#Local_News
Published_ 11 December 2022
မြန်မာနိုင်ငံ၌ ယာဥ်အစီးရေ ၇ ဒသမ ၂ သန်းကျော်ကို လိုင်စင်ထုတ်ပေးထားပြီး ဆယ်နှစ်ကျော် ကာလ၌ ယာဥ်အစီးရေ သုံးဆကျော်တိုးလာခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြေားကြားထားပါတယ်။
ဒီဇင်ဘာ ၇ ရက်ကပြုလုပ်ခဲ့တဲ့ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနရဲ့ (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဝန်ကြီးက ပြောဆိုခဲ့တာပါ။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မော်တော်ယာဥ်များ၊ ယာဥ်မောင်းလိုင်စင်များကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှစတင်ပြီး နိုင်ငံတော်က မော်တော်ယာဥ် တင်သွင်းမှုဆိုင်ရာမူဝါဒကို ဖြေလျှော့ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ထို့ကြောင့် အဆိုပါ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မော်တော်ယာဥ် တင်သွင်းမှုများနှင့် ကားအရောင်းပြခန်းများလည်း များပြားလာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်တွင် ယာဥ်စီးရေ ၂ ဒသမ ၃ သန်းကျော်သာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ယာဥ်အစီးရေ ၇ ဒသမ ၂ သန်းကျော်ထိ ဆယ်နှစ်ကျော်ကာလအတွင်း သုံးဆကျော် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ကညနအနေဖြင့် အဓိကလုပ်ငန်းများတွင် IT နည်းပညာအသုံပြုပြီး Computerized System ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် QR Code ဖတ်ရှုနိုင်တဲ့ Smart Card ယာဥ်မောင်းလိုင်စင်များ၊ ယာဥ်နံပါတ်ပြားများအဆင့်အထိ တိုးမြှင့်နိုင်ခဲ့တဲ့ အတွက် IT နည်းပညာသုံးဝန်ဆောင်မှုနှင့် e-Government ဖော်ဆောင်မှုတွင် နိုင်ငံတော်ရဲ့ မူဝါဒ၊ မျှော်မှန်းချက်နှင့်အညီ လိုက်နာအကေင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 10 December 2022
သင်္ဘောလိုက်နေတဲ့ မြန်မာသင်္ဘောသားတွေအတွက် အသက်အာမခံကြေးနဲ့ လူမှုဖူလုံရေးကြေးတွေ ပုံမှန်ပေးသွင်းရမယ့်ရက်တွေမှာ အချိန်မီပေးသွင်းနိုင်ဖို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)မှ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 10 december 2022
ပြီးခဲ့တဲ့ ဒီဇင်ဘာလပထမအပတ်မှစ၍ တရုတ်ပြည်မြို့နယ်အားလုံး လော့ဒေါင်းဖြေလျှော့ပေးပြီးနောက် ဖရဲသခွားနှင့် သီးနှံတင်ပို့မှု အခြေအနေတွေ ပြန်ကောင်းမွန်လာခဲ့တယ်လို့ ဖရဲစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 10 Dec 2022
- အာဆင်းနစ်အဆိပ်သင့်ခြင်းကို ဘယ်လိုကုသနိုင်မလဲ ဘယ်လိုကာကွယ်နိုင်မလဲ??
#Yangon_Media_Group
#Local_News
Published-10 December 2022
ထိုင်းနယ်စပ်ကနေ တင်သွင်းခွင့်ကန့်သတ်ထားတဲ့ ကုန်စည်များမှအပ သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ လျှောက်ထားသူရဲ့ ဘဏ်အကောင့်ထဲမှာ ပို့ကုန်ဝင်ငွေရှိသလောက် သွင်းကုန်လိုင်စင် လျှောက်ထားနိုင်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်က အသိပေးကြေညာထားပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 10 Dec 2022
- မြန်မာနိုင်ငံမှာ အာဆင်းနစ်အဆိပ်သင့်မှုအနေအထားဟာ အန္တရာယ်အဆင့်ရှိနေပါသလား??
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 11 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကိုဝင်းလှိုင်(BIT Director)နှင့်အတူ
-"စာအုပ် Delivery Service ဆိုတာက ထုတ်ဝေသူနဲ့ စာအုပ်ဝယ်ယူသူကြားပေါင်းစည်းပေးရတာဖြစ်ကြောင်း
-သိုင်းဝတ္ထုကို လူငယ်တော်တော်များများကဖတ်ကြပြီး"ဆန်းသစ်စိတ်ကူးယဉ်အရှေ့တိုင်းဘာသာပြန်စာပေ"ဆိုပြီး နာမည်ပေးထားကြောင်း
-ကိုအကြည်တော်ရဲ့ Poem Music အခွေထွက်ဖို့ စီစဉ်ပေးဖြစ်ခဲ့ပြီး နောက်ဆုံးအမှတ်တရတစ်ခုအဖြစ် ကျန်ရစ်ခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1293 of 1941