#Local_News
Published_ 28 December 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံပြင်ဆင် ပြီးမြောက်သဖြင့် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးဝန်ထမ်းများ၊ Beijing Construction Engi-neering Group Co.,Ltd မှ အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
အခမ်းအနားတွင် တာဝန်ရှိသူများက အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို ဖွင့်လှစ်ပေး ကြပြီးနောက် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြင်ဆင်မွမ်းမံမှု အဆင့်ဆင့်မှတ်တမ်း Video Clip ကိုပြသကာ သံအမတ်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါတယ်။
မကြာမီအချိန်တွင် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကာ ယခုကျင်းပတဲ့ အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းလက်ခံခြင်း အခမ်းအနားသည် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရာရောက်သည့် အခမ်းအနားဖြစ်တဲ့အတွက် တရုတ်နိုင်ငံ ပြည်သူများကို မြန်မာနိုင်ငံကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း ဝန်ကြီးက ပြောကြားပါတယ်။
အမျိုးသားဇာတ်ရုံ (ရန်ကုန်) အကြီးစားပြင်ဆင်မှုအတွက် လုပ်ငန်းတန်ဖိုး RMB ၁၇၃၀၀၀၀၀၀ (ယွမ်တစ်ရာခုနစ်ဆယ့်သုံးသန်း တိတိ) ကုန်ကျခဲ့ကာ အသစ်တည်ဆောက် ပေးသကဲ့သို ခေတ်မီဇာတ်ရုံအင်္ဂါရပ်များ ပြည့်စုံစွာထည့်သွင်းပေးထားပြီး အမျိုးသား ဇာတ်ရုံရှိ ဝန်ထမ်းများကိုလိုအပ်သော သင်တန်းများ လေ့ကျင့်သင်ကြားပေးခဲ့ ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published-28 December 2022
ယနေ့ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ၉၂ တစ်လီတာ ၂၀၀၀ အထက်ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၉၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၅၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၃၀၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၃၈၀ ကျပ်ဖြစ်ပြီး ယနေ့တွင် ၉၂ တစ်လီတာ ၂၀၃၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၁၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၄၉၅ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးများကို စင်ကာပူ (MOPS) ဈေးနှုန်းအပေါ် အခြေခံပြီး တွက်ချက်ခြင်း ဖြစ်သောကြောင့် (MOPS) ဈေးကျဆင်းလျှင် ပြည်တွင်းစက်သုံးဆီ ဈေး ကျဆင်းပြီး (MOPS) ဈေးတက်လျှင် ပြည်တွင်းစက်သုံးဆီ ဈေးတက်ကြောင်း သိရသည်။
ယခုလအတွင်း စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 28 December 2022
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မြက်ရိတ်ကျွန်းကျေးရွာအနီးတွင် စက်လှေတိမ်းမှောက်ရာမှ ရေနစ်ပျောက်ဆုံးနေသော အသက် ၁၈ နှစ်အရွယ်အမျိုးသမီးငယ်ကို ရုပ်အလောင်းသာ တွေ့ရှိခဲ့ကြောင်း မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့်သွေးလှူရှင်များအသင်းက သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်က ရေနစ်မြုပ်ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၇ ရက်ညနေပိုင်း ၆ နာရီခွဲ ခန့်က ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးငယ်မှာ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်မှ မစိုးစိုးဆန်း(ခေါ်) ပုစုချေ ဖြစ်ပြီး သူငယ်ချင်းများနှင့် လေးမြို့သို့ အသွား မြစ်အတွင်း စက်လှေတိမ်းမှောက်ရာ မစိုးစိုးသန်း အပါအဝင် ၉ ဦး အနက် ၎င်းမှာ ရေနစ်ရာက ပျောက်ဆုံးကာ အထက်ပါအတိုင်း အလောင်းသာ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ သေဆုံး၏ ရုပ်အလောင်းကို မြောက်ဦးမြို့နယ် ဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းနှင့် စစ်ဆေးမှုများပြီးစီးမှသာ သင်္ဂြိုဟ်ကြမည် ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 28 December 2022
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သပိတ်ကုန်းကွေ့တွင် ယမန်နေ့ ည ၁၁ အချိန်ခန့်က ကိုယ်ပိုင်ယာဉ်တစ်စီး လမ်းဘေးရှိသစ်ပင်အားဝင်တိုက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း လှည်းကူးမြို့နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
သေဆုံးသူမှာ သက် (၃၅) နှစ် ဝန်းကျင်းအရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး၊ မဂ်လာဒုံပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားရှိကြောင်း သိရသည်။
"ကားပေါ်မှာသူတစ်ဉီးတည်းပါ ပါတယ်။ ဖြစ်စဉ်သိရတာနဲ့သွားတဲ့အခါမှာ မီးလောင်သေဆုံးနေလို့ ကျွန်တော်တို့ မဂ်လာဒုံဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့လည်းမသိရပါဘူး"ဟု လှည်းကူးလူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ကားမီးလောင်ကျွမ်းမှုကို လှည်းကူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ထွက်ခွာငြိမ်းသတ်မှုကြောင့် ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_ 27 December 2022
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NCA ရေးထိုးထားတဲ့ အဖွဲ့တွေထဲက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ကို ဒီဇင်ဘာလ ၁၉ ရက်မှာ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_27 December 2022
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေထဲက ယာဉ်လိုင်း ၁၅ ခုကို CCTV ကင်မရာတွေ တပ်ဆင်ထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 December 2022
နှစ်သစ်ကူးပိတ်ရက်တွေနဲ့ လွတ်လပ်ရေးနေ့မှာ ကျိုက်ထီးရိုးစေတီတော်ကြီးသို့ လာရောက်ဖူးမြော်နိုင်ဖို့ တောင်တက်ကား(၁၅၀)ကျော်နှင့်ကေဘယ်တွေဖွင့်လှစ်ထားတယ်လို့ ဂေါပကအဖွဲ့ဝင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1258 of 1941