#Local_News
Published_ 12 January 2023
ထောက်ကြံ့လမ်းဆုံတွင် တို့ဆေးမိထားသည့် ပုံစံပေါက်နေသည့် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ အဘတစ်ဦး ထောက်ကြန့်လမ်းဆုံသို့ရောက်နေကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
အဆိုပါ အဘသည် အသက်(၆၀)ကျော်အရွယ်ရှိပြီး အမည်ဦးလှိုင်မြင့်၊အဘအမည်ဦးမောင်ကြည်၊ ဇနီး ဒေါ်တင်နွယ်အေး၊ နေရပ် ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိုသည်ကလွဲ၍ ဘာမှမေးမြန်း၍မရသေးကြောင်း စတင်တွေ့ရှိသူများထံမှ သိရသည်၊၊
အဆိုပါ အဘထံတွင်ဖုန်းနှစ်လုံးနှင့် အိတ်ပါခဲ့သည်ဟုဆိုသော်လည်း လက်ရှိတွင် အဝတ်တစ်ထည် ကိုယ်တစ်ခုသာရှိတော့သည်ဟု ဆိုသည်၊၊
လတ်တလောတွင် ထောက်ကြန့်လမ်းဆုံ ကားဂိတ်အနီးတွင်အဘအား အနီးအနားဝန်းကျင်မှ စောင့်ရှောက်ပေးလျက်ရှိပြီး အသိမိတ်ဆွေများဖုန်း 09-966285480 နှင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့သို့ ဆက်သွယ်ပေးစေလိုကြောင်း စတင်တွေ့ရှိသူများက YMGကို ပြောပြသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_12 January 2023
မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများထဲမှ သတ်မှတ်စည်းကမ်းချက်တွေကို ဖောက်ဖျက်ခဲ့သည့် ယာဉ်အစီးရေ ၅၈၀ ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်ကော်မတီ YRTC မှ သိရသည်။
အဆိုပါ သတ်မှတ်စည်းကမ်းချိုးဖောက်ခဲ့သည့် ယာဉ်စီးရေ ၅၈၀ ကျော်ကို CNG ဖြည့်သွင်းခွင့်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ YRTC အနေဖြင့် တယ်လီမတ်တစ်စနစ် တပ်ဆင်ထားသည့် ကိရိယာတွေနှင့် CCTV တွေကို အသုံးပြု၍ စောင့်ကြည့်ခဲ့ရာမှ ယခုလို အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အရှိန်နှုန်းစောင့်ကြည့်သည့် တယ်လီမတ်တစ်စနစ်ဖြင့် YBS ယာဉ်ပေါင်း ၃၅၀၀ ကျော်ကို စောင့်ကြည့်ကြပ်မတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တယ်လီမက်တစ်စနစ်ကို ယာဉ်အစီးရေ ၃၈၈၅ စီးတပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းနေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ ပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁ ဒသမ ၄ သန်းဝန်းကျင်ကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 12 January 2023
ပြည်တွင်းစက်သုံးဆီ ၉၂ တစ်လီတာကို ၂၀၀၀ အထိပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာကျဆင်းလာပြီး ယနေ့(ဇန်နဝါရီ ၁၂ ) ရက်တွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
ယနေ့(ဇန်နဝါရီလ ၁၃ ရက်)တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၃၅ ကျပ်၊ ၉၅ တစ်လီတာ ၂၀၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၃၁၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၉၀ ကျပ်ထိမြင့်တက်လာပြီး ယမန်နေ့တွင် ၉၂ တစ်လီတာ ၁၉၉၅ ကျပ်၊ ၉၅ တစ်လီတာ ၂၀၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၅၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၃၅ ကျပ်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း၊ သိုလှောင်ထားရှိခြင်းများ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေး ကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 12 January 2023
ကိုဗစ်-၁၉ ရောဂါကြောင့် ၃ နှစ်ခန့်ကြာပိတ်ထားခဲ့ရသော ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ်(၁) တံတားကို ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
"မဲဆောက် - မြဝတီ ချစ်ကြည်ရေးအမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ထိုင်းနဲ့ မြန်မာတာဝန်ရှိသူတွေပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကပဲ ဆွေးနွေးခဲ့တာ။ ဟိုနေ့ဖွင့်မယ်၊ ဒီနေ့ဖွင့်မယ်နဲ့ တော်တော့ကို ကြာခဲ့ပါတယ်။ ဒီနေ့ကတော့ ဖွင့်ပါပြီ။ မဲဆောက်ကို သွားမယ့်သူတွေ အနေနဲ့ ကတ်လုပ်ပြီးတာနဲ့ သွားလို့ရပါပြီ"ဟု တံတားဖွင့်လှစ်ရေး တာဝန်ရှိသူကပြောသည်။
မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားသည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်ရန် သောင်ရင်းမြစ်ပေါ်၌ ဆောက်လုပ်ထားသော တံတားဖြစ်သည်။ ၁၉၉၇ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၄၂၀မီတာ (၁,၃၈၀ ပေ) ရှည်လျားကာ ၁၃မီတာ (၄၂ပေ ၈လက်မ) ကျယ်ဝန်းပြီး အရေးပါသော တံတားတစ်စင်းဖြစ်သည်။လွန်ခဲ့သော ၂၀၁၉ခုနှစ်က အမှတ် (၂)တံတားကို ဖွင့်လှစ်ခဲ့ပြီးနောက် အမှတ် (၁)တံတားမှ လူနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးတော့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _12 January 2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်းမပေါ် အေဝမ်းကားမှတ်တိုင်အနီးတွင် ဇန်နဝါရီဘ ၁၁ ရက် ည ၁၀နာရီ မိနစ် ၄၀ခန့်ကယာဉ်တစ်စီးအရှိန်တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း"ရွှေရောင်သမိုင်း"အသင်းလူမှုရေးအသင်းက ထုတ်ပြန်ထားသည်။
အဆိုပါ အမျိုးသမီးအား လိုအပ်သည့်ကနဦး ပြုစုမှုများဆောင်ရွက်ပေးကာယင်းအသင်း၏ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းလည်း ထုတ်ပြန်ထားသည်။
အဆိုပါယာဉ်မှာ အရှိန်လွန်၍ ဓာတ်တိုင်ကိုတိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးမှာ အသက် ၄၀ခန့်အရွယ်ဖြစ်ပြီး ဒဏ်ရာမှာ မစိုးရိမ်ရကြောင်းလည်း သိရသည်။
#ymg/mt
#Yangon _Media_Group
#Local_News
Published_11 January 2023
တရုတ်နိုင်ငံဘက်မှာ ကိုဗစ်ရောဂါပိုးတွေ့နှုန်းများနေတာကြောင့် မြန်မာဘက်က နယ်စပ်ဂိတ်တွေကို ဖွင့်မသေးနိုင်သေးဖြစ်နေပါတယ်။
#Yangon_Media_Group
#Local_News
Published_11 January 2023
ယခုရက်ပိုင်းအတွင်းမှာ နယ်စပ်ကုန်သည်တွေရဲ့ ဝယ်လက်နည်းပါးလာတာကြောင့် ကြက်သွန်နီဈေးနှုန်းဟာ ကျဆင်းလာတယ်လို့ ကြက်သွန်ပွဲရုံတွေကနေ သိရပါတယ်။
#Yangon_Media_Group
Page 1223 of 1937