#Local_News
Published_ 22 February 2023
ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်း တည်ရှိသော "ကန်ပိုက်တီ"မြို့၏ အမည်နာမ မှာ ကောင်းသော နိမိတ်မရှိဟုဆိုကာ "ကံပိုင်တည်" ဟု ပြောင်းလဲကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ(၁၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၁၀/၂၀၂၃)ဖြင့် အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ထားသည်။
တရုတ်ဘာသာစကားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ကန်းပိုင်တီ”၊ “ကန်း=ခြောက်သွေ့ခြင်း၊ ပိုင်= ပျက်စီးခြင်း၊ တီ=နေရာ”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသဖြင့် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ပါ “ကံ=ကံကောင်းခြင်း၊ ပိုင်= ပြည်ထောင်စုကပိုင်ဆိုင်ခြင်း၊ တည်=တည်ငြိမ်ခြင်း၊ တည်တံ့ ခြင်း၊ တည်ရှိခြင်း”ဟူသော ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည့် “ကံပိုင်တည်” ဟူသော အမည်ကို မြန်မာနိုင်ငံတစ်ဝန်းတစ်ပြေးညီသုံးစွဲနိုင်စေရန် အမည်ပြောင်းလဲ ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမည်ကို ပြောင်းလဲရန် မြို့နေပြည်သူလူထုများ၊ မြို့မိမြို့ဖများ၏ သဘောထားဖြင့် ကချင်အထူး ဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း က ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ သဘောထား ထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကန်ပိုက်တီမြို့သည် ယခင်က ဝိုင်းမော်မြို့နယ်၊ ဝေါ့ချုံးကျေးရွာ အုပ်စုအတွင်းပါဝင်သော ကျေးရွာငယ်တစ်ခုဖြစ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၆၅၃၄ ပေတွင် တည်ရှိကာ မြို့ဧရိယာမှာ ၂၀၈ ဒသမ ၅၉ စတုရန်းမိုင် ကျယ်ဝန်းကြောင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ “ကန်ပိုက်တီ”မြို့ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက်သုံးရပ်ကွက်ဖြင့် ဖွဲ့စည်းခဲ့ပြီး မြို့တစ်မြို့၊ ရပ်ကွက် သုံးရပ်ကွက်၊ ကျေးရွာအုပ်စုသုံးအုပ်စု၊ ကျေးရွာ ၃၀ တို့ဖြင့် ကန်ပိုက်တီမြို့နယ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့ကြောင်း ကန်ပိုက်တီ နှင့်ပတ်သက်သော မှတ်တမ်းများတွင် ဖော်ပြထားသည်။
ယင်းအပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဖြစ်စေရန် မြို့နယ်ခွဲ စကားရပ်ကို ပယ်ဖျက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်တွင် “မြို့”အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် “ကန်ပိုက်တီမြို့”အဖြစ်တည်ရှိလာခဲ့ခြင်း ဖြစ်သည်။
#ymg/ynzw #ကန်ပိုက်တီ#ကံပိုင်တည်#ဝိုင်းမော်
#YMG #Yangon_Media_Group
#Local_News
Publushed-22 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ (၁၂)ရပ်ကွက်၊ ဦးညီလှလမ်းတွင် အဆောက်အဦဆောက်လုပ်ရန်အုတ်မြစ်ချနေစဉ် မြေပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့် အချိန်က မြေပြိုကျမှု ဖြစ်စဉ်သတင်းရရှိသဖြင့် ခရမ်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ထိခိုက်ဒဏ်ရာရသော အမျိုးသား ၂ ဦးအား ခရမ်းကြက်ခြေနီအသင်းမှယာဉ်ဖြင့် ခရမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြကြောင်းနှင့် ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း သိရသည်။
#ymg/mt#ခရမ်းမြို့#မြေပြိုကျမှုဖြစ်ပွား
#Yangon_Media_Group#YMG
#Local_News
Publushed-22 February 2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အထည်ဂိုဒေါင်၌ ဖေဖော်ဝါရီလ ၂၁ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် Level 2 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
အဆိုပါ အထည်ဂိုဒေါင်မှာ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်၊ ရွှေကျင်ကွက်သစ်မြောက်ဘက်တွင် တည်ရှိပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များထွက်ခွာ၍ Level 1 အဆင့်ဖြင့် စတင် ငြှိမ်းငြိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှု များလာသောကြောင့် Level 2 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။
ယင်းမီးငြိမ်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူ အချို့အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးက ပြောသည်။
#ymg/mt
#Myanmar_Fire
#ပုသိမ်ကြီး
#Yangon_Media _Group
#YMG
#Local_News
Published_ 21 February 2023
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်မှာ မနေ့ည ၈ နာရီခွဲဝန်းကျင်က ဆေးလိပ်တိုစည်းကမ်းမဲ့ထားရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (မန္တလေး)က နေသိရပါတယ်။
#Yangon_Media_Group
#Crime
#Myanmar_Fire
#YMG
#Local_News
Published_ 21 February 2023
ပြည်ပကနေ လျှပ်စစ်သုံးယာဉ်များ တင်သွင်းလိုသူတွေအတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်၊၊
#Local_News
Published_ 21 February 2023
ဖေဖော်ဝါရီလ ၂၁ ရက်မနက်ပိုင်းမှာလည်း အကယ်ဒမီအခေါက်ရွှေပြင်ပပေါက်ဈေး ၂၈သိန်း ၅ သောင်း၇ထောင်ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။
#Local_News
Published_ 21 February 2023
YBSယာဉ်စီးခအဖြစ် တစ်ထောင်တန်ငွေစက္ကူအတုတွေထည့်ပြီး ပြန်အမ်းငွေ ကျပ် ၈၀၀ ပြန်ယူတာတွေများနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ YRTC မှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1138 of 1930