#Local_News
Published_7 January 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသည့် သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များ၏ ဖွင့်လှစ်ချိန်ကို တစ်နာရီထပ်တိုးဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း CNG အရောင်းဆိုင်များမှ ကြေညာထားသည်။
ယခင်က CNG ဆိုင်တွေကို နေ့စဉ် မနက် ၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုအခါ အချိန်တစ်နာရီထပ်တိုးပြီး နေ့စဉ် ည ၁၀ နာရီထိ တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် CNG သုံး ဘတ်စ်ကားလိုင်းများ၊ အငှားယာဉ်များ အဆင်ပြေစေရန်အတွက် ယခုလိုအချိန်တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်မှုကြောင့် CNG အရောင်းဆိုင်များတွင် ဂတ်စ်လုံလောက်စွာမရရှိသည့်အတွက် YBS ယာဉ်လိုင်းများသည် အချိန်ကြာမြင့်စွာ CNG ဂတ်စ်တန်းစီစောင့်ဆိုင်းနေရသည့်အတွက် ယာဉ်အစီးရေလျှော့ချပြေးဆွဲနေရသလို CNG တက္ကစီယာဉ်မောင်းများသည်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်ရှိသည့်အနက် အရောင်းဆိုင် ၄၀ ကို ဖွင့်လှစ်ကာ တစ်ရက်လျှင် CNG ကုဗပေ ၁၈ သန်းကျော် ရောင်းချပေးနေကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 7 January 2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် (၃၀)မဂ္ဂါဝပ်ရှိသည့် 'ကြီးအုံကြီးဝ' နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်လှစ်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်၊၊
အဆိုပါ ဓာတ်အားပေးစက်ရုံကို တရုတ်နိုင်ငံ Power China Resources Limited မှ ရင်းနှီးမြှုပ်နှံတည်ဆောက်ပေးခဲ့ပြီး'ကြီးအုံကြီးဝ' နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ် ဓာတ်အားလိုင်းချိတ်ဆက်ဓာတ်အားလွှတ်အောင်မြင်ခြင်း ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ဇန်နဝါရီလ(၅) ရက်တွင် ကျင်းပခဲ့သည်၊၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Haiက လတ်တလောနှစ်ပိုင်းတွင် တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ၌ လျှပ်စစ်စီမံကိန်းများစွာ တာဝန်ခံတည်ဆောက်ခဲ့ကြောင်း၊ ယခုအကြိမ် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက် ဓာတ်အားလွှတ်အောင်မြင်ခြင်းသည် မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသများတွင် လျှပ်စစ်ဓာတ်အားလိုအပ်သည့်ပြဿနာအား ထိရောက်စွာ ဖြေရှင်းပေးပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း ပြောကြားသည်၊၊
ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က လက်ရှိတွင် တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက် ဓာတ်အားလွှတ်အောင်မြင်ခဲ့ပြီး နှစ်စဉ်ပျမ်းမျှပို့လွှတ်သည့် လျှပ်စစ်ဓာတ်အားပမာဏသည် ကီလိုဝပ်နာရီပေါင်း သန်း ၆၀ ကျော်ရှိကာ ဒေသတွင်းလူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ထိရောက်စွာမြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#ymg/tthl
#Yangon_Media_Group
#Local_News
Published_7 January 2023
ရွှေဒင်္ဂါးပြားတစ်ကျပ်သားလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဈေးဖြင့် ရောင်းချနေကြောင်း နစက၏ သတင်းများအရ သိရသည်။
၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်ကျပ်သား၊ငါးမူးသားရွှေဒင်္ဂါးများကိုဆင်ဖြူတော်ပုံဖြင့် အသစ်သွန်းလောင်းကာ ဇန်နဝါရီလ ၅ ရက်မှစတင်၍ ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးတို့ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များတွင် ရောင်းချပေးနေခြင်းလည်း ဖြစ်သည်။
ယခင်က ပုံစံဟောင်းရွှေဒင်္ဂါးများကိုလည်း အဆိုပါ ဆင်ဖြူတော်ပုံဖြင့် အသစ်သွန်းလောင်းထားသည့် ရွှေဒင်္ဂါးပြား များနှင့် အတူရောင်းချပေးနေခြင်း ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၅ ရက်ကမြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ ရွှေတစ်ကျပ်သား ပေါက်ဈေးမှာ ၂၅ သိန်းဖြစ်သောကြောင့် တစ်ကျပ်သားရွှေဒင်္ဂါးတစ်ပြား၏ တန်ဖိုးမှာ အလျော့တွက်လက်ခ အပါအဝင် ၂၅ သိန်း ၈ သောင်းကျပ်ဖြစ်ကြောင်း သိရသည်။
မည်သည့် ရွှေအလေးချိန်ရှိ ရွှေဒင်္ဂါးပြားများကို ဝယ်ယူစေကာမူ တစ်ကျပ်သားဈေးမှာ ၂၅ သိန်း ဖြစ်ပြီး အလျော့တွက်လက်ခများမှာ ကွာဟသွားကြောင်း၊ ငါးမူးသား ရွှေဒင်္ဂါးတစ်ပြားလျှင် အလျော့တွက်လက်ခ ၄၂၀၀၀ ကျပ် ၊တစ်မတ်သားရွှေဒင်္ဂါးတစ်ပြားလျှင် အလျော့တွက်လက်ခကျသင့်ငွေ ၂၂၀၀၀ ကျပ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_7 January 2023
ထိုင်းခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရေးအတွက် လေကြောင်းပျံသန်းမှု အကြိမ်ရေတိုးမြှင့်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရသည်။
ပြီးခဲ့သည့် ၂၀၂၂နှစ်အတွင်းက မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံသား ခရီးသွားဝင်ရောက်မှုမှာ သောင်းကဏန်းခန့်သာရှိခဲ့ရာမှ ယခုနှစ်စပိုင်းတွင် တရုတ်နိုင်ငံထက် ထိုင်းနိုင်ငံမှဝင်ရောက်သည့် ခရီးသွားအရေအတွက် ပိုလာကြောင်းလည်း သိရသည်။
ယင်းကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump တို့တွေ့ဆုံပြီး ၂ နှစ်နိုင်ငံအကြား လေကြောင်း ပျံသန်းမှု အကြိမ်ရေးတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump က ကိုဗစ်အလွန်ကာလတွင် နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့် မြန်မာနိုင်ငံသို့ ထိုင်းခရီးသွားဧည့်သည်များလာရောက်ရာတွင် ကျန်းမာရေးအာမခံဝယ်ယူထားရှိရေးတို့အတွက် ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်က ထိုင်းစီးပွားရေးလုပ်ကိုင်သူများအနေဖြင့် မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးထားကြကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၏ ခရီးသွားပြပွဲများ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သောကဏ္ဍများလုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံအနေဖြင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနနှင့် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန်လည်း အစီအစဉ်များ ရှိကြောင်း၊ မြန်မာ- ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာတို့ကိုလည်း ဆွေးနွေးထားသည့်အပြင် ကိစ္စများကို ဆွေးနွေး ထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_6 January 2023
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းမှာ တစ်ပါတ်ကို သုံးကြိမ်ခန့် RBE ရထားစတင်ပြေးဆွဲပေးနေတယ်လို မြန်မာ့မီးရထားကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _6 January 2022
ရွှေစက်တော် ဘုရားပွဲတော်ကာလမှာ မင်းဘူး-ရွှေစက်တော် ခရီးသည်တင်မော်တော်ယာဉ်လိုင်း ပြေးဆွဲပေးမယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_6 January 2023
ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းက အနည်းငယ်ပြန်လည်မြင့်တတ်လာတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
Page 1234 of 1939