#Local_News
Published_ 8 February 2023
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတစ်ဦး၏ ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်ကောက်ရထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်၊၊
ကောက်ရထားသည့် ပတ်စ်ပို့သည် KO HAN Passport NO MC02472 ဖြစ်ပြီး ဂျပန်နိုင်ငံ Yukuhashi ရဲစခန်းမှ ကောက်ရထားခြင်းဖြစ်သည်၊၊
အဆိုပါ နိုင်ငံကူးလက်မှတ်ကို ဂျပန်နိုင်ငံ Yukuhashiရဲစခန်းတွင် ၂၀၂၃ခုနှစ် မေလ ၃ ရက် နောက်ဆုံးထားရွေးယူရန် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်အသိပေးထားခြင်း ဖြစ်သည်၊၊
ကာယကံရှင်အနေဖြင့် ၂၀၂၃ခုနှစ် မေလ၃ရက်မတိုင်မီ ရွေးယူရန် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ဌာနသို့ ဆက်သွယ်ရန် အသိပေးချက်ထုတ်ပြန် ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 8 February 2023
ညောင်ဦးမြို့နယ်ရှိ ရေနံတွင်း မီးလောင်မှုဖြစ်စဉ်အတွက် ရေနံခပ်လုပ်သားကို အမှုဖွင့်ထားကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တက်မရေနံမြေလုပ်ငန်းဧရိယာအတွင်း ဖေဖော်ဝါရီလ ၇ ရက် နံနက် ၂ နာရီ ဝန်းကျင်က ရေနံကျင်းအတွင်းမှ ရေနံစိမ်းများကို ခပ်ယူနေချိန် ရေနံငြမ်းစင်ပါ သံမူလီနှင့်ရေနံခပ်ခွက်ပါ သံကိုင်းတို့ထိခပ်မိရာမှ မီးပွားထွက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရေနံကျင်းလေးကျင်းကို ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် (၁ဝ×၁၀)ပေပတ်လည် သက်ကယ်မိုး၊ အကာမပါဆီခပ်တဲ ၃လုံး၊ ၅လုံး၊ ၂၂ ကောင်စီလင်းအင်ဂျင်ဟောင်း ၃ လုံး၊ စက်ကလပ်ခုံ ၃ လုံး၊ ၁၆ ကောင်ဂျင်ဒေါင်းအင်ဂျင်ဟောင်း ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းကြောင့် မီးလောင်မှုဖြစ်စေခဲ့သည်မှာ ပေါ့ဆမှုဖြစ်၍ ရေနံခပ် လုပ်သားအား စဉ့်ကူနယ်မြေရဲစခန်းမှ (ပ)၇/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 February 2023
ထိုင်းလေတပ်အဖွဲ့ဝင်များ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ ဖေဖော်ဝါရီ (၇)ရက်တွင် လာရောက်ဖူးမြော်ကြကြောင်း စေတီတော်ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
အဆိုပါဘုရားဖူးအဖွဲ့သည် WING COMMANDER JIRAPONG JINAIARN ထိုင်းလေတပ်လေယာဉ် TRADING MISSION မှ အဖွဲ့ဝင်များဖြစ်ပြီး အဖွဲ့ဝင်( ၁၅ )ဦးလာရောက်ခဲ့သည်ဟုဆိုသည်၊၊
ထိုင်းလေတပ်အဖွဲ့ဝင်များသည် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးရှိ မြတ်စွာဘုရား၏ ဆံတော်မြတ်၊ နန်းဦးဘုရားကြီးနှင့် ဘိုးဘိုးကြီးတို့အား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 8 February 2023
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေပြင်ကွင်းဆင်းပြီး လူဦးရေစားရင်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းမှာ ၉၉ ဒဿမ ၂၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီးဖြစ်တယ်လို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဌ လူဝန်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။
သို့သော် ရခိုင်ပြည်နယ်အတွင်းက အိမ်ထောင်စုစာရင်းမရှိသူများကို အလွှတ်ပုံစံများနဲ့ ကောက်ယူနေပြီ အိမ်ထောင်စုပေါင်း ၁ ဒဿမ ၄သိန်းကျော် ကောက်ယူထားပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးကောက်ယူရန် လျာထားတဲ့ အိမ်ထောင်စုများအနက် ၈၆ ဒဿမ ၇ရာခိုင်နှုန်း ပြီးစီးနေပြီလည်းဖြစ်တယ်လို့ဆိုပါတယ်။ မှန်ကန်တဲ့လူဦးရေအချက်အလက်ရမှသာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကို ပြုစုနိုင်မှာဖြစ်ပြီး တရားမျှတဲ့ အထွေထွေရွေးကောက်ပွဲပြုလုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်ရှိနေသေးတဲ့ လူဦးရေစာရင်းတွေကိုလည် ထပ်မံကောက်ယူဖို့ လုပ်ဆောင်နေပါတယ်။
အိမ်ထောင်စု စာရင်းအချက်အလက်တွေကို e-ID Software နဲ့အချက်အလက် ပြင်ဆင်ဖြည့်ဆွက်တဲ့လုပ်ငန်းစဉ်တွေနဲ့ အတည်ပြုထားတာဖြစ်ပါတယ်။ အိမ်ထောင်စုစာရင်းကောက်ယူခြင်းကိုဇန်နဝါရီလ ၉ ရက်နေ့ကနေ ၃၁ရက်နေ့အထိ ရက်ပေါင်း၂၀ ကြာပိတ်ရက်မရှိ ကောက်ယူထားတာပါ။ ၂၀၁၄ခုနှစ်က ကောက်ထားတဲ့ သန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုအကြောင်းအရာ အချက်တွေအရ မြန်မာနိုင်ငံအတွင်းမှာ အိမ်ထောင်စု စုစုပေါင်း ၁၁ သန်းကျော်ရှိတယ်လို့ အချက်အလတ်တွေအရ သိရပါတယ်။
#ymg/ynzw
#Yangon_media_group
#Local_News
Published_ 8 February 2023
ပြည်တွင်းစက္ကူလိုအပ်ချက်ကြောင့် ပြည်ပကနေတင်သွင်းနေတာပါ။ပြည်တွင်းမှာရှိတဲ့ စက္ကူစက်ရုံတွေ ပြန်လည်ပတ်ပါက နိုင်ငံခြားငွေအသုံးပြုမှုကို လျော့ချနိုင်မှာဖြစ်တယ်လို့ နစကဥက္ကဌ က ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ စက်မှုဝန်ကြီးဌာန ၊ သာပေါင်းအဆင့်မြင့် စက်က္ကူစက်ရုံကို သွားရောက်ကြည့်ရှုစဉ်က ပြောခဲ့တာပါ။
ပြည်တွင်းမှာ စက္ကလိုအပ်ချက်တွေများပြားနေပြီး ရုံး၊ ကျောင်း၊သတင်းစာတွေမှာ သုံးဖို့စက္ကူတွေကို ပြည်ပကနေတင်သွင်းနေရတာ ဖြစ်ပါတယ်။
ပြည်တွင်းစက္ကူစက်ရုံတွေ ပြန်လည်ပတ်ပါက ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက် စက်ရုံတွေအမြန်ဆုံးလည်ပတ်ဖို့ ဆောက်ရွက်ရမယ်လို့လည်း ဆိုပါတယ်။
စက္ကူပြုလုပ်ဖို့ လိုအပ်တဲ့ကုန်ကြမ်းတွေဖြစ်တဲ့ သစ် ဝါးစတဲ့စိုက်ခင်းတွေကိုလည်း စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်ပြီးတော့ စက်လည်ပတ်ဖို့လိုအပ်တဲ့စွမ်းအင်တွေကိုလည်း စက်ရုံပြန်လည်ပြင်ဆင်ပြီးပါက ထပ်မံတိုးချဲ့နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စက္ကူကုန်ကြမ်းဖြစ်တဲ့ ပျော့ဖတ်တွေကို ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းတွေမှာထုတ်လုပ်ပြီး စက္ကူစက်ရုံတွေကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။
#ymg/ynzw
#Yangon_media_group
#Local_News
Published _8 February 2023
စစ်ကိုင်းတိုင်းတွင် ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများအတွင်း အခြေပြုနေသည့် နစကဆန့်ကျင်အဖွဲ့များကို ချေမှုန်းနေကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အဖွဲ့များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကမ်းနံဘေးရှိ မိုးတားလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် စာသင်ကျောင်းများအတွင်းသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှစ၍ အခိုင်အမာဝင်ရောက်နေထိုင်နေကြခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းနေထိုင်သူများက ဧရာဝတီမြစ်တစ်လျှောက်သွားလာသည့် စက်လှေငယ်များနှင့် ရေလုပ်ငန်းဆောင်ရွက်သူများအားလည်းကောင်း၊ ရွှေကူ၊ မြို့လှ၊ ကသာလမ်းကြောင်းပေါ်ရှိ ကျေးရွာများမှ ပြည်သူလူထုများအားအဓမ္မတားဆီးစစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် ဒလန်စွပ်စွဲ၍ သတ်ဖြတ်ခြင်း စသည်တို့လုပ်ဆောင်နေကြောင်းကို ဒေသခံများက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်သတင်းပို့လာသဖြင့် တပ်မတော်စစ်ကြောင်း တစ်ကြောင်းက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး(Counter- Terrorism Operation)ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ(၇)ကြိမ် အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း နစကဆန့်ကျင်အဖွဲ့များက ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရားစေတီများ၊ ကျေးရွာစာသင်ကျောင်းများရှိသဲအိတ်ဘန်ကာများ၊ မြေအောက်ကတုတ်ကျင်းများအတွင်းမှ တပ်မတော်စစ်ကြောင်းကို အပြင်းအထန် ပြန်လည်ပစ်ခတ်ခြင်းနီးစပ်ရာ ဦးဆောင်လှုပ်ရှားနေသည့် အဖွဲ့များကဆိုင်ကယ်၊ ကားများဖြင့် အင်အား ဖြည့်တင်းလျက် ပြန်လည်ပစ်ခတ်ခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement -ROE)နှင့်အညီ တိကျစွာ လိုက်နာပြီး အရပ်သား ပြည်သူများကျေးရွာများရှိ အဆောက်အဦများ၊ စာသင်ကျောင်းများဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားစေတီ ပုထိုးများအား အတတ်နိုင်ဆုံးထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ချေမှုန်းရေးတွင် တပ်မတော် စစ်ကြောင်း များအချိန်အမှီစစ်ကူ ရောက်ရှိခြင်းနှင့် လေကြောင်းပစ်ကူရယူ တိုက်ခိုက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၂၂ ရက်တွင် နစက ဆန့်ကျင်ရေးအဖွဲ့က မိုးတားလေးကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးပြီး ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများပြီးဆုံးပြီးနောက် လှည့်လည်စစ်ဆေးခဲ့ရာတွင် အဆိုပါအဖွဲ့များက စာသင်ကျောင်းပရဝုဏ်အတွင်း သဲအိတ် ဘန်ကာများ၊ မြေအောက် အပစ်ကတုတ်ကျင်းများ အခိုင်အမာတည်ဆောက် ခုခံခြင်းစာသင်ခန်းများအတွင်း ပညာသင်ကြားနေသည့်ကလေးများ အသုံးပြုသည့် စာရေးခုံများကို အသုံးပြု၍ သဲအိတ်များဖြင့်ဘန်ကာသဖွယ် အခိုင်အမာစခန်း တည်ဆောက်ထားသည့်အပြင် အဓိကခုခံခဲ့သည့် ရွာဦးစေတီတော်ကုန်း တစ်ဝိုက်၌လည်း စေတီပုထိုးများ အကာအကွယ်ဖြင့် လည်းကောင်းသံဃာနှင့် ကပ္ပိယ အိပ်ဆောင် များ၌လည်းကောင်း၊ သဲအိတ်များစီ၍ ခုခံခဲ့သည့် အနေအထားတို့ကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းတို့ အသုံးပြုခဲ့သည့် ကျောင်းဝန်းအတွင်းနှင့် စာသင်ခန်းများ အတွင်းရှိ ဘန်ကာများနှင့် စေတီကုန်းတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာသူကျေးရွာသားများနှင့်အတူ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်း ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ စာသင်ကျောင်းနှင့် ကျေးရွာတစ်ဝိုက် မိုင်းရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 February 2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသို့ ဖေဖော်ဝါရီလ ၇ ရက်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဖူးမျှော်ကြည်ညိုခဲ့ကြောင်း သိရသည်။
စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကာ နစက ဥက္ကဌ ကစေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများကလက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းနောက် စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသာမက ပုသိမ်မြို့ရှိအခြားသောဘုရား၊ စေတီများကိုလည်း ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် ထိန်းသိမ်းကြရန်နှင့်အခြားလိုအပ်ချက် ကိစ္စများကို လုပ်ဆောင်ရန် မှာကြားခဲ့ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
Page 1170 of 1934