#Local_News
Published_ 15 February 2023
ပြည်တွင်းမှာ ကြက်သွန်နီဈေးနှုန်းတည်ငြိမ်စွာနဲ့ ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးနေတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝန်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 15 February 2023
လတ်တလောမှာ YBS ယာဉ်တွေအနေနဲ့ CNG အခက်အခဲကြောင့် CNG တန်းစီရတဲ့ အချိန်တွေများနေပြီး ပြေးဆွဲပေးရတဲ့ အချိန်နည်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 15 February 2023
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၈၅၄ ဒေါ်လာအထိ ဈေးပြန်ကျလာပြီး ဈေးအနည်းငယ်တည်ငြိမ်နေပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ အနည်းငယ်ပြန်ကျလာတဲ့အတွက် ပြည်တွင်းရွှေဈေးဟာလည်း အကယ်ဒမီ အခေါက်ရွှေ ၂၁ သိန်း ၈သောင်းကျော် သတ်မှတ်ထားပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 15 February 2023
၁။ ပြည်တွင်းရွှေတွင်းတွေ ရွှေအထွက်များနေပြီး ရွှေအထည်ပြတ်တွေရောင်းချမှုများလာ
၂။ YBSယာဉ်များ CNG အခက်အခဲကြောင့် ပြေးဆွဲပေးရသည့်အချိန်နည်းနေ
၃။ မြန်မာ့ကြက်သွန်နီကို ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်မည်
၄။ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိခွေးအဖြစ်ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်ခဲ့သည့် အသက်(၃၀)နှစ်အရွယ်ခွေးဘိုဘီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published-15 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၃ နာရီခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ တိုက်ခန်းနေသူများ ကြောက်လန့်၍ တိုက်ခန်းများပေါ်မှ တွဲခိုဆင်းကြသည့် ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
အဆိုပါ မီးလောင်မှု ဖြစ်ရာနေရာသို့ Level 1 ယာဉ်အုပ်စု ထွက်ခွာ၍ ငြှိမ်းသတ်ခံရကာ ညနေ ၃ နာရီ ခွဲခန့်တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းမီးလောင်မှုကြောင့် ဒဏ်ရာရ လူနာ ၄ ဦး နှင့် အမျိုးသမီးတစ်ဦး မီးဟတ်ခံရကြောင်းလည်း ရန်ကင်းမြို့နယ် ပရဟိတလူငယ်များ ပရဟိတအသင်း က လူမှုကွန်ရက်တွင် ရေးသားထားသည်။
"မီးလောင်တာက နည်းပါတယ်။တိုက်ခန်းဖြစ်နေတော့ မီးခိုးတွေထွက်တာကြောင့် အသက်ရှုရခက်တာတွေတော့ ရှိခဲ့ကြတယ်လို့သိရတယ်။ဒါပေမဲ့ အန္တရာယ် ဖြစ်တာမျိုးထိ မီးခိုးမွှန်တာ မရှိခဲ့ဘူး။တိုက်ခန်းမှာနေတဲ့ လူတွေကတော့ကြောက်လန့်ပြီးတော့ ဝရံတာက ကျော်ချတာ၊တွဲဆင်းတာ၊လှေကားနဲ့ ဆင်းတာတွေ ရှိခဲ့တယ်။ဒါကလည်း အန္တရယ်ရှိတယ်၊မြန်မာနိုင်ငံမှာ ဒီလို သဘာဝဘေးတွေနဲ့ ပတ်သက်ရင် အများပြည်သူကို ပညာပေးတာတွေ လုပ်ထားသင့်တယ်လို့ မြင်ပါတယ်"ဟု ရပ်ကွက် နေသူတစ်ဦးကပြောသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 15 February 2023
ခရီးသွားပြည်သူတွေ ဘေးကင်းစေဖို့ရည်ရွယ်ပြီး ဘေးကင်းအောင်ဆောင်ရွက်ထားတဲ့ သဗ္ဗာန်တွေသာ ရန်ကုန်မြစ်ကြောင်းအတွင်း မောင်းနှင်ခွင့်ပြုတော့မယ်လို့ သဗ္ဗာန်သမားတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-15_February-2023
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင်ရှိသော အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကို ယခုဖေဖော်ဝါရီလကုန်တွင် ပုဂ္ဂလိကသို့လုပ်ငန်းအပ်နှံတော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က သိရသည်။
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၁) တည်ဆောက်ရေးမှ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသော အဆိုပါ စီမံကိန်းဧရိယာအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အပ်ငွေလုပ်ငန်းစနစ်ဖြင့် တာဝန်ယူတည်ဆောက်ပေးနေသည့်ပင်မတမံ မြေကြီး၊ ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ရေလွှဲစနစ်လုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီးကျောက်သား တူးဖော်ခြင်းလုပ်ငန်းနှင့် စီမံကိန်းအတွင်း အလယ်ပေါင်းလောင်းမြစ်ကူး တံတားတို့မှာ တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းပြီးစီးမှုများမှာ စီမံကိန်းတစ်ခုလုံး၏ ရှစ်ရာခိုင်နှုန်းခန့် ဖြစ်ပြီး အဆိုပါ ရှစ်ရာခိုင်နှုန်းခန့်ပြီးစီးပါက ကျန်လုပ်ငန်းများကို IPP/BOT စနစ်ဖြင့် Pan Theingi Energy Co.,Ltd. အနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လုပ်ငန်းအပ်နှံရန် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
Pan Theingi Energy Co.,Ltd. အနေဖြင့် ယခုနှစ် ပွင့်လင်းရာသီလက်ကျန်ကာလအတွင်း ဆောင်ရွက်နိုင်မည့်လုပ်ငန်းများဖြစ်သည့် စီမံကိန်းချဉ်းကပ်လမ်း အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းလုပ်ငန်း၊ ရေလွှဲရေထုတ်ပြွန် ဆက်လက်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မတမံမြေကြီး၊ကျောက်သားတူးဖော်ခြင်းလုပ်ငန်းများ ကို အမြန်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စတင် ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1153 of 1933