#Local_News
Published_ 7 February 2023
အခုရက်ပိုင်းအတွင်း အေးခဲတဲ့ ကချင်ပြည်နယ်၊ ခေါင်လံဖူးဒေသနေဒေသခံတိုင်းရင်းသား(၅၀၀)ကျော်အတွက် အနွေးထည်တွေ၊အဝတ်အထည်တွေနဲ့ သနပ်ခါးဗူးတွေလှူခဲ့ဒါန်းနိုင်ခဲ့တယ်လို့ အကြီးကိုကိုဖောင်ဒေးရှင်းဥက္ကဌ စာရေးဆရာအကြီးကိုကိုက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 7 February 2023
မန္တလေးရွှေချည်ထိုးလုပ်ငန်းအကြောင်း၊ ရေစက်သွန်းဓလေ့နဲ့ထိန်းမြန်းမင်္ဂလာဓလေ့တွေ အကြောင်းကို သုတေသနပြုလုပ်ထားပြီး သမိုင်းသုတေသနစာတမ်းဖတ်ပွဲကျင်းပသွားဖို့ရှိတယ်လို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 7 February 2023
၁။ မန္တလေးရွှေချည်ထိုးလုပ်ငန်းနှင့် ရေစက်သွန်းဓလေ့များအကြောင်းသုတေသနပြုစာတမ်းဖတ်မည်
၂။ အေးခဲသည့် ခေါင်လံဖူးဒေသနေ ဒေသခံ(၅၀၀)ကျော်အတွက် အနွေးထည်များလှူဒါန်းခဲ့
၃။ စားအုန်းဆီကို ဈေးကစားဖို့ ရည်ရွယ်ချက်နှင့်သိုလှောင်ထားပါက ဥပဒေအရအရေးမည်
၄။ လစ်ဗျားနိုင်ငံတွင် ပဋိပက္ခများရန်မှ ငြိမ်းချမ်းလာသည့် အိုအေစစ်မြို့တွင် ရိုးရာလက်မှုပစ္စည်းများပြသရောင်းချ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 7 February 2023
ထိုင်း-မြန်မာနယ်စပ်အနီး တာ့ခ်ခရိုင်ထဲမှာနေတဲ့ မြန်မာမိသားစုထဲက အသက် ၁ နှစ် ၇ လ အရွယ် မြန်မာကလေးငယ်တစ်ယောက်ဟာ အဝီစိတွင်းထဲကို ပြုတ်ကျသွားခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 7 February 2023
မက္ကဒေးမီးယားကို စိုက်ပျိုးရာတွင် ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများအသုံးမပြုဘဲ အော်ဂင်းနစ်စနစ်ဖြင့်စိုက်ပျိုးပါက ကမ္ဘာ့ဈေးကွက်အထိ မြန်မာ မက္ကဒေးမီးယားသည် ယှဉ်ပြိုင်ထိုးဖောက်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
မြန်မာနိုင်ငံသည် မက္ကဒေးမီးယားစိုက်ပျိုးနိုင်သည့် ဒေသရာသီဥတုနှင့် ကိုက်ညီသော မြေယာများစွာရှိသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မက္ကဒေးမီးယားစိုက်ပျိုးမှုများကို တိုးချဲ့ စိုက်ပျိုးလျက်ရှိတယ်လို့ဆိုပါတယ်။
မဲခေါင် - လန်ချန်း ဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအထောက်အပံ့ဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အထူးရန်ပုံငွေအစီအစဉ်ဖြင့် မြန်မာမက္ကဒေးမီးယားပြပွဲ (Myanmar Macadamia Fair) ကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ပြင်ဦးလွင် မြို့တော်ခန်းမ၌ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြန်မာမက္ကဒေးမီးယားပြပွဲတွင် မက္ကဒေးမီးယားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ စာတမ်းဖတ်ကြားခြင်း အစီအစဉ်များလည်း ထည့်သွင်းထားပြီး မြန်မာ မက္ကဒေးမီးယားစိုက်ပျိုးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများ၏ ပြခန်းများ၊ မက္ကဒေးမီးယား ထုတ်ကုန်ပြခန်းများ၊ မက္ကဒေးမီးယား အခြောက်ခံစက်ပြခန်းများ စုံလင်စွာခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။
မြန်မာမက္ကဒေးမီးယားပြပွဲသို့ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တောင်သူများ၊ မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၊ မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ စိတ်ဝင်စားသူပြည်သူများ တက်ရောက်လေ့လာခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 7 February 2023
ဖေဖော်ဝါရီလ မနက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ MPT ရဲ့ MPT mobile data၊ MPT Wifi တွေ ပြတ်တောက်နေတာပါ။
အခုလိုဆက်သွယ်ရေးလိုင်းတွေ အင်တာနက်လိုင်းတွေပြတ်တောက်မှုတွေကို အရင်အတိုင်းပြန်လည် အချိတ်ဆက်မိဖို့အတွက် မြန်မာ့ဆက်သွယ်လုပ်ငန်းကတာဝန်ရှိသူတွေ လုပ်ဆောင်နေပြီး အမြန်ဆုံးပြန်လည် ကောင်းမွန်စေဖို့လုပ်ဆောင်နေတယ်လို့ MPT ဆက်သွယ်ရေးအော်ပရေတာရဲ့တရားဝင်လူမူကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် ရန်ကုန်တိုင်းကအတွင်းက MPT ဆက်သွယ်ရေးကွန်ယက်အသုံးပြုသူတွေ အင်တာနက်တွေ ပြတ်တောက်နေတာပါ။
#ymg/ynzw
#Yangon_Media_Group
#Local_News
Published_ 7 February 2023
ထိုင်းနိုင်ငံရှိမြန်မာလုပ်သားများအား နိုင်ငံကူးလက်မှတ်သစ်များ ပြုလုပ်ပေးရန် လုပ်ငန်းခွင်ထိသွားရောက်၍ စာရင်းကောက်ယူနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
လူအင်အား ၁၀၀၀ နှင့်အထက်ရှိသော စက်ရုံများသို့ ထိုင်းနိုင်ငံအတွင်း စက်ရုံ၊ အလုပ်ရုံနှင့် ဆောက်လုပ်ရေးကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သက်တမ်းကုန်နိုင်ငံကူးလက်မှတ်များအသစ် ပြုလုပ်ပေးရေးအတွက် အရာထမ်း ၁၂ ဦးက မြန်မာသံရုံးမှ Mobile စက် ၂ စုံနှင့်အတူ ဇန်နဝါရီလ ၃၀ ရက်က စတင်၍ သွားရောက်ကာ အချက်အလက်ကောက်ယူနေခြင်းလည်း ဖြစ်သည်။
ယင်းစက်ရုံများမှာ ဖေဖော်ဝါရီလမကုန်မီ ပြီးစီးမည်ဖြစ်၍ နိုင်ငံကူးလက်မှတ်အသစ် လုပ်ပေးရမည့် မြန်မာလုပ်သား ၅၀၀ မှ ၁၀၀၀ အကြားရှိသော စက်ရုံများအနေဖြင့် သတ်မှတ်စာရင်း ပုံစံများအတိုင်း ပြုစုပြီး ကောင်စစ်အရာရှိ၊ သံရုံးသစ်တွင် တင်သွင်းနိုင်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်ရုံဝန်းအတွင်းနှင့် လုံခြုံမှုရှိသော ဆောက်လုပ်ရေးကုမ္ပဏီအဆောက်အဦ ပရဝုဏ်အတွင်း၌သာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်မည့် လုပ်သားအနည်းဆုံး ၅၀ ဦး ထိုင်၍ စောင့်ဆိုင်းနိုင်ရန်ခန်းမ၊ စက်ပစ္စည်းနှင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမည့် ဌာနဆိုင်ရာ အရာထမ်းများအတွက် နေရာ၊ ဓါတ်ပုံရိုက်ရန်နှင့် စက်ပစ္စည်းအသုံးပြုနိုင်ရန် လျှပ်စစ်လိုင်းသွယ်တန်းမှု၊ အလှည့်ကျသူအား ခေါ်ထုတ်ပေးနိုင်မည့် စက်ရုံကိုယ်စားလှယ် ၂ ဦး လိုအပ်မည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် လျှောက်လွှာတင်သွင်းခြင်းကို ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း သိရသည်
#ymg/mt
#Yangon_Media_Group
Page 1172 of 1934