#Local_News
Published_ 3 January 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁ နာရီကျော်အချိန်ခန့်က နေအိမ်တစ်လုံးမီးလောင်၍ လူ ၂ဦးသေဆုံးသွားကြောင်း သုခကာရီကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းက သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများကသွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း၊ နေအိမ်အပေါ်ထပ်မှမီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မိသားစုဝင် ၅ ဦးအနက် အမျိုးသား၂ဦးမှာ မီးဘေးသင့်သေဆုံးခဲ့ကာ နေအိမ်တစ်ခုလုံးလည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
အသက်ဆုံးရှုံးသွားသည့် အမျိုးသား၂ ဦး၏ ရုပ်အလောင်းကို သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကားဖြင့် စစ်ကိုင်းကုတင်၂၀၀ဆံ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 3 January 2023
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် အသက်(၁၄)နှစ်သာရှိသေးသည့် လူငယ်အား ငါးဖမ်းစက်လှေပေါ်တွင် အဓမ္မခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများပြုလုပ်သူကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ (၂၄)အရထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်ကြောင်း သိရသည်၊၊
အသက်မပြည့်သေးသည့် အမျိုးသားတစ်ဦးအား အဓမ္မလုပ်အားခိုင်းစေ၍ ညှင်းပန်းနှိပ်စက်သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကွန်ဒိုင်းကျေးရွာနေ ရေလုပ်ငန်းရှင် ဦးမောင်မောင်ကြည်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ မောင် ----၊ ၁၄ နှစ်ကို ငါးဖမ်းစက်လှေပေါ်တွင် အဓမ္မလုပ်အားခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျုံကဒွန်းနယ်မြေရဲစခန်း၊ (ပ) ၁၃၁/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄) ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဖျာပုံခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ (၃၁) ရက်တွင် တရားခံ ဦးမောင်မောင်ကြည် ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄)အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 2 January 2023
ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ကျပ် ၄၄၇၀ ကျပ်သတ်မှတ်ပေးထားပါတယ်။ ဒီတစ်ပါတ်မှာတော့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ ၁၀၀ ကျော်ပြန်လည်မြင့်တက်လာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_2 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၂၃ ရက်အထိ ၈ လကျော်ကာလအတွင်းမှာ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၃၃ ဒသမ ၅၃ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 January 2023
၂၀၂၃ ခုနှစ်နှစ်စပိုင်းမှာ စီးပွားရေးအရနိုင်ငံခြားဆက်သွယ်မှုအချို့ဝင်ရောက်လာနိုင်ခြေရှိပြီး ၂၀၂၃(၁၁)လပိုင်းရောက်မှ နိုင်ငံရေး၊ စီးပွားရေးအားလုံးကောင်းမွန်သွားနိုင်တယ်လို့ မြန်မာနိုင်ငံသဘာဝနက္ခတ်ဗေဒပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 2 January 2023
၁။ ၂၀၂၃ ခုနှစ်(၁၁)လပိုင်းရောက်ချိန်တွင် နိုင်ငံရေး၊ စီးပွားရေးအားလုံးပြန်ကောင်းမွန်သွားမည်ဟုဆို
၂။ ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ယမန်နှစ်ထက် ၃၁ သန်းကျော်လျော့ကျ
၃။ ပြည်ပခရီးသွားဧည့်သည်များ ပြည်တွင်းသို့ ယခင်ထက်ပိုမိုဝင်ရောက်လာပြီဟုဆို
၄။ ၂၀၂၃ ခုနှစ်မှစ၍ တရုတ်ပြည်၏ တင်သွန်းကုန်အခွန်နှုန်းထားလျှော့ချသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 January 2023
နှစ်သစ်ကူးပိတ်ရက်တွေမှာ ပုဂံဒေသကိုလာရောက်တဲ့သူတွေများခဲ့ပြီး ပုဂံရှိလိုင်စင်ရဟိုတယ်တွေမှာ တည်းခိုသူ(၈၀)ရာခိုင်နှုန်းပြည့်ခဲ့တယ်လို့ ပုဂံဒေသရှိဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1242 of 1939