#Local _News
Published _ 8 December 2022
လက်ရှိ ဝဥ အစို အသားဈေးရဲ့ ပေါက်ဈေးက ၁၁၀၀ ပတ်ဝန်းကျင်ရှိနေပြီး မျိုးဈေးတွေကလဲ ကျဆင်းနေတာကြောင့် ပြီးခဲ့တဲ့ နှစ်နဲ့ အခုနှစ် ၂နှစ်တာကာလအတွင်းမှာ ဝဥစိုက်ပျိုးမှု ပိုလာခဲ့တယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 8 Dec 2022
အီရတ်နိုင်ငံတွင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်နေသော မြန်မာအမျိုးသမီး ၃ ဦး အခက်အခဲ အမျိုးမျိုးဖြစ်နေကာ နေရပ်ပြန်လိုနေကြကြောင်း သိရသောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်သွယ်ကူညီခဲ့ရာတွင် ၃ ဦး ထဲမှ မစုမွန်ထွေး နှင့်အဆက် အသွယ်ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
"အီရတ်နိုင်ငံမှာ အိမ်အကူသွားရောက်လုပ်ကိုင်တဲ့ မြန်မာမိန်းကလေး ၃ ဦးထဲမှာ မစုမွန်ထွေး နဲ့ အဆက် အသွယ်ရရှိခဲ့ပါတယ်။ လေယာဉ်လက်မှတ် ကိုယ်တိုင်ဝယ်ပြီးတော့ ပြန်ဖို့ သဘောတူချက်ရပြီးဖြစ်ပါတယ်။ကျန် ၂ ဦးမှာ အဆက်အသွယ်မရရှိသေးပါ။ မစုမွန်ထွေးဆီက သိရတာက သူနဲ့လည်း ကျန်တဲ့ နှစ်ယောက်နဲ့ အဆက်အသွယ်မရဘူး၊ ဖုန်းတွေကို သိမ်းထားတယ်လို့ ယူဆရတယ်လို့ ပြောပါတယ်"ဟု နစက တာဝန်ရှိသူက ပြောသည်။
မစုမွန်ထွေးက ၎င်းအနေဖြင့် သူမအား အီရတ်ကို ပို့ပေးသည့် အေဂျင်စီနှင့် အသက်အသွယ်ရသွားတာကြောင့် လေယာဉ်လက်မှတ်ဝယ်၍ ပြန်ရန် ပြောဆိုပြီးဖြစ်ကြောင်းလည်း viber က တစ်ဆင့် ပြောဆိုထားသည်။
"သမီးအဆင်ပြေသွားပြီဆရာ၊အေ့ဂျင့်ကလေ သမီးကို ညှိပေးပြီတဲ့ ၊ လေယာသ်လက်မှတ်ပဲ ဖြတ်ပြီး ပြန်ရမယ်၊ကူညီကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"ဟု ယင်းအသံဖိုင်တွင် ပြောဆိုထားသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 December 2022
မြန်မာ့လက်မှုလုပ်ငန်းတွေ ပြည်တွင်းမှာရောပြည်ပမှာပါ ဈေးကွက်ပြန်လည်ရရှိစေဖို့ နည်းလမ်းနှစ်မျိုးနဲ့ ဆောင်ရွက်နေရတယ်လို့ မြန်မာ့လက်မှုအနုပညာအသင်း ဥက္ကဌဦးသာဓုထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local _News
Published _ 8 december 2022
လက်ရှိမှာတော့ ကောက်ရိုးမှိုတွေဟာ ဈေးကွက်ထဲမှာ ၇ထောင်ကနေ ၁သောင်းဝန်းကျင်လောက်အထိ ပေါက်ဈေးရှိနေပြီး စားသုံးသူဈေးကွက်ထဲမှာတော့ တသောင်းကနေ ၁သောင်း၃ထောင်ဝန်းကျင်အထိ ရှိနေတယ်လို့ မှိုစိုက်ပျိုးထုတ်လုပ်သူတွေတီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_8 December 2022
ရှစ်လတာကာလအတွင်း ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၂ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 December 2022
၁။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ရရှိထား
၂။ ကောက်ရိုးမှို ဈေးကောင်းရနေပြီး စိုက်ပျိုးမှုပိုများနေ
၃။ မြန်မာ့လက်မှုလုပ်ငန်းများ ဈေးကွက်ပြန်ရရှိစေရေးဆောင်ရွက်နေရ
၄။ ပြင်သစ်ရိုးရာပေါင်မုန့်အသား အစာသွပ်ပြုလုပ်သည့်ပြိုင်ပွဲအား အတော်ဆုံးအစားအသောက် ပညာရှင်ဒိုင်များမှ အကဲဖြတ်အမှတ်ပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published 8 December 2022
လက်ရှိ တန်ဖိုးမြင့်ကားတွေ အရောင်းအဝယ်အေးနေပေမယ့် ကားဈေးကွက်ထဲမှာတော့ ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေတယ်လို့ ကားရောင်းဝယ်ရေးအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1296 of 1940