#Local_News
Published_ 3 February 2023
တရုတ်နိုင်ငံ၊Yunnan Bright Prospect Industrial Co., Ltd မှ ကိုဗစ်- ၁၉ ရောဂါကာကွယ်တားဆီးရေးတွင် အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း(၁) သိန်းလာရောက်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်၊၊
မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်လျက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ မေတ္တာရပ်ခံချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yunnan Bright Prospect Industrial Co., Ltd မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးတွင် အသုံးပြုနိုင်ရန် ယွမ် ၁၀၀,၀၀၀/- (ကျပ် ၃၀,၈၀၀,၀၀၀) တန်ဖိုးရှိ နှာခေါင်းစည်း (Mask) အရေအတွက် (၁၀၀,၀၀၀) အားဖေဖော်ဝါရီ(၃)ရက်တွင် လှူဒါန်းခဲ့သည်၊၊
အဆိုပါ လာရောက်လှူဒါန်းပေးအပ်ခဲ့သည့် နှာခေါင်းစည်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_3 February 2023
ဗဟိုဘဏ်မှ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင် လက်မှတ်ထုတ်ပေးထားသည့် Imperial Myanmar Finance ကုမ္ပဏီအား Money Changer လိုင်စင် ရုတ်သိမ်းထားကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီအား On-Site သွားရောက်စစ်ဆေးရာတွင် Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ဗဟိုဘဏ်မှချမှတ်ထားသည့်မူအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပေးခဲ့သည့် Money Changer လိုင်စင်အမှတ်(စီဘီအမ်-အက်ဖ်အီးအမ်ဒီ-၄၈၇/၂၀၂၀)အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး လိုင်စင်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်မှ မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှမဟုတ်ဘဲ သီးခြားကုမ္ပဏီ(သို့မဟုတ်) မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရမည်ဖြစ်ကြောင်း သတ်မှတ်ထားခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်၊၊
ဖေဖော်ဝါရီလ ၃ ရက်နေ့လည်၁၁နာရီ ၂၃ မိနစ်တွင် ရေသန့်နှင့် အအေးမျိုးစုံလက်ကားရောင်းသည့်ဈေးဆိုင်၌ မီးလောင်ကျွမ်းခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃) စီး ထွက်ခွာငြိမ်းသတ်ခဲ့သည်၊၊
၁၁ ၃၀ အချိန် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး၁၁ ၄၀ အချိန် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိကာ ၁၁ ၄၅ အချိန် မီးထိန်းကြောင်းထုတ်ပြန်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 3 February 2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်လမ်းဘေးတစ်နေရာတွင်သေဆုံးနေသော အမျိုးသားမှာမည်သူမည်ဝါဟု မသိရသေးကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသားရုပ်အလောင်းကိုတွေ့ရှိကြောင်း ဖေဖော်ဝါရီလ ၁ ရက် ညနေ ၄ နာရီကျော် အချိန်တွင် သိရသောကြောင့် အသင်းအနေဖြင့် သွားရောက်၍ ကူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
"သေသူကတော့ လူလတ်ပိုင်းပဲ၊ သူ့ရဲ့ပါးမှာ ဖူးရောင်နေတဲ့ ဒဏ်ရာရှိတယ်၊ လက်မှာက ဆေးထိုးအပ်ရာတွေ လေးနေရာလောက်တွေ့တယ်။အခု ကြားသိရသလောက်ကတော့ ချမ်းမြသာစီမြို့နယ်ထဲကလို့ သိရတယ်။ ဒါပေမဲ့ မိသားစုက အကြောင်းမကြားဘူး၊ ၃ ရက်လောက် စောင့်လို့မှ ဆက်သွယ်လာသူမရှိဘူးဆိုရင် ပိုင်ရှင်မဲ့အနေနဲ့ ဆေးရုံကနေ သဂြိုဟ်ရမယ်"ဟု ယင်းအသင်းတာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် သေဆုံးနေသူ၏ ရုပ်အလောင်းကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ အပ်နှံရာ PR နံပါတ် 03 ဖြင့် လက်ခံထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 3 February 2023
မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများတွင် အရက်သောက်သုံးမှုထိန်းချုပ်ရေး၊ အရက်မသောက်သုံးရေးနေ့ (Alcohol Free Days) သတ်မှတ်ရေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်၊၊
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံကျန်းမာသော နေထိုင်မှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့-၁ အစည်းအဝေး ဒုတိယနေ့တွင် ယင်းလုပ်ငန်းများ ဆောင်ရွက်ရန်ထည့်သွင်းဆွေးနွေးခဲ့သည်၊၊
အစည်းအဝေးတွင် မြန်မာနိုင်ငံမှသဘာပတိအဖြစ်တာဝန်ယူပြီး အရက်သောက်သုံးမှုထိန်းချုပ်ရေး၊ အရက်မသောက်သုံးရေးနေ့ (Alcohol Free Days) သတ်မှတ်ရေး၊ ထိခိုက်မှုအန္တရာယ်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်နိုင်ရေး၊ ယာဉ်ထိခိုက်မှုဆိုင်ရာသတင်းအချက်အလက်အစီရင်ခံစာ ပြုစုနိုင်ရေးအတွက် စံနှုန်းများသတ်မှတ်ရေး၊ လုပ်ငန်းခွင်ဆိုင်ရာရောဂါများအား စောင့်ကြည့် စစ်ဆေးခြင်းနှင့် အချက်အလက်များဖော်ထုတ်သတ်မှတ်ခြင်းဆိုင်ရာ အာဆီယံဆိုင်ရာလမ်းညွှန်များ အားအပြီးသတ်ရေးဆွဲရေးနှင့် အတွေ့အကြုံများကို ဖလှယ်နိုင်ရန် ဒေသဆိုင်ရာနှီးနှောဖလှယ်ပွဲ တစ်ခုအား ၂၀၂၅ခုနှစ် အတွင်းကျင်းပရေး၊ ကိုဗစ် - ၁၉ ကပ်ရောဂါကာလအတွင်း စိတ်ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာအထောက်အပံ့ပေးနိုင်ရေးအတွက် အာဆီယံဆိုင်ရာ မူဘောင်ပြုစုနိုင်ရေးနှင့် ပျိုရွယ်သူနှင့် ကလေးကျန်းမာရေးလုပ်ငန်းစဉ်များတွင် အဆိုပါကိစ္စရပ်အား ထည့်သွင်းဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်ကို အချောသတ် ပြုစုရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်၊၊
ယင်းအပြင် အာဆီယံဒေသတွင်း ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်မီဒီယာ လှုပ်ရှားမှုများဆောင်ရွက်ရေး၊ အီလက်ထရောနစ်စီးကရက်ထိန်းချုပ်ရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ မူဝါဒချမှတ်ခြင်းနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်လုပ်သူများ၏ နှောင့်ယှက်ဟန့်တားမှုများမှကာကွယ်တားဆီးရေး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများမှ သဘောတူညီချက်ရယူရေးများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
အစည်းအဝေး ဒုတိယနေ့ညနေပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ သဘာပတိအဖြစ် တာဝန်ယူ၍ ပဏာမကျန်းမာရေးနှင့် အထက်အဆင့် ကျန်းမာရေးဝန် ဆောင်မှုများတွင် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ထည့်သွင်းနိုင်ရေးလမ်းညွှန် ပြုစုရေး၊ ဘွဲကြိုအဆင့် ဆရာဝန်သင်တန်းနှင့် သူနာပြုသင်တန်းများတွင် စိတ်ကျန်းမာရေးဆိုင်ရာများ ထည့်သွင်းပို့ချနိုင်ရေး၊ သက်ကြီးရွယ်အို အဖွဲ့အစည်းဆိုင်ရာ အာဆီယံ ဗဟိုဌာန (ASEAN Centre for Active Ageing and Innovation - ACAI) ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ကျန်းမာရေးပညာပေးအထောက် အကူပြုပစ္စည်းများကို အသုံးပြုရေး၊ အဖြစ်များသော မှတ်ဉာဏ်လျော့ပါးလာသော ရောဂါ (Dementia)ကို ပြုစုစောင့်ရှောက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား အသိပညာဖလှယ်ရေး၊ အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များ စားသုံးမှုမြှင့်တင်ရေး လုပ်ငန်းစဉ်(၂၀၂၁-၂၀၂၅) အား အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသတွင်း မိခင်နိုတိုက်ကျွေးရေး ညီလာခံနှင့် အာဟာရဖွံ့ဖြိုးမှု စောင့်ကြည့်လေ့လာရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး၊ ကျန်းမာရေးနှင့် ညီညွတ်သောစား သောက်မှုပုံစံမြှင့်တင်ရေးနှင့် ကျောင်းကျန်းမာရေးအခြေပြုအာဟာရဖွံ့ဖြိုးရေးလမ်းညွှန်များ ပြုစုနိုင်ရေး စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Myanmar_News
Published 2 Feb 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်တွင် စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရအပ်နှင်းလိုက်တယ်လို့ နစက,က အမိန့်ထုတ်ပြန်ပါတယ်။ နစကရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ၁/၂၀၂၃မှ ၇/၂၀၂၃ အထိ ယနေ့ ဇန်နဝါရီ (၂)ရက် ရက်စွဲဖြင့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အဆိုပါအမိန့်များအရ
-စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့်ရေဦးမြို့နယ် စုစုပေါင်း (၁၁)မြို့နယ်
- ချင်းပြည်နယ်တွင် တီတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟာခါးမြို့နယ် စုစုပေါင်း(၇)မြို့နယ်
-မကွေးတိုင်းဒေသကြီးတွင် ဂန့်ဂေါ၊ထီးလင်း၊ဆော၊ပေါက်၊မြိုင် မြို့နယ် စုစုပေါင်း(၅)မြို့နယ်
-ပဲခူးတိုင်းဒေသကြီးတွင် ထန်းတပင်၊အုတ်ဖို၊နတ်တလင်း၊ပေါင်းတည်၊ပေါက်ခေါင်း စုစုပေါင်း (၅)မြို့နယ်
-မွန်ပြည်နယ်တွင် ရေးမြို့နယ် စုစုပေါင်း(၁)မြို့နယ်
-ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ် စုစုပေါင်း(၂)မြို့နယ်
-တနင်္သာရီတိုင်းဒေသကြီးတွင် တနင်္သာရီနှင့် ပုလောမြို့နယ် စုစုပေါင်း (၂)မြို့နယ်
-ကယားပြည်နယ်တွင် ဒီမော့ဆို၊ဖရူဆို၊ရှားတောနှင့်ဘောလခဲမြို့နယ် စုစုပေါင်း (၄)မြို့နယ် တို့ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါစစ်အုပ်ချုပ်ရေးအမိန့်အရ သက်ဆိုင်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးတွေကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး Martial Law အာဏာကို ကျင့်သုံးဖို့ အပ်နှင်းခဲ့တာဖြစ်ပါတယ်။
ထိုသို့ဆောင်ရွက်ရာမှာ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးတို့၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်လို့ ဖော်ပြပါရှိပါတယ်။
#ymg/knl
#Myanmar
#Myanmar_Politics
#Yangon_Media_Group
#Local_News
Published_2 February 2023
CNG ဂတ်စ်ဆိုင်တွေမှာ YBS ယာဉ်တွေအနေနဲ့ အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းနေရတာကြောင့် သီးသန့်ဂတ်စ်ဖြည့်နိုင်ရန် တိုင်းအစိုးရအဖွဲ့ထံတင်ပြထားတယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
Page 1180 of 1934