#Local_News
Published_ 24 February 2023
ရုပ်ရှင်သက်ကြီးကန်တော့ခံ ရှုမဝမောင်ယဉ်ထွေးသည်ဖေဖော်ဝါရီ(၂၃)ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအဝေးမှ သိရသည်၊၊
ရှုမဝမောင်ယဉ်ထွေးသည် ကွယ်လွန်သွားပြီဖြစ်သည့် ရုပ်ရှင်မင်းသမီး အကယ်ဒမီ ရှုမဝစမ်းစမ်းအေး၏ ခင်ပွန်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၈၂)နှစ်ရှိပြီဖြစ်သည်၊၊
ဖေဖော်ဝါရီ(၂၃)ရက်နေ့လယ်၁၁နာရီအချိန်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ(၂၅)ရက် နံနက် ၁၀နာရီတွင်ရေဝေး၌သဂြိုဟ်သွားမည်ဖြစ်ကြောင်းသိရသည်။
#ymg/tthl #ရူမဝစမ်းစမ်းအေး #ရုပ်ရှင်သက်ကြီးကန်တော့ခံ #ရှုမဝမောင်ယဉ်ထွေး #YMG #Yangon_Media_Group
#Local_News
Published_ 24 February 2023
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအားပြန်လည်ကျင်းပနိုင်၍ အနိုင်ရပါတီအား နိုင်ငံတော်တာဝန်ပြန်လည်လွဲအပ်ရေး အကောင်ထည်ဖော်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်ကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည်နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့အခွင့်ရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုရာတွင် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရမှာဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံရေးပါတီများအတွက် လုံလောက်သည့် အချိန်တစ်ခုပေးရန် လိုအပ်သေးကြောင်း နစကဥက္ကဌကပြောကြားလိုက်သည်။
ရွေးကောက်ပွဲကျင်းပရင်းတွင် ခြိမ်းခြောက်မှုမရှိပဲ ဖိအားကင်းစွာ မဲပေးနိုင်မှသာ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်လာနိုင်မှာဖြစ်ကြောင်း ပြောဆိုထားသည်။
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပရာတွင် တချို့သော်မဲဆန္ဒနယ်များမှာ ခြိမ်းခြောက်မဲပေးမှုများရှိခဲ့တယ်လို့ လည်းဆိုသည်။တိုင်းပြည်တည်ငြိမ်မှုရရှိအောင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အခြေခံသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နစကအနေနှင့်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့်ဆွေးနွေးရာတွင် ၎င်းတို့၏ လိုလားချက်များ သဘောထားများကို နိုင်ငံတော်အတွက်ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့် ချိန်ထိုးပြီး တပ်မတော်အနေနှင့် အကောင်ထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဌ ကပြောဆိုလိုက်သည်။
#ymg/ynzw #Local_News #ရွေးကောက်ပွဲ #အနိုင်ရပါတီ #ဥပဒေနှင့်အညီ #YMG #Yangon_Media_Group
#Local_News
Published_ 24 February 2023
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ မော်စကိုအစိုးရနှင့် Grandpa Durov’s Corner Animal Theatre တို့ပူးပေါင်း၍ ဖေဖော်ဝါရီ (၂၂) ရက်တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါအခမ်းအနားတွင် မြန်မာ့ဆင်လိမ္မာ ဖျော်ဖြေပွဲနှင့် အဆိုပါဆင်ငယ်လေးများ အား ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ပုံ၊ ထိန်းသိမ်း၊ စောင့်ရှောက်၊ လေ့ကျင့်ပေးပုံများ စသည့် မှတ်တမ်းဓာတ်ပုံပြပွဲကို မော်စကိုမြို့ရှိ Grandpa Durov’s Corner Animal Theatre တွင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အခမ်းအနားတွင် မော်စကိုအစိုးရအဖွဲ့ ဝန်ကြီးနှင့် မော်စကို နိုင်ငံခြားစီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနအကြီးအကဲ H.E. Mr. Sergey Cheremin ၊ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ တတိယအာရှဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay Nozdrev နှင့် Grandpa Durov’s Corner Theatre မှ အနုပညာဆိုင်ရာ ဒါရိုက်တာ Mrs. Natalia Durova တို့မှ နှုတ်ခွန်းဆက် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။
ဖျော်ဖြေရေးအစီအစဉ်များကျင်းပရာတွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ပေးအပ်ခဲ့ သည့် အသက် (၁၀)နှစ်ခန့်အရွယ် မြန်မာ့ဆင်လိမ္မာလေးများနှင့် အခြား တိရစ္ဆာန်ငယ်လေး များမှ အက၊ အလှ၊ သဘာဝ တို့ဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်း လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #မြန်မာ-ရုရှား #(၇၅)နှစ်ပြည့်
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေရရှိမှုတွေများနေတဲ့ ITPEC စာမေးပွဲတွေကို လာမယ့်ဧပြီလ (၃၀)ရက်မှာ ပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ သိရပါတယ်၊၊
#Local_News #IT #Exam
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
အခြေခံပညာကျောင်းတွေမှာ ဝိဇ္ဇာတွဲယူသူတွေနည်းပါးတဲ့အတွက် ဝိဇ္ဇာတွဲသင်ကြားပေးမယ့် ကျောင်းတွေရှားပါးလာတဲ့အတွက် ဝိဇ္ဇာတွဲယူထားတဲ့ တက္ကသိုလ်ဝင်တန်းဖြေမယ့် မျက်မမြင်ကျောင်းသားတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်၊၊
#Local_News #ဝိဇ္ဇာတွဲ #မျက်မမြင်ကျောင်းသား
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၂၇ သိန်း ၉ သောင်းနဲ့ ရောင်းချပေးဖို့ ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်တွေကိုမေတ္တာရပ်ခံထားပေမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ပြင်ပရွှေပေါက်ဈေးကတော့ ၂၈ သိန်း ၅ သောင်းဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။
#Local_News #Gold #Market_Price #မီးလင်းအခေါက်ရွှေ
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
တက္ကသိုလ်ဝင်စာမေးပွဲအတွက် ညပိုင်းစာကြည့်ချိန် ညနေ(၅)နာရီမှ(၁၀)နာရီအတွင်း အများပြည်သူအုပ်စုအတွင်းမှ ဓာတ်အားသုံးစွဲနေသည့် လုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားနဲ့ လုပ်ငန်းတွေဆောင်ရွက်ခြင်းမပြုရန် အသိပေးပန်ကြားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #Exam #Education #လျှပ်စစ်ဓာတ်အား
#YMG #Yangon_Media_Group
Page 1134 of 1930