Published 3 Feb 2023
အင်အားကြီးနိုင်ငံတွေအနေနှင့် သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေအတွက် အာဆီယံကို ကြားခံကိုယ်စားလှယ်အဖြစ် အသုံးမချကြဖို့ နှစ်ရက်ကြာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပထမနေ့မှာ အင်ဒိုနီးရှားက ပြောလိုက်ပါတယ်။ မြန်မာ့အကျပ်အတည်းအပေါ် ညီညွတ်ကြဖို့နှင့်တိုးတက်မှုရှိကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အာဆီယံရဲ့ ၂၀၂၃ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားက အလှည့်ကျတာဝန်ယူတာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာတော့ အာဆီယံ ခေါင်းဆောင်တွေအစည်းအဝေးကျင်းပဖို့ရှိပါတယ်။ အဲဒီအစည်းအဝေးကို ပုံမှန်အားဖြင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ တက်ရောက်ကြပါတယ်။
Source AFP
#ASEAN
#ASEAN_FMs_Meeting_Jakarta
#ASEAN_Indonesia
#Local_News
Published_3 February 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဇန်နဝါရီလ ၂၀ ရက်အထိကို မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅ ဘီလီယံကျော်ရရှိထားပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးက အများဆုံး ကုန်သွယ်မှုပြုလုပ်ထားတာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_3 February 2023
ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်အတွင်း ကြက်သွန်ဈေးကွက်ဟာ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_3 February 2023
မြို့တွင်းပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းများ တစ်စီးနဲ့တစ်စီးကျော်တက် မောင်းနှင်တဲ့ယာဉ်တွေကို ဖေဖော်ဝါရီတစ်ရက်ကနေစတင်ပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 3 February 2023
၁။ ကျော်တက်မောင်းနှင်သည့် YBS ယာဉ်များအား စတင်အရေးယူဆောင်ရွက်နေဟုဆို
၂။ ကြက်သွန်ဈေးကွက် အရောင်းအဝယ်အေးနေ
၃။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ထီးခီးနယ်စပ်ဂိတ်မှ အများဆုံးကုန်သွယ်ထား
၄။ အမေရိကန်သမ္မတများ စီးတော်ယာဉ်ဖြစ်ခဲ့သည့် ဘိုးအင်း 747 အမျိုးအစား လေယာဉ်များထဲမှ နောက်ဆုံးအစီးကိုပေးပို့ပွဲပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 February 2023
ဖေဖော်ဝါရီလထဲမှာ ရန်ကုန်အပါအဝင်ဒေသအချို့မှာ မနက်ပိုင်းမြူကျဆင်းတာ၊ မြူထူထပ်တာတွေ ပိုလာနိုင်တဲ့အတွက် အဝေးမြင်တာအားနည်းပြီးလေယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်တွေ မတိုက်မိအောင်သတိထားဖို့လိုတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 3 February 2023
နေပြည်တော်ရှိ ဈေး ၃ ခုတွင် ရောင်းချနေသည့် စျေးဆိုင်ခန်း ၅၅ ခန်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကော်မတီပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
နေပြည်တော်ရှိ ပုဗ္ဗသီရိဈေး၊ အောင်ဇဗ္ဗူဈေးနှင့် ဒက္ခိဏသီရိဈေးတို့တွင် ယာယီချိတ်ပိတ်ထားသည့် ဈေးဆိုင်ခန်း ၅၅ ခန်းကို ပြန်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးဆိုင်ခန်းများသည် အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ခန်းဖွင့်လှစ်ခြင်းမရှိဘဲ ဆိုင်ခန်းငှားရမ်းခများ ပေးသွင်းရန် ပျက်ကွက်နေခြင်းကြောင့် ယခုလို ယာယီပိတ်သိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဆိုင်ခန်းပိုင်ရှင်တွေအနေဖြင့် ဆိုင်ခန်းပြန်လည်ဖွင့်လှစ်လိုပါက လာမည့် ၂၈ ရက် နောက်ဆုံးထားပြီး စည်ပင်သာယာ ဈေးများဌာနကို ဆက်သွယ်လျှောက်ထားကာ အခွန်အခအကြွေးကျန်တွေ၊ ဒဏ်ကြေးငွေများပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1179 of 1934