#Local_News
Published _30 January 2023
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ အခုရက် ပိုင်းအတွင်းမိုးရွာပြီး ညပိုင်းအချိန်တွေအေးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 January 2023
မြန်မာ-တရုတ်နယ်စပ်ဂိတ်များဖြစ်တဲ့ မူဆယ်မြို့ရှိ နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်ကနေ အခြားတိုင်းနှင့်ဒေသမှ သွားရောက်မယ့်သူတွေကို BorderPass စာအုပ်ပြုလုပ်ပေးဖို့အတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_30 January 2023
ချင်းရွှေဟော်နယ်စပ်ကနေ တရုတ်နိုင်ငံကို ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားတဲ့ ကြံတန်ချိန် (၁) သိန်း (၆) သောင်းခန့်ကို တင်ပို့သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 30 January 2023
၁။ တရုတ်သို့ ဘိန်းအစားထိုး ကြံတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့မည်
၂။ တရုတ်နိုင်ငံဘက်သို့ အခြားတိုင်းနှင့်ဒေသမှ လာရောက်မည့်သူများအတွက် BorderPass စာအုပ်ပြုလုပ်ပေးရန် ညှိနှိုင်းနေ
၃။ မုန်တိုင်းငယ်အရှိန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် မိုးရွာပြီး ညပိုင်းအေးနိုင်
၄။ ကမ်းခြေမရှိသော ဘရာဇီးလ်ဆော်ပေါ်လိုမြို့တွင် ကမ်းခြေတုသောင်ပြင်ကစားနည်းများ ခေတ်စားနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_30 January 2023
ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ငွေလဲနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 January 2023
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က ကျင်းပခဲ့ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင် ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မော်ရိုကို အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Azzeddine Farhane က ၎င်းအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများ၏ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ပါကစ္စတန်အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Aftab Ahmad Khokher ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဗီယင်နာမြို့အခြေစိုက် United Nations အဖွဲ့ခွဲများမှတာဝန်ရှိသူများ၊ ဂျီ ၇၇ နှင့် တရုတ်အုပ်စု အဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များက ကြိုဆိုထောက်ခံသည့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။
ဂျီ ၇၇ နှင့် တရုတ်အုပ်စုကို ကုလသမဂ္ဂအဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃၄ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး၊ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက် UNODC၊ UNIDO ၊ IAEA နှင့် CTBTO တို့က ကျင်းပတဲ့ အထွေထွေညီလာခံများ၊ အစည်းအဝေး များတွင် အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဆွေးနွေးပြောကြားလေ့ရှိကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_30 January 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၉ နာရီခန့်က ကျောက်စိမ်းတွင်းဟောင်း၏ ကမ်းပါးပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေနေသည့် ရခိုင်တိုင်းရင်းသား၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတို့ ၄ ဦးက ကျင်းတစ်ခုတည်းတွင် လေးပေကျင်းတူးနေကြစဉ် ပေ ၁၀၀ ကျောခန့် အမြင့်ရှိသည့် တွင်းဟောင်းမြေစာပုံ ကမ်းပါးက ပြိုကျပိမိ၍ အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
"မြေကြီးပိတာတွေကို ဖယ်ထုတ်ပြီး ဝှေခါ သုဿာန်ကို သယ်တယ်။ အဲဒီမှာ သဂြိုလ်လိုက်ကြတယ်"ဟု မြတ်ပါရမီ လူမှုကူညီရေး အသင်းသားတစ်ဦးကပြောသည်။
#ymg/mt
#Yangon_Media_Group
Page 1187 of 1934