#Local_News
Published_31 January 2023
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ပြခန်းများနှင့် ဈေးရောင်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း၊ အဆိုပါပြခန်းနှင့်ဈေးရောင်းပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ်များဖြင့်ဧည့်ခံ ဖျော်ဖြေမည်ဖြစ်ပြီး ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ပြည်နယ် ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အနုပညာပြခန်း၊ ဝတ်စားဆင်ယင်မှုပြခန်း၊ ဒေသထွက်ကုန် ပစ္စည်းပြခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း၊ စုစုပေါင်းပြခန်း ၅၅ ခန်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက် မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သည့် အိမ်သုံးဆေးဝါး၊ တိုင်းရင်းဆေးများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ဆက်စပ် ပစ္စည်းများ၊ ဟိုတယ်နှင့်အိမ်သုံး မီးဖိုချောင်နှင့်ဧည့်ခန်းသုံး ပစ္စည်းများပြခန်း ၃၅၆ ခန်း ပါဝင်မည်ဖြစ်ကြောင်း လည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_31 January 2023
ထိုင်းနိုင်ငံတွင် ကလေးငယ် ၆ ဦးအပါအဝင် မြန်မာနိုင်ငံသား ၉၀ ကျော် အဖမ်းခံရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။
"ဇန်နဝါရီလ ၂၈ ရက်နဲ့ ၂၉ ရက်က နှစ်ရက်ပေါင်းမှာ လူ ၉၀ အဖမ်းခံရတယ်။ ဒီလိုတရားမဝင်သွားနေရင် နောက်လည်းအဖမ်းခံနေရအုံးမှာပဲ၊မလာကြပါနဲ့၊ တရားမဝင်လမ်းကနေ မလာကြပါနဲ့ဆိုပေမဲ့လည်း ပို့တဲ့သူကပို့၊ လာတဲ့သူကလာဆိုတဲ့ ပုံစံဖြစ်နေတယ်"ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသား ၉၀ ကျော်မှာ တရားမဝင်ရောက်လာခြင်းဖြစ်ပြီးထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်အတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန် လာရောက်သူများဖြစ်ကြောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်စသည့် ဒေသများက ဖြစ်ကြောင်းနှင့် စမွတ်စာခွန်၊ ရယောင်း၊ ကန်ကျနဘူရီ ၊ ဘန်ကောက်စသော ဒေသများတွင် အလုပ်လုပ်ရရှိရန် ပွဲစားများအား တစ်ဦးလျှင် ဘတ်နှစ်သောင်းမှ ဘတ်သုံးသောင်းထိပေး၍ လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_31 January 2023
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်အစီအစဉ်ကို ယာယီရပ်နားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၆ ရက်ကစ၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စက်နှင့် ကွန်ပျူတာများကိုပြုပြင်၊ ထိန်းသိမ်ရန်အတွက် ဖြစ်ကြောင်းယာယီရပ်နားရန် ကြေညာခြင်း ဖြစ်ကြောင်း၊ ယင်းကာလအတွင်းနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ရက်ချိန်းယူခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက်ယူခြင်းနှင့် ဗီဇာ၊ ထောက်ခံစာထုတ်ပေးသော လုပ်ငန်းစဉ်များကိုမူ ရုံးဖွင့်ရက်တိုင်း ပုံမှန်ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ သာမန်မြန်မာနိုင်ငံကူးလက်မှတ် Passport for Job (PJ) အမျိုးအစား ကိုင်ဆောင်ထားသူများ အနေဖြင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(Overseas Worker Identification Card-OWIC) လျှောက်ထားရမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ကျွမ်းကျင်လုပ်သားအဖြစ် သွားရောက်မည့်သူများ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ခွင့်ပါမစ်၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်၊ စီးပွားရေးပါမစ် များဖြင့် နေထိုင်လုပ်ကိုင်သူများမှ အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြန်လည်ထွက်ခွာမည့်သူများ၊ OWIC ကတ် သက်တမ်းကုန်ဆုံးသွားသူများ၊ပျောက်ဆုံးသွား သူများအနေဖြင့် နိုင်ငံကူးလက်မှတ်(PJ)အမျိုးအစား ကိုင်ဆောင်ထားရှိပါက မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြန်မာနယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာနိုင်ရေးအတွက် OWIC ကတ် မဖြစ်မနေ ကိုင်ဆောင်ထားရမည်ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ Website၊ Safe Migration Facebook Page၊ Safe Migration Telegram Channel၊ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်များမှတစ်ဆင့် ကြေညာထားရှိပြီးဖြစ်ပြီးဖြစ်သောကြောင့် OWIC ကတ်ကို အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားကြရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန်မဟုတ်ဘဲ ပညာသင်ကြားနေသူများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့်နေသူများ၊ အသက်အရွယ်ကြီးရင့်ပြီး အငြိမ်းစားဝန်ထမ်းဖြစ်သူများနှင့် မှီခိုနေထိုင်သူများဖြစ်ပါကလည်း ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို အခြားသက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်အမျိုးအစားသို့ ပြောင်းလဲလျှောက်ထားရမည် ဖြစ်ပါကြောင်း ၎င်းတွင် ထည့်သွင်းရေးသားထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_31 January 2023
ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား အမျိုးသား ၄၂၂ ဦးနှင့် အမျိုးသမီး ၅၄၃ ဦး စုစုပေါင်း ၉၆၅ ဦးခေါ်သွားရန် အလုပ်ကမ်းလှမ်းစာ ၁၃၂ စောင်ရရှိထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၃၂ စောင်အား မြန်မာသံရုံး၊ တိုကျိုမြို့က ဇန်နဝါရီလ ၁၇ ရက်မှ ဇန်နဝါရီလ (၃၀)ရက် အတွင်း စိစစ်ပြီးနောက် ယင်းကမ်းလှမ်းစာများနှင့် ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာများသည် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် ပေးပို့လာခြင်းဖြစ်၍ အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအား စိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၃၂ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Myanmar_News
Published 31 January 2023
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းကြီးအား ရတနာပုလ္လင်တော်ထက်သို့ ပင့်ဆောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ယနေ့ ဇန်နဝါရီ ၃၁ရက် နံနက် ၀၁.၃၅ နာရီမှစတင်ပင့်ဆောင်ခဲ့ရာ နံနက် ၈ နာရီ ၀၁ မိနစ်တွင် ရတနာပုလ္လင်တော်ထက်သို့ ရောက်ရှိပင့်ဆောင်ပြီးစီးကြောင်း သတင်းရရှိပါတယ်။
-ymg/Knl/
#Yangon_Media_Group
Published 30 January 2023
မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံအကြား စီးပွားရေးဆိုင်ရာကိစ္စရပ် များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုပြောဆိုခဲ့တယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး ယနေ့ဇန်နဝါရီ ၃၀ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ ဗိုလ်ချူပ်မှူးကြီးထံ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှု အခြေအနေများ၊ စီးပွားရေးဆိုင်ရာကိစ္စရပ် များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများ၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ အကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံထုတ်ကုန်များ အပြန်အလှန်တင်ပို့နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ယခုထက် ပိုမိုတိုးတက်စေရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုး တက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စု ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြပါတယ်။
Ymg/knl
#Myanmar
#Myanmar_Russia
#Myanmar_SAC
#Local_News
Published _30 January 2023
လျှပ်စစ်ကားတွေ၊ လျှပ်စစ်ကားတက်စီတွေဈေးကွက်ဖွံ့ဖြိုးဖို့အတွက် အချိန်တစ်ခုစောင့်ရဦးမှာဖြစ်တယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ဥက္ကဌဒေါက်တာစိုးထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
Page 1186 of 1934