#Local_News
Published_17 December 2022
အခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကို ပဲမျိုးစုံတင်ပို့မှုပမာဏဟာ တန်ချိန် ၁ သန်းနဲ့ ၃ သောင်း ၈ ထောင်ကျော်အထိ ရှိလာတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 17 Dec 2022
- သန့်ရှင်းတဲ့ရေတွေ ရရှိဖို့ ဘာတွေလုပ်ဆောင်ဖို့လိုမလဲ??
#Yangon_Media_Group
#Local_News
Published_17 December 2022
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ CCTV မတပ်ဆင်ရသေးတဲ့ယာဉ်လိုင်းတွေကို YRTC အနေနဲ့ တာဝန်ယူတပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 17 Dec 2022
- မြန်မာနိုင်ငံမှာ သန့်ရှင်းတဲ့ရေ အန္တရာယ်ကင်းတဲ့ရေ ရရှိနေတဲ့အခြေအနေနှင့် ပြည်သူ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုဘယ်လိုရှိနေပါသလဲ??
#Yangon_Media_Group
#DailyNews
Published _ 17 December 2022
၁။ CCTV မတပ်ရသေးသည့် ယာဉ်လိုင်းများကို YRTC မှ တာဝန်ယူတပ်ဆင်ပေးမည်ဟုဆို
၂။ ပြည်ပ ပဲတင်ပို့မှု တန်ချိန် ၁ သန်းကျော်အထိ ရှိလာ
၃။ ရန်ကုန်၊ တနင်္သာရီစသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် အအေးပိုမည်၊ အအေးလှိုင်းဖြတ်ခြင်းတော့မဟုတ်ဟုဆို
၄။ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိနေသည့် လိပ်မျိုးစိတ်ကောင်ရေ(၅၀)ကို မိုနာကိုမှ ဆီနီဂေါထံသို့ပို့ဆောင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 17 Dec 2022
- မသန့်ရှင်းတဲ့ရေကြောင့် ကမ္ဘာကြီးမှာ တစ်နှစ်တစ်နှစ်ကို ၁.၂ သန်းသေဆုံးနေရတယ်လို့ သိရပါတယ်။ ဘာကြောင့် အဲသလောက်အန္တရာယ်ကြီးမားတာပါလဲ??
#Yangon_Media_Group
#Local_News
Published_ 17 December 2022
မန္တလေးတွင်ဒီဇင်ဘာလ (၁၆)ရက်က ထပ်မံလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး အင်းဝယဉ်ကျေးမှုဒေသ၊ ဒေါ်ဂျမ်းဘုရားစုအတွင်းရှိရှေး ဟောင်းဘုရား(၈)ဆူအနည်းငယ်ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်၊၊
နောက်ဆက်တွဲငလျင်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်တွင်မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်အနီး အင်အားရစ်ခ်ျစတာစကေး (၃.၆)အဆင့်ရှိ မြေငလျင်တစ်ခု၊ မြစ်ငယ်မြို့အနီး အင်အားရစ်ခ်ျစတာစကေး(၃.၃) အဆင့်ရှိမြေငလျင်တစ်ခု၊ အမရပူရမြို့အနီးအင်အား ရစ်ခ်ျစတာစကေး ၄.၈ အဆင့်ရှိ မြေငလျင်တစ်ခု စုစုပေါင်း (၃) ကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်၊၊
မန္တလေး နောက်ဆက်တွဲငလျင်ကြောင့် အင်းဝယဉ်ကျေးမှုဒေသရှိဒေါ်ဂျမ်းဘုရားစုထဲက ဘုရားအမှတ်(၃၁၇)၊ ဘုရားအမှတ်(၃၁၆)၊ ဘုရားအမှတ် (၃၅၀)၊ (၃၅၁)၊ (၃၇)၊ (၃၄)၊ ဂူတော်သစ်ဘုရားအမှတ် (၆)၊ အင်းဝနန်းတွင်းရှိမြို့တက်မင်္ဂလာစေတီ၊ ပယ်ပုံတော်ဝန်းအတွင်းရှိ အောင်ဇေယျအရာရှိကြီးရိပ်သာအဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရသည်၊၊
ဒီဇင်ဘာလ(၅)ရက်က မန္တလေးတံတားဦးတွင်ဗဟိုပြုပြီး အင်အား (၅.၂)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်ကြောင့် ထိခိုက်ပျက်ဆီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများ စာရင်းအသေးစိတ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ယင်းငလျင်ကြောင့် အင်းဝရှိဘုရားများ၊ သစ္စာတိုက်(ရတ နာဘုံမ်သာ)ဘုရား၊ မယ်နုအုတ်ကျောင်း၊ မန္တလေးမြနန်းစံကျော်ရွှေနန်းတော်ထဲရှိ အဆောက်အအုံများ၊ဗားကရာကျောင်းတော်အတွင်း ဆင်းတုတော်များ၊ မြသိန်းတန်စေတီတော်၊ မင်းကွန်းမှခြင်္သေ့ကြီးစသည့် ရှေးဟောင်းအဆောက်အအုံများထိခိုက်ပျက်ဆီးခဲ့သည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1279 of 1941