#Local_News
Published_ 12 January 2023
ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသော စက်ရုံများ ငွေကြေးလည်ပတ်သုံးစွဲရာတွင် ဘဏ်စနစ် အသုံးပြုရမည်ဖြစ်ပြီး နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသော စက်ရုံများသည် ပြည်ပမှအသုံးစရိတ်များ လွှဲပြောင်းသုံးစွဲရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမှာဖြစ်ကြောင်း သိရပါတယ်။
CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ လုပ်ငန်းများငွေကြေးဆိုင်ရာအဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အလုပ်သမား ဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ CMP အထည် ချုပ်လုပ်ငန်းရှင်များ၊ CMP Other လုပ်ငန်းရှင်များ၊ ကော်မတီဝင်များ တက်ရောက်ကြပါတယ်။
မြန်မာနိုင်ငံတွင် CMP စက်ရုံ၊ အလုပ်ရုံပေါင်း ၇၃၈ ရုံ ရှိသည့်အနက် နိုင်ငံခြားငွေ ဝင်ရောက်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ငွေစာရင်းဖွင့်လှစ် ထားရှိသည့် စက်ရုံများတွင် နိုင်ငံခြားငွေဝင်ရောက်သည့် စက်ရုံ ၃၆၂ ရုံရှိကာ နိုင်ငံခြားငွေ ဝင်ရောက် ခြင်းမရှိသည့် စက်ရုံ ၂၈၄ ရုံ တွေ့ရှိခဲ့ရပြီး ငွေစာရင်း ဖွင့်လှစ်ထားခြင်းမရှိသည့် စက်ရုံ ၉၂ ရုံ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘဏ္ဍာရေးလုပ်ငန်းစဉ်များတွင် နိုင်ငံခြားဝင်ငွေစီးဆင်းမှုသည်လည်း နိုင်ငံတော် စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောကဏ္ဍမှ ပါဝင်ပါတယ်။
ygm_mnn
#Yangon_Media_Group.
#Local_News
Published_12 January 2023
ဂျပန်အပါအဝင် ပြည်ပ ၆ နိုင်ငံကို မြန်မာ့ပျားရည်တင်ပို့နေတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 January 2023
တရုတ်ရိုးရာခြင်္သေ့နဲ့နဂါးအကအဖွဲ့အချို့ ရေရှည်ရပ်တည်ဖို့ခက်ခဲနေသလို အဖွဲ့ဝင်အသင်းသားတွေလည်း တဖြည်းဖြည်းလျော့နည်းလာတယ်လို ပုလဲနက်ခြင်္သေ့အဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_12 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ကိုးလတာကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၆ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 12 January 2023
၁။ ကိုးလတာကာလအတွင်း စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ပိုမိုရရှိခဲ့
၂။ တရုတ်ခြင်္သေ့နှင့် နဂါးအကအဖွဲ့အချို့ ရေရှည်ရပ်တည်ရန်ခက်ခဲလာ၊ Event ပွဲများသာ လက်ခံကပြနေရ
၃။ ဂျပန်အပါအဝင် ပြည်ပ ၆ နိုင်ငံကို မြန်မာ့ပျားရည်တင်ပို့နေ
၄။ အီရန်၏အကျိုးစီးပွားမထိခိုက်စေဘဲ နျူကလီးယားသဘောတူညီချက်များ ပြန်လည်ညှိနှိုင်းမည်ဖြစ်သော်ငြား အမေရိကန်ကိုတော့ပါဝင်ခွင့်မပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_12 January 2023
မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေဟာ CNG Gas မရရှိတာကြောင့် ယာဉ်အစီးရေကိုလုံလောက်စွာ မထွက်ရှိနိုင်ဘူးလို့ ယာဉ်လိုင်းပိုင်ရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 January 2023
သင်္ဘောသားနိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် ပုံမှန်လျှောက်ထားခြင်းမျိုးမဟုတ်ဘဲ (MSF)အဖွဲ့ချုပ် အနေဖြင့် သီးသန့်ဦးစားပေးလျှောက်ပေးခြင်းလုပ်ငန်းစဉ်ကို လုပ်ကိုင်ပေးခြင်းမရှိတော့ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများ အလုပ်သမားများအဖွဲ့ချုပ်(MSF)၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ယင်းကဲ့သို့ သင်္ဘောသားနိုင်ငံကူးလက်မှတ်(Seaman Passport) သီးသန့်ဦးစားပေးလျှောက်ထားခြင်း လုပ်ငန်းစဉ်အား MSF အဖွဲ့ချုပ်အနေဖြင့် အကောင်အထည်ဖော်ရမည်ဆိုပါက သင်္ဘောသားတစ်ဦးလျှင် ဝန်ဆောင်ခ ကျပ် (၁၀,၀၀၀) ကောက်ခံမည်ဖြစ်ကြောင်းလည်းတရားဝင်အသိပေးထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်၊၊
ထုတ်ပြန်ချက်တွင် (MSF)အဖွဲ့ချုပ်အနေဖြင့် ညီနောင်သင်္ဘောသားများ (Seaman Passport) လျှောက်ထားရာတွင် အချိန်ကြာခက်ခဲသည်ဟု သိရှိရပါသောကြောင့် အဆိုပါအချက်အားပြေလည်စေရန်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ ချဉ်းကပ်၍ သင်္ဘောသားနိုင်ငံကူးလက်မှတ် (Seaman Passport) လျှောက်ထားခြင်းအား သီးသန့်ဦးစားပေးအခွင့်အရေးအဖြစ်ရခဲ့သည်ဟု ဆိုသည်၊၊
ထို့နောက်ပိုင်း မကြာမီကာလတွင် အခြားအလားတူသီးသန့်ဦးစားပေးအခွင့်အရေးရသည့် အဖွဲ့အစည်းများ၏ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း မူမမှန်လုပ်ကိုင်မှုကြောင့် ယခုအခါတွင် Passport လျှောက်ထားခြင်းအား သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့်လျှောက်ထားရမည်ဟု မူဝါဒချမှတ်ထားပြီး (Seaman Passport) လျှောက်ထားခြင်းအား DMA မှ တစ်ဆင့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်ဟု ဆိုသည်၊၊
SRPS များ သင်္ဘောသားများအနေဖြင့် အဆိုပါ (Seaman Passport) လျှောက်ထားခြင်းလုပ်ငန်းစဉ်အား MSF အဖွဲ့ချုပ်အနေဖြင့် လုပ်ကိုင်ပေးခြင်း မရှိတော့ပါကြောင်း တတိယအကြိမ်မြောက် ထပ်လောင်းအသိပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်၊၊
(Seaman Passport) သီးသန့်ဦးစားပေးလျှောက်ထားခြင်း လုပ်ငန်းစဉ်အား MSF အဖွဲ့ချုပ်အနေဖြင့် အကောင်အထည်ဖော်ရမည်ဆိုပါက သင်္ဘောသားတစ်ဦးလျှင် ဝန်ဆောင်ခ ကျပ် (၁၀,၀၀၀) ကောက်ခံမည်ဟု SD/DMA နှင့် MSESF (SRPS ကိုယ်စားပြုအဖွဲ့အစည်း) တွေ့ဆုံစဉ်က တရားဝင်ကြေညာထားပြီးဖြစ်ကြောင်းကိုလည်း ထပ်လောင်းအသိပေးအပ်ကြောင်း လည်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1222 of 1937