုန်းကိုတော့ သီးခြားဖော်ပြထားခြင်း မရှိသေးကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 March 2025
▪️ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့ရှိ အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် (၅)ကီလိုမီတာ အပျော်တန်းအပြေးပြိုင်ပွဲသို့ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ သံအမတ်ကြီးနှင့် ပထမအတွင်းဝန်တို့ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အပျော်တန်း အပြေးပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၃-၃-၂၀၂၅ ရက် နံနက်(၀၅၃၀)အချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်ရာအပြေးပြိုင်ပွဲအား ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာဝါရင့်ဝန်ကြီး H.E. Prof. Dr. SOK Siphana နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H. E. MEAS Kim Heng တို့က အဖွင့်မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြပြီး အားကစားပွဲကို စတင်ခဲ့ကြောင်း သိရသည်။
▪️ အပျော်တန်းအပြေးပြိုင်ပွဲကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး၏ အရေးပါမှုအပေါ် အသိပညာမြှင့်တင်ရန်နှင့် Kuntha Bopha ကလေး ဆေးရုံကြီးအတွက် ရန်ပုံငွေရရှိရေး ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မဲခေါင်-လန်ချန်း နိုင်ငံသံရုံးများဖြစ်ကြသော တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ထိုင်း သံရုံးတိုမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၇၀၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်း၊
▪️ ပြိုင်ပွဲတွင် ပထမဆုံးပန်းဝင်သည့် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦးတိုအား ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲမှရရှိခဲ့သည့် အလှူငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၆၈၂/- ကို Kuntha Bopha ကလေးဆေးရုံကြီးမှ တာဝန်ရှိသူထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 14 of 1961