#Local_News
Published_ 18 December 2022
မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ်နေ မြို့မငြိမ်း(ဦးညိန်း)၏သားဖြစ်သူ ဂီတစာဆိုမြို့မရွှန်းမြိုင်(ခေါ်) ဆရာကြီးဦးရွှန်းမြိုင်သည် ဒီဇင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း မြို့မငြိမ်းတူရိယာများအသင်း-မန္တလေးမှ သိရသည်၊၊
ဆရာကြီးဦးရွှန်းမြိုင်ကွယ်လွန်ချိန်တွင် အသက်(၇၉) နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်အတူ ဝမ်းနည်းရကြောင်း မြို့မငြိမ်းတူရိယာများအသင်း-မန္တလေးမှ ထုတ်ပြန်ထားသည်၊၊
ဆရာကြီးကို ဒီဇင်ဘာလ(၂၀)ရက်တွင် အေးရိပ်ငြိမ်သုဿန်တွင် သဂြိုဟ်သွားရန်ရှိကြောင်း သိရသည်၊၊
မြို့မငြိမ်း(ဦးညိန်း)၏သားဖြစ်သူ ဆရာကြီးဦးရွှန်းမြိုင်သည် ဂီတတေးသီချင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူ မြို့မငြိမ်း၏သီချင်းများကိုစုစည်း၍ မြို့မငြိမ်းမြန်မာသီချင်းများ အမှတ်စဥ်(၁)စာအုပ်နှင့်မြန်မာ့မဟာဂီတသီချင်းများ စန္ဒရားနှင့် သံစုံတီးဝိုင်းစာအုပ်ကို ထုတ်ဝေခဲ့သည်၊၊
မြို့မငြိမ်းမြန်မာသီချင်းများအမှတ်(၁)စာအုပ်ကို မြို့မငြိမ်း(၁၀၅) နှစ်ပြည့်အဖြစ်အမှတ်တရအဖြစ် ထုတ်ဝေခြင်းဖြစ်ပြီး မြို့မငြိမ်းရေးသားခဲ့သည့်တေးသီချင်းများအကြောင်း ပြုစုရေးသားထားခြင်းဖြစ်ကြောင်းနှင့် မြန်မာ့မဟာဂီတသီချင်းများ စန္ဒရားနှင့်သံစုံတီးဝိုင်းစာအုပ်တွင် မဟာဂီတသီချင်းများ၏စန္ဒယားလက်ကွက်များကို ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 18 December 2022
ဧရာဝတီတိုင်းဒေသကြီးတွင်ဆေးရုံ (၁၃၃)ရုံဖြင့် တစ်ရက်ကို ပျမ်းမျှအတွင်း လူနာပေါင်း(၃၀၀၀)ကျော်ကို လက်ခံကုသပေးလျက်ရှိပြီး ကျိုက်လတ်ပြည်သူဆေးရုံတွင်လည်း တိုးချဲ့ကုသဆောင်သစ်ထပ်မံဖွင့်လှစ်လိုက်ကြောင်းသိရသည်၊၊
ယင်းကဲ့သို့ဧရာဝတီတိုင်းတွင် အတွင်းလူနာများလက်ခံကုသပေးနေသည့်အခြေအနေများနှင့် တိုးချဲ့ကုသဆောင်သစ်များ ထပ်မံဖွင့်လှစ်လိုက်ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက '(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနား'၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်၊၊
ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆေးရုံပေါင်း (၁၁၇၈)ရုံအနက် ဧရာဝတီတိုင်းဒေသကြီးတွင် ဆေးရုံ (၁၃၃)ရုံ ခွင့်ပြုထားရှိကာ အဆောက်အအုံ ဆောက်လုပ်ဆဲနှင့် အဆောက်အအုံမရှိသေးသည့် တိုက်နယ်ဆေးရုံ ရှစ်ရုံမှအပ ဆေးရုံများအားလုံး လည်ပတ်ဆောင်ရွက်လျက်ရှိပြီး တစ်နေ့ ပျမ်းမျှအတွင်းလူနာပေါင်း ၃၀၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ဧရာဝတီတိုင်းအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဟင်္သာတပြည်သူ့ဆေးရုံကြီး တိုးချဲ့သုံးထပ်ဆောင်သစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ခရိုင်ကုသရေး ဦးစီးဌာနရုံးနှစ်ရုံး တိုးချဲ့ဖွဲ့စည်း ခွင့်ပြုမှုရရှိခဲ့ပါကြောင်းပြောကြားခဲ့သည်၊၊
ဆက်လက်၍ ယခုဖွင့်လှစ်သည့် ကျိုက်လတ်မြို့ ပြည်သူ့ဆေးရုံ၏ တိုးချဲ့နှစ်ထပ်ကုသဆောင်သစ်ကို နိုင်ငံတော်၏ ရန်ပုံငွေမှ ကျပ်ငွေ (၃၉၇)ဒသမ (၇၃) သန်း အကုန်အကျခံ၍ တည်ဆောက်ခဲ့ပြီး ယခုအဆောင်သစ်တွင် လူနာဆောင်များ အဓိကပါဝင်ကာ အောက်ဆီဂျင်ပေး၍ ကြပ်မတ်ကုသနိုင်သည့် (HDU)ခုတင် ငါးလုံး အပါအဝင် စုစုပေါင်း ခုတင် ၅၀ ခန့်အထိ ထားရှိအသုံးပြုနိုင်မည်ဖြစ်ကာ နောင်ကာလတွင် ထပ်မံတိုးချဲ့နိုင်မည့်ပုံစံဖြင့်တည် ဆောက်ထားကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 18 December 2022
တွံ့တေးတူးမြောင်းကို ဖြတ် တံတားသစ် တစ်စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာက ငွေကျပ်၃၄ ဘီလီယံ ဖြင့် တည်ဆောက်နေကြောင်း သိရသည်။
ယင်းတံတားမှာ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုနှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ထားခြင်းဖြစ်ပြီး ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရာတွင် တံတားချဉ်းကပ်လမ်း အတွက် ငွေကျပ် ၂ ဘီလီယံနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းအတွက် ငွေကျပ် ၃၂ ဘီလီယံ ဖြစ်ပြီး လက်ရှိတွင် တံတား ၁၉ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
တံတားအရှည် ၇၄၀ မီတာရှိပြီး နှစ်လမ်းသွား သံမဏိသံပေါင်ခုံး တံတားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ ရေလမ်းကင်းလွတ် အမြင့် ၄၉ ပေနှင့် အကျယ် ၄၅၉ ပေ ၊ တံတားခံနိုင်ဝန်(ခွင့်ပြုအလေးချိန်)မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ ပင်မတံတား ခန်းဖွင့်အကျယ် ၁၆၀ မီတာရှိ သံမဏိသံပေါင်ခုံး တံတားတစ်ခန်းနှင့် ခန်းဖွင့်အကျယ် ၄၅ မီတာစီရှိ Steel Box Girder နှစ်ခန်း၊ ဆိပ်ကြီးခနောင်တို မြို့နယ်ဘက်ခြမ်း၌ ချဉ်းကပ်တံတားခန်းဖွင့်အကျယ် ၃၀ မီတာ ရှစ်ခန်းနှင့် ခန်းဖွင့်အကျယ် ၂၀ မီတာ တစ်ခန်း၊ ဒလမြို့နယ် ဘက်ခြမ်း၌ ချဉ်းကပ်တံတားခန်းဖွင့် အကျယ် ၃၀ မီတာ ခုနစ်ခန်းနှင့် ခန်းဖွင့်အကျယ် ၂၀ မီတာ တစ်ခန်းစီတို့ဖြင့် တည်ဆောက်နေကြောင်း၊ တံတားအောက်ခံ အုတ်မြစ်များကို သံကူကွန်ကရစ် ဘိုးပိုင်၊ အပေါ်ထည်ပင်မတံတားမှာ သံမဏိသံပေါင် ခုံးတံတားနှင့် Steel Box Girder ဖြစ်၍ ချဉ်းကပ်တံတားများကို PC Girder များဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ ဒလမြို့နယ်ဘက်ခြမ်းရှိ ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကာ Pier (တိုင်)လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိသည့်အပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ငွေကျပ် ၂ ဘီလီယံဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ဘက်ခြမ်းရှိ ချဉ်းကပ်ရေလယ်တိုင်များဖြစ်သော တိုင်အမှတ် RP1 ၊ S2 ၊ S3 ၊ S4 နှင့် S5 တို့၏ ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများမှာလည်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ကျန်ရှိချဉ်းကပ် တံတားတိုင်များဖြစ်သော တိုင်အမှတ် S1 ၊ S နှင့် S7တို့၏ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 18 December 2022
လျှပ်စစ်သုံးယာဉ်များနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် အထောက်အကူပြုသင်တန်းကို ဒီဇင်ဘာလ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
လောင်စာဆီအသုံးပြုမှုနှင့် လောင်စာဆီထုတ်လုပ်သည့် နိုင်ငံများကို မှီခိုရမှုမှ လျှော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးရည်ရွယ်၍ လောင်စာဆီသုံးယာဉ်များအစား လျှပ်စစ်သုံးယာဉ်များဖြင့် ပြောင်းလဲအသုံးပြုနိုင်ရန်အပြင် Public Transportation အတွက် ခရီးတိုမြို့တွင်း ပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊ လျှပ်စစ်ဘတ်စ်ကားများ တင်သွင်းထုတ်လုပ် အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရန်ရည်ရွယ်ထားသည့်အတွက် မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါ သင်တန်း၌ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။
EV Policy ကို ဆောင်ရွက်ရာတွင် အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ ဦးဆောင်မှုနှင့်အတူ လုပ်ငန်းကော်မတီ ငါးခုဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး Pilot Project ကာလအတွင်း တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်များ၊ အားသွင်းကိရိယာများကို တင်သွင်း၊ တပ်ဆင်၊ အသုံးပြုသည့်အခါ ချမှတ်ထားသည့် လမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရန်၊ ဘေးအန္တရာယ်ကင်းစေရန် ကြီးကြပ်ဆောင်ရွက်ရမည့် တာဝန်ရှိသူများကို လျှပ်စစ်သုံးယာဉ်များ၏ နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်၊ ယာဉ်စစ်ဆေးသည့်အခါတွင် အထောက်အကူဖြစ်စေရန်အတွက် သင်တန်းပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
EV ကားတစ်စီး၏ ဖွဲ့စည်းတည်ဆောက်မှုတွင် ပါဝင်သည့် စနစ်များယုံကြည်စိတ်ချရမှု၊ စွမ်းအင် သိုလှောင်မှုစနစ်၊ မော်တော်ယာဉ်တုန်ခါမှုကြောင့် ရုတ်တရက် Shock Circuit နှင့် Error များကို ကာကွယ်သည့်စနစ်၊ အပူချိန်လွန်ကဲမှုကို ကာကွယ်မည့်စနစ်၊ လူကိုအန္တရာယ်မဖြစ်စေရေး သတိပေးမည့် Alarm System များပါ မပါ၊ Specification များအတိုင်း အမှန်တကယ်တင်သွင်းလာမှု ရှိမရှိ စသည်တို့ကို စစ်ဆေးနိုင်ရန်လည်း သင်တန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်းဒေါက်တာချာလီသန်းကပြောသည်။
ယင်းသင်တန်းတွင် လျှပ်စစ်ယာဉ်ပေါ်၌ ပါဝင်သည့် အမှတ်အသားများနှင့် ပတ်သက်သော ရှင်းလင်းချက်၊ စံချန်စံညွှန်းအရ တည်ဆောက်ထားသည့် EV Structure နှင့် High Voltage Battery အသုံးပြုထားခြင်းကြောင့် Insulation ပြုလုပ်ထားမှု၊ Battery အတွက် စမ်းသပ်စစ်ဆေးမှု၊ အားသွင်းစနစ်နှင့် EV ပါ Charging Modes များနှင့်ပတ်သက်၍ လေ့ကျင့်သင်ကြားခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 17 December 2022
အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ ရန်ကုန်၊တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားစတဲ့ဒေသတွေမှာ ညအပူချိန်တွေကျဆင်းပြီး အအေးပိုဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_17 December 2022
အခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကို ပဲမျိုးစုံတင်ပို့မှုပမာဏဟာ တန်ချိန် ၁ သန်းနဲ့ ၃ သောင်း ၈ ထောင်ကျော်အထိ ရှိလာတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 17 Dec 2022
- သန့်ရှင်းတဲ့ရေတွေ ရရှိဖို့ ဘာတွေလုပ်ဆောင်ဖို့လိုမလဲ??
#Yangon_Media_Group
Page 1277 of 1940