#Local_News
Published _6 January 2022
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ နမ့်ခွမ်ကျေးရွာအနီး၊ မူဆယ်-လားရှိးပြည်ထောင်စုလမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုတစ်ခု ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက ဖြစ်ပွားရာယာဉ်အတွင်း ညပ်နေသည့် ယာဉ်မောင်းအား ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
မူဆယ်-လားရှိးပြည်ထောင်စုလမ်းမကြီး၊ လက်ပံပင်ကွေ့၊ မိုင်တိုင်အမှတ်(၂၇၉/၄) တွင် AJ Dong Feng (၂၂)ဘီး(အနီရောင်)ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းအခင်းဖြစ်ရာနေရာသို့ မူဆယ်ခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း၊ ယာဉ်ခေါင်းခန်းတွင် ညပ်မိနေသူ ယာဉ်မောင်း ကျား(၁)ဦးအား (အသက်ရှင်)လျက် ကယ်ထုတ်နိုင်ခဲ့ပြီး မြင့်မြတ် ပါရမီလူမှုကူညီရေးအသင်းယာဉ်ဖြင့် မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon _Media_Group
#Local_News
Published_5 January 2023
အသက် ၆၅ နှစ်နဲ့အထက် ခိုကိုးရာမဲ့ဘိုးဘွားတွေကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ၁၄၆ ရပ်ကွက်၊ သံ လွင် ၃ လမ်းမှာ ရှိတဲ့ Saved The Aged မှာ စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_5 January 2023
လက်ရှိပြည်တွင်းခရီးသွားလုပ်ငန်းလည်ပတ်မှုဟာ ရာခိုင်နှုန်းအားဖြင့်ကြည့်မယ်ဆိုရင် နည်းနေသေးတယ်လို့ ပြည်တွင်းခရီးသွားကုမ္ပဏီတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_5 January 2023
ကျောက်စိမ်း၊ ကျောက်မျက်ရတနာအပါအဝင် သတ္တုတွင်းထွက်ပစ္စည်းတွေ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၈၃ သန်းရရှိထားတယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 5 January 2023
ဆီးချိုသွေးချိုဝေဒနာရှင်တွေအနေနဲ့ ပုံမှန်သောက်နေကျဆေးဝါးတွေမပြတ်ရအောင် မွန်ပြည်နယ်အပါအဝင်တစ်နိုင်ငံလုံးမှာ ဆီးချိုသွေးချိုဆေးဝါးတွေအခမဲ့ပေးနိုင်အောင် ဆောင်ရွက်လျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 5 January 2023
၁။ ယခုနှစ်တွင် ဆီးချိုဝေဒနာရှင်များ ဆေးဝါးများမပြတ်ရအောင် ဆီးချို ဆေးများကို အခမဲ့ပေးမည်
၂။ သတ္တုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၈၃ သန်းရရှိထား
၃။ ပြည်တွင်းခရီးသွားလာမှု ရာခိုင်နှုန်းအားဖြင့် နည်းနေသေးဟုဆို
၄။ မော်ရိုကိုမှ အလှကုန်သုံးဆီထုတ်လုပ်မှုပညာအား လူငယ်များစိတ်ဝင်စားမှုနည်းပါး၍ အနာဂတ်မရေရာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 5 January 2023
ပုဂံဒေသမှာ (၉၃၁)ကြိမ်မြောက် အာနန္ဒဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ(၅)ရက်၊ ပြာသိုလပြည့်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ဒေသခံဧည့်လမ်းညွှန်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1236 of 1939