#Local_News
Published_ 5 January 2023
အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ ဈေးဝယ်စင်တာ Mart တစ်ခုတွင်ဈေးဝယ်နေစဉ်မူးမေ့လဲကျ၍ ဦးခေါင်းဒဏ်ရာရရှိခဲ့သည့်အမျိုးသမီး(၁)ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အင်းစိန်မြို့နယ်၊ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊
ဇန်နဝါရီလ (၃)ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ Mart တစ်ခုတွင်ဈေးဝယ်နေစဉ်မူးမေ့လဲကျ၍ ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်၊၊
အဆိုပါ အမျိုးသမီးအား အင်းစိန်မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဦးခေါင်းဒဏ်ရာရှေးဦးပြုစုနည်းအတိုင်း ရှေးဦးပြုစုဆောင်ရွက်ပေးပြီး အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ အသင်းခွဲပိုင်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်၊၊
ကြက်ခြေနီစေတနာလုပ်အားရှင်များ အနေဖြင့် ထိခိုက်ဒဏ်ရာရသူ၊ အရေးပေါ်နဲ့ သာမန်အခြေအနေတွေမှာဆေးရုံသို့ အချိန်မီပို့ဆောင်ပေးရမည့်သူများကို ရှေးဦးပြုစုခြင်းနှင့်အရေးပေါ်လူနာတင်ယာဉ် ပို့ဆောင်ခြင်းများကို နေ့စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထုတ်ပြန်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 5 January 2022
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်လမ်းကြောင်း သုံးခုကို ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် တရုတ်သံရုံးကထုတ်ပြန် ကြေညာထားပါတယ်။
စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ ပြည်သူလူနေမှုဘဝ အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံက ဇန်နဝါရီ ၈ ရက်နေ့မှစ၍ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်း ဖြစ်တဲ့ ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာဈေးစတဲ့ လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ဝင်ပြည်ထွက်တဲ့ ကုန်ပစ္စည်းယာဉ်များနှင့် မောင်းနှင်သူများဟာ ကုန်ပစ္စည်း စခန်းလမ်းကြောင်းမှ ဝင်ထွက်ရမှာဖြစ်ပြီး ပေကျင်းစံတော်ချိန် ၈ နာရီမှ ၂၃ နာရီ (ည ၁၁) အထိဖြစ်ပါတယ်။
အစိုးရဝန်ထမ်းနှင့် အတူလိုက်ပါတဲ့ ယာဉ်များသည် နန်းတော်ဂိတ်လမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး ပေကျင်းစံတော်ချိန် ၈:၀၀ နာရီမှ -၂၁:၃၀ နာရီအထိ ဖြစ်ပါတယ်။
အခြားလူပုဂ္ဂိုလ်နဲ့ အသေးစားအိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ အီလက်ထရောနစ် ဆိုင်ကယ်များမှာ တရုတ်-မြန်မာဈေးလမ်းကြောင်းမှ ဝင်ထွက်ရမှာဖြစ်ပြီး ပေကျင်း စံတော်ချိန် နံနက် ၈:၀၀ နာရီမှ -၂၁:၃၀ နာရီအထိဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိတွင် တရုတ်နိုင်ငံရွှေလီနယ်စပ်ဂိတ် စီမံအုပ်ချုပ်သည့်ဌာနက နှစ်ဦးနှစ်ဖက် လူပုဂ္ဂိုလ်သွားလာမှု၊ ကုန်ပစ္စည်းဖြတ်သန်းမှု ပြန်လည်ဖွင့်လှစ်ရန်အတွက်ပြင်ဆင်မှုများ ဆောင်ရွက်နေတယ်လို ဖော်ပြထားပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_5 January 2023
မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သည့်အတွက် မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများရှိ စီးပွားရေးကြော်ငြာများကို ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။
အဆိုပါကြော်ငြာစတေကာများကို ဖယ်ရှားရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ကြော်ငြာခယူ၍ YBS ယာဉ်များတွင် ကြော်ငြာစတေကာများ ကပ်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
YBS ယာဉ်ပေါ်ရှိ စီးပွားရေးကြော်ငြာစတေကာများကိုသာ ဖယ်ရှားခြင်းဖြစ်ပြီး မှတ်တိုင်လမ်းညွှန် စတေကာနှင့် ကိုဗစ်ကာကွယ်ရေးအသိပေး စတေကာတွေကို ဆက်လက်ကပ်ခွင့်ပြုထားကြောင်း သိရသည်။
လက်ရှိတွင်လည်း YBS စီးခရီးသည်တွေအနေဖြင့် ယာဉ်ပေါ်တွင်လုံခြုံမှုရှိစေရန်အတွက် ယာဉ်လိုင်းများတွင် အရေးပေါ်အကြောင်းကြားနိုင်သည့် Telematics စနစ်ကို တပ်ဆင်ထားကြောင်းသိရသည်။ ယာဉ်ပေါ်တွင် အရေးပေါ်တစ်ခုခုဖြစ်ခဲ့ပါက ယာဉ်မောင်းမှ ခလုတ်နှိပ်လိုက်ခြင်းနှင့်တပြိုင်နက် Control Center မှ သိရှိနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။
ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ ပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၄ သန်းဝန်းကျင်ကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 5 January 2023
၂၀၂၃ ခုနှစ် အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် လူနာများပြသနိုင်ရန်အချိန်ဇယားအသစ်ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊
အဆိုပါအချိန်ဇယားအသစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနအချိန်ဇယား(၁)၊(၂)ဆိုပြီး နှစ်မျိုးထုတ်ပြန်ထားသည်၊၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနအချိန်ဇယား (၁)တွင် တနင်္လာနေ့မှသောကြာနေ့အထိ နေ့အလိုက်ကုသနိုင်မည့်ဝေဒနာရှင်များကိုဖော်ပြထားပြီး တနင်္လာနေ့တွင်ခွဲစိတ်ဆောင်(၁)၊ ဆေးကုသဆောင်(၁)၊ အစာအိမ်နှင့်အူလမ်းကြောင်းဌာန၊ နှလုံးဆေးကုသဌာန၊ သွေးရောဂါဌာနပြသနေသူများ မနက်(၈)နာရီမှ(၁၂)နာရီအတွင်းပြသနိုင်ပြီး နေ့လည်(၁)နာရီမှ(၃)နာရီအထိ နှလုံးသွေးကြောခွဲစိတ်ကုဌာန၊ မှတ်ဉာဏ်လျော့ပြင်ပဌာနစသည်ဖြင့် ပြသနိုင်မည်ဖြစ်သည်၊၊
ကျန်နေ့ရက်များတွင်လည်းကုသနိုင်မည့် ဌာနနှင့် သတ်မှတ်အချိန်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ Yangon General Hospital Page တွင် အသေးစိတ်ဖော်ပြထားသည်၊၊
ယင်းအပြင် သက်ဆိုင်ရာလူနာဆောင်များတွင်သွားရောက်ပြသရမည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနအချိန်ဇယား (၂)တွင်လည်း ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသဌာန၊ ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသဌာန၊ ကင်ဆာရောဂါဆေးသွင်းကုသဌာန၊အကြောအဆစ်ရောဂါဌာန၊ သွား၊ အရေပြား၊ အဏုမြူရောင်ခြည်စသည့်ဌာနများတွင့် နေ့အလိုက်အချိန်အလိုက်ကုသနိုင်မည့် အချိန်ဇယားများကို ဖော်ပြထားကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Published 4 JKanuary 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပခဲ့ပါတယ်။
ဂုဏ်ပြညစာစားပွဲသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊နစကအဖွဲ့ဝင်တွေ၊ ဒုတိယသမ္မတ(ငြိမ်း) တွေဖြစ်ကြတဲ့ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊နိုင်ငံတော်အကြီးအကဲဟောင်းများရဲ့ မိသားစုဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တပ်မတော် အရာရှိကြီးတွေ၊ တိုင်းမှူးတွေ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ နှင့်သံရုံးတာဝန်ခံတွေ၊ ဂုဏ်ထူးဆောင်ကောင် စစ်ဝင်တွေ၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူတွေးNCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်တွေနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်တွေနှင့် ် အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ညစာစားပွဲကျင်းပနေစဉ်အတွင်းမှာ ဆုရရှိခဲ့ကြတဲ့ ဂုဏ်ပြုယာဉ်တွေနှင့် လေထီးခုန်ဂုဏ်ပြုခဲ့ကြသူတွေဟာ ဆုတွေ လက်ခံရယူခဲ့ကြပါတယ်။
အဲဒီနောက် ဂုဏ်ပြညစာစားပွဲအပြီးမှာ ဗိုလ်ချူပ်မှူးကြီးနှင့်တက်ရောက်လာသူတွေဟာ လွတ်လပ်ရေးနေ့ဂုဏ်ပြု ပဒေသာကပွဲကို ဆက်လက်ကြည့်ရှုခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#Local_News
Published_4 January 2023
ယခု ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလအထိ စာရင်းတွေအရ စက်မှုကုန်ချောတင်ပို့မှုကနေရရှိထားတဲ့ ဝင်ငွေဟာဆိုရင်ကန်ဒေါ်လာသန်းပေါင်း ၆၉၀၀ ကျော်နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 4 January 2023
ပြည်တွင်းမှာ သကြားစားသုံးမှုမြင့်တက်လာတဲ့အပြင် ပြည်ပကနေလည်း တင်သွင်းမှုလျော့နည်းလာတာကြောင့် ဒီနှစ်မှာတော့ ပြည်ပကိုသကြားတင်ပို့မှုဟာ လျော့နည်းသွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1238 of 1939