#Local_News
Published_ 22 December 2022
လျှပ်စစ်ရထားပြေးဆွဲနိုင်မည့် အခွင့်အလမ်းများရှိသော်လည်း လျှပ်စစ်ထုတ်ယူနိုင်မှုမအောင်မြင်သေးကြောင်း ဒီဇင်ဘာလ ၂၁ ရက် က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား နစက ဥက္ကဌက သွားရောက်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုများကို ကြုံတွေ့နေကြရသောကြောင့် စက်သုံးဆီတင် သွင်းနေရမှုများကို လျှော့ချနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးယာဉ်များကို ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက် နိုင်ရန်လိုအပ်ကြောင်းလည်း ယင်းက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ရထားပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ များစွာရှိပြီး ဖြစ်သော်လည်း နိုင်ငံတွင်း၌ရှိသည့် သယံဇာတရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် အခြေအနေများမှာ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်း၊ နိုင်ငံရေးအရ အားပြိုင်မှုများ၊ သွေးထိုးလှုံဆော်မှုများကြောင့် နိုင်ငံ့အတွက် အကျိုးရှိမည့် စီမံကိန်းများဆောင်ရွက်နေမှုကို ကန့်ကွက်နေမှုများအပေါ် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ သို့သော်လည်း လက်ရှိအချိန်၌ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်သုံးစွဲနိုင်ရေး လုပ်ဆောင်နေသောကြောင့် လျှပ်စစ်ဓာတ်အားသုံး ရထားစက်ခေါင်းတွဲများ အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် ယင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
ရထားပို့ဆောင်ရေး စနစ်ကို ယခုထက် ပိုမိုလျှင်မြန်စွာ သွားလာနိုင်သည့်အဆင့်ထိရောက်ရှိစေရန် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်၊ ရထားတွဲ၊ စက်ခေါင်းတွဲ၊ လူစီးတွဲ၊ ကုန်တင်တွဲများကိုလည်း အမြဲကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်နေရန် နစက ဥက္ကဌက ပြောသည်။
မြန်မာနိုင်ငံတွင် ရထားအသုံးပြုမှုမှာ နှစ်ပေါင်း ၁၅၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ကာ အင်းစိန်ရထားစက်ခေါင်းစက်ရုံတည်ဆောက်မှုမှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့် ရှိပြီ ဖြစ်သောကြောင့် ယင်းအတွေ့အကြုံများကို အသုံးချ၍ နိုင်ငံအတွင်း မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး ယင်းမှတစ်ဆင့် လျှပ်စစ် ဓာတ်အား အသုံးပြု မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန် မီးရထား စက်ခေါင်း နည်းပညာများကို ယခုထက် တိုးတက်စေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ဆိုသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 22 December 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၇၅ နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသား ရွှေဒင်္ဂါးများအား အသစ်သွန်းလောင်းထုတ်ဝေမည်ဖြစ်ကြောင်း သိရပါတယ်။
အသစ်သွန်းလောင်းသည့် တစ်ကျပ်သားရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၆.၀ မီလီမီတာ၊ အထူမှာ ၂.၀ မီလီမီတာရှိ၍ ဒင်္ဂါး၏ရှေ့မျက်နှာပြင် အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ ယာဖက်တွင် “၇၅ နှစ်မြောက်” ဟု ဖော်ပြပါရှိပါတယ်။
ဆင်ဖြူတော်၏အောက်ခြေတွင် “၁ ကျပ်သား ၂၀၂၃” ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့”ဟုလည်းကောင်း ဖော်ပြထားပါတယ်။
ရွှေဒင်္ဂါး၏ ကျောဖက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ယာဖက်တွင် “75th”၊ ပုံ၏အောက်ဖက်တွင် “16.329 gm. 2023” ဟုလည်းကောင်း၊ ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟုလည်းကောင်း ဖော်ပြထားပါတယ်။
အသစ်သွန်းလောင်းသည့် ငါးမူးသားရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၂.၀ မီလီမီတာ၊ အထူမှာ ၁.၅ မီလီမီတာရှိ၍ ဒင်္ဂါး၏ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ ယာဖက်တွင် “၇၅ နှစ်မြောက်” ဟု ဖော်ပြပါရှိပါတယ်။
ဆင်ဖြူတော်၏အောက်ခြေတွင် “၅ မူးသား ၂၀၂၃” ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” ဟု လည်းကောင်းဖော်ပြထားပါတယ်။
ရွှေဒင်္ဂါး၏ ကျောဖက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ယာဖက်တွင် “75th” ၊ ပုံ၏အောက်ဖက်တွင် “8.164 gm. 2023” ဟု လည်းကောင်း၊ ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟု လည်းကောင်း ဖော်ပြထားပါတယ်။
တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများ ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့်ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်းပါရှိမှာ ဖြစ်ပါတယ်။
တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ(နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တွင် ဇန်နဝါရီလ ၅ ရက်နေ့မှစ၍ ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိပါတယ်။
#Yangon_Media_Group
Published 21 December 2022
ဆရာဝန်တစ်ဦး၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်ကို ရွတ်ဆိုသစ္စာပြုပြီး ဆရာဝန်ဘဝကို ခံယူခဲ့ပြီးသူတစ်ဦးသည် လူသားတို့၏အသက်ကို ကယ်တင်ရန် ပျက်ကွက်ခဲ့ပါက အဆိုပါဆရာဝန်များသည် သစ္စာမဲ့သူ၊ လူနာများအပေါ် ထိခိုက်ကျူးလွန်ခဲ့ သူတွေသာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်တဲ့ တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“သစ္စာဆိုသည့်စကား၏ အဓိပ္ပါယ်ဟာ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် မှန်ကန်စွာ စောင့်ရှောက်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ္စာတရားတည်ကြည်ခြင်းသည် အကျိုးရလဒ်ဖြင့် ပြည့်ဝနေမည်ဖြစ်သလို သစ္စာတရားပျက်ယွင်းခြင်းဟာ ဆုတ်ယုတ်ပျက်စီးခြင်းများနှင့်သာ ပြည့်နှက်နေမည်ဖြစ်ပါတယ်။ အဲဒီအချက်တွေကို သင်ခန်းစာယူပြီး မိမိအဖွဲ့အစည်းနှင့် မိမိအလုပ်အပေါ် ကတိသစ္စာမြဲကြဖို့နှင့် မိမိတို့စောင့်ထိန်းရမည့် ဆေးပညာကျင့်ဝတ်များကို ခါးဝတ်ပုဆိုးသဖွယ် မြဲကြဖို့ လိုတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် မြင့်မားနေချိန်အတွင်း ကျန်းမာရေးဝန်ထမ်း အချို့အနေဖြင့် အများပြည်သူ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လျစ်လျူရှုရုံသာမက ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနေသူများကို နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား ဖျက်ဆီးမှုများပြုလုပ်ခဲ့ခြင်းသည် သမိုင်းတွင် မည်သို့မျှ ဖျောက်ဖျက်မရသည့် အမည်းစက်များပင် ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌတာဝန်ရယူထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခဲ့ကြပြီး ထူးချွန်ဆုရ ကျောင်းဆင်းဗိုလ်လောင်းတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးက ဆုတွေချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။
-ymg/knl
#Yangon_Media_Groupp
#Local_News
Published_ 21 December 2022
အခုရက်ပိုင်းအတွင်း မွန်ပြည်နယ်မှာမီးလောင်ကျွမ်းမှုတွေ ဆက်တိုက်ကြုံတွေ့နေရပြီး လတ်တလောမှာမီးဘေးသင့်လို့ အိုးအိမ်မဲ့သွားတဲ့အိမ်ထောင်စု(၁၃)စု ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 21 December 2022
ဂျပန်အပါအဝင်အာဆီယံနိုင်ငံအတွင်းအလုပ်အကိုင်အခွင့်အလမ်းရရှိမှုများတဲ့အတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းကြီးမှူးကျင်းပတဲ့ ITPEC စာမေးပွဲဖြေဆိုသူ ရာချီတိုးလာတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_21 December 2022
ယခုဘဏ္ဍာနှစ်ရဲ့ ရှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_21 December 2022
၂၀၂၃ ခုနှစ်အတွက် ပြည်ပကနေ မော်တော်ယာဉ်တင်သွင်းတဲ့အခါ လူစီးယာဉ်တွေကို အစောဆုံး ၂၀၂၂ ခုနှစ်ထုတ် ယာဉ်တွေသာ ဖြစ်ရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အမိန့်ကြေငြာစာထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1270 of 1940